''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Tuesday, April 29, 2008

Japan police violence to Democratic at voting in Tokyo (3)



ဂျပန် မှာ ရှိ တဲ့ မြန်မာသံရုံးရှေ မှာ ဆန္ဒမဲ့ပေးနေတုန်း ဖြစ်တဲ့ အဖြစ်အပျက်လေး တွေကိုတဆင့် ပြန် တင်ပြတာပါ။
YN

Japan polices violence to Democratic at voting in Tokyo(2)



ဂျပန် မှာ ရှိ တဲ့ မြန်မာသံရုံးရှေ မှာ ဆန္ဒမဲ့ပေးနေတုန်း ဖြစ်တဲ့ အဖြစ်အပျက်လေး တွေကိုတဆင့် ပြန် တင်ပြတာပါ။
YN

Monday, April 28, 2008

Japan polices violence to Democratic at voting in Tokyo(1)

ဂျပန် မှာ ရှိ တဲ့ မြန်မာသံရုံးရှေ မှာ ဆန္ဒမဲ့ပေးနေတုန်း ဖြစ်တဲ့ အဖြစ်အပျက်လေး တွေကိုတဆင့် ပြန် တင်ပြတာပါ။
YN

ဒီ ဘလော့လေးလုပ်ဖြစ်ထားတာတော့ အတော်ကြာပါပြီ... ဒါပေမဲ့ အခုမှဘဲ ပြန်ကိုင်ဖြစ်တယ်။ ၀ိုင်းအကြံပေးကြပါဦး။
ရဲနိုင်

အချောင်ဘ၀ ကလွတ်မြောက်ခြင်း

ကျနော်ကြားနေကျ စကားတွေဘဲလေ၊ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုခွင်တွေ ရလာနိုင်တယ် ဘယ်သူ့ကိုဘယ်လို ကပ်သင့်လဲ၊ ဘယ်လိုမြှောက်ပင့် ပြောဆိုသင့်တယ် ဆိုတာတွေပေါ့။ ဒါကျနော်ကျင်လည် ခဲ့ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ စကားတွေဘဲ။ ကျနော် အစိုးရ၀န်းထမ်းတစ်ယောက်ပါ စက်ရုံတစ်ရုံမှာ ဌာနငယ်လေး တစ်ခုကို အမည်ခံ အုပ်ထိန်းရင်လုပ်ကိုင်ခဲ့ ပါတယ်။

ကျနော်တို့ဟာ ငယ်ရွယ်တက်ကြွတဲ့ လူငယ်ခေါင်းဆောင်တွေလို့ သူတို့အမြဲတမ်းပြောတယ်။ တက်ကြွစွာနဲ့ လုပ်ဆောင်ကြတဲ့ ကျနော်တို့တွေဟာ အရက်သမားမဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲထိန်းနေရတယ်။ အဲဒီကြားထဲကဘဲ အရက်သမားအများစု ဟာ သူတို့ပြောတဲ့ လူငယ် ၀န်ထမ်းလေးတွေဖြစ်လာတယ်။ ခွင်တည့် လို့သောက်ဖြစ်တယ်၊ စိတ်ညစ်လို့သောက်ဖြစ်တယ်၊ ပင်ပန်းလို့သောက်ဖြစ်တယ်။ ခွင်တည့်တော့လည်း (နည်းတဲ့သူတွေက သူ့အသိုင်းဝိုင်းတွေကိုပြုစု၊ ခွင်ကြီးကြီးတည့်တဲ့သူတွေကလည်း အထက်အရာရှိတွေကို ပြုစု၊ နောက်ခွင်တွေရလာအောင် လက်ဆောင်တွေပေးနဲ့ပေါ့) သက်ဆိုင်သူတွေကိုပြုစုရင်းနဲ့ သောက် ဖြစ်ကြပြန်တယ်။ မလောက်မငှနဲ့ အကြွေးတွေက၀ိုင်း၊ ထမင်းနှပ်မှန်ဖို့တောင်စဉ်းစားနေရတယ်၊ ဒီနေ့ လခ ထုတ် မနက်ဖြန် အကြွေးဆပ် ဒါနဲ့ဘဲ အကြွေးသံသယာလည်၊ ဒီကြားထဲ အပိုချိန် နှစ်နာရီထိဆင်း (နိုင်ငံတော် တိုးတက်ဖို့လို့တော့ပြောတာဘဲ) ရတဲ့ရက်တွေရှိတော့ လူကပိုပင်ပန်းလာတယ်။ အဲဒီလိုနဲ့ စိတ်ညစ်တာနဲ့ ပင်ပန်းတာ နှစ်ခုပေါင်းပြီး သောက်ဖြစ်ပြန်ရော။ ဒိလိုနဲ့ တလမှာ ရက်(၃၀)(၃၁) ရက် ရှိတာကို ဟိုဘက်လထဲ တစ်ရက်ချီးပြီး (၃၁) (၃၂) ရက်ထိသောက်ဖြစ်သွားရော။ ဒါနဲ့အရက်သမားလို့ အခေါ်ဘဲ ယာမကာ လုလင် လေးတွေ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ကျနော်တို့နိုင်ငံ အတော်ကို တိုးတက်တာဘဲ။

ကျနော်တို့ အသက် (၂၅) (၂၆) ဆိုတော့ လူငယ်လို့ ပြောလို့ရမယ်ထင်တယ်။ ကျနော်တို့ဟာ ကျနော်တို့ အသက်ရဲ့ လေးပုံ သုံးပုံကျော်ထိ ကို ကျောင်းတက်တာနဲ့ပဲ အချိန်ကုန်တယ်။ ကျနော်ဆို (၂၁) (၂၂) ထိ ပညာရေး မှာဘဲ နှစ်မြုပ်နေ ခဲ့တယ်။ မိဘတွေကလည်း မရှိတဲ့ ကြားက ပွန်းရတာဆိုတော့ အတော်လေးကို ပဲ့ကုန်တယ်။ တက်ကြွတဲ့ ကျနော့်လို လူငယ်ကပြန်ဖာထေး မပေးနိုင်ခဲ့ဘူး။ ပညာရေးထဲ နှစ်မြုပ်နေလို ဘယ်လို စီးပွားရေမှာမှ မကျွမ်းကျင်ဘူး ဖြစ်နေတယ်။ အမိနိုင်ငံတော်ကြီးကိုဘဲ ယုံကြည်စွာနဲ့ပဲ အားကိုးပြီး စက်မှု ကျောင်းတစ်ခုရဲ့ ဒီပလိုမာနဲ့ ဘ၀ကျောင်းဖို့ စိတ်ကူယဉ်ခဲ့တယ်။ တကယ်လည်း လုပ်ဖြစ်တယ်။ အစိုးရ၀န်ထမ်း ဖြစ်ရောဆိုပါတော့၊ ဘယ်လိုလဲ။

ဒီရဲ့လခ ဒီရဲ့ လုပ်စာလေးတွေကို မျှော်ကိုးပြီး လုပ်နေတဲ့ သူတွေ၊ ဘာစီးပွားရေးမှ မလုပ်တတ်တဲ့ ကောင်တွေ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုက မလုံလောက်မှုမရှိတော့ ငတ်ကုန်ကြပြီလေ။ အပြင်အလုပ်ထွက်လုပ်ဖို့ကလည်း မဖြစ်နိုင်၊ အချိန်က မရ နေ့ ည မအား ဒီထဲမှာဘဲ အာရုံစိုက်ပြီးလုပ်နေရတော့ အပြင်လောက နဲ့လည်း အဆက်ပြတ်၊ နက်သထက်နက်တဲ့ တွင်းမည်းကြီးထဲ ကျနေသလိုဘဲ။ လူဖြစ်နေတော့ အသက်ရှင်ချင်တယ်၊ အဲ့ဒီအတွက် အဟာရလိုတယ်၊ အဟာရ လုံလုံလောက်လောက်ရဖို့ အတွက် ခိုးတတ်လာတယ်၊ ခွင်တွေဖန်လာတယ်၊ ကြာလာတော့ လုပ်ငန်းအောင်မြင်ဖို့ထက် ကိုယ်ခွင်ရမဲ့ ဟာတွေကိုဘဲ လိုက်ရှာပြီး လုပ်လာကြတယ်။ ကိုယ့်အတွက် ငွေကြေးပေါပေါသီသီ ရမဲ့အလုပ်မျိုး၊ နေရာမျိုးမှာဘဲ လုပ်ချင်လာကြတယ်၊ ခွင်မကောင်းရင် မလုပ်ချင်တော့ဘူး ချောင်ခိုလာကြတယ်။ အဲဒီလို ခွင်မကောင်းတဲ့ အလုပ်မျိုး လုပ်ရရင်လည်း အပြည့်အ၀ လုပ်ကိုင်ချင်စိတ်မရှိတော့ဘဲနဲ့ အချောင်ခိုလာကြတယ်။ဒါနဲ့ စက်ရုံရဲ့အောင်မြင်မှုကလည်း ကျဆင်းလာတယ်။ (ဒါပေမဲ့ တနှစ် တနှစ်ရဲ့အောင်မြင်မှုကို ပြတဲ့အခါမှာ တော့ အမြဲတမ်း ၁၁၀% နဲ့ ၁၁၅% မှာရှိတယ်လို့ နိုင်ငံတော်ကိုတင်ပြတယ်။အင်မတန်မှ ကျွှမ်းကျင်သော နိုင်ငံပေတည်း။)

ဒါနဲ့ စက်ရုံကရတဲ့ပညာတစ်ခုပြရဦးမယ်။ နေရာတစ်ခုရဖို့အတွက် ကိုယ့်ကိုယ်လူကြီးတွေ ယုံကြည်အောင်လုပ် တဲ့နည်းတွေပါ။ ဒါကတော့ အဆင့်ဆင့်သော ကိုယ့်ထက်ကြီးတဲ့ အရာရှိတွေကို ကိုယ်ခိုးလို့ရတာတွေကိုခွဲပေး တာပဲ (လာဒ်ပေး လာဒ်ယူလုပ်တ်ာပေါ့)၊ ဒီအလုပ်က ဆရာတပည့်လက်ဆင့်ကမ်းတယ်လို့ ပြောစရာ မလိုဘဲ သူ့အလိုလို ဖြစ်နေတယ်၊ကျနော့်ဆရာတွေ သရုပ်ဆောင်ကောင်းလို့ ကျနော်လည်း သရုပ်ဆောင်တတ်လာ တယ်။ကျနော်ထက်ငယ်တဲ့ ကျနော်နောက်လိုက်တွေကလည်း ကျနော့်လိုဘဲ ပီပြင်လှပါပေတယ်။လာဘ်စားတဲ့ အကျင့်ကြီးကပြင်လို့မရတော့ပါဘူးကွာ ဆိုတဲ့ စကားကြီးက ကြားနေရတဲ့ စိတ်ဓာတ်ကျ စရာစကားတွေဘဲပေါ့။

လူကြီးခရီးစဉ်တစ်ခု အတွက်ပြင်ဆင်ချိန်အနည်းဆုံး (၃)ရက် နေ့ ည ခရီးစဉ်ပြီးတဲ့ အထိဘဲ။ ဘယ်လောက်ဘဲ အရေးကြီးတဲ့ လုပ်ငန်းပိုင်းတွေ ရှိပါစေ အထက်အရာရှိတွေကို မျက်နှာရဖို့ ရာထူးတိုးဖို့ အလုပ်တွေအားလုံးရပ် စက်ရုံအတွင်းသပ်သပ် ရပ်လှပအောင် ပြင်ဆင် (ကျန်တဲ့ အချိန်ဘယ်လိုဖြစ်ဖြစ်ပေါ့)၊ ပြီးရင်လူကြီးလာတဲ့ အထိ ရပ်စောင့်၊ ထိုင်စောင့်၊ အိပ်စောင့် ဘာမှမလုပ်နဲ့ အလှပြင်ဆင်ထားတာတွေ ကိုမပျက်စေနဲ့။ လူကြီးလေပြင်ဆင် ချိန် ပိုများလေဘဲ။ နေ့ ည ဘာမှမလုပ်ဘဲ ထိုင်စောင့်နေရလို့ နိုင်ငံ့ဝင်ငွေတွေကို အနည်းဆုံးတရက် (၆.၅)သိန်း နဲ့ အထက်ဟာ ဘာလုပ်ငန်းမှမဖြစ်ဘဲ အလှပြ သရုပ်ဆောင်တဲ့ဝန်ထမ်းတွေကို ပေးပြီးဖြုန်းတီးပြစ်တယ်။ ဒါစက်ရုံ တစ်ခုစာတည်းဘဲ တွက်ပြတာပါ။ ကျန်သေးတယ် လူကြီးတွေကို ဧည့်ခံ ကျွေးမွေးတဲ့ စရိတ်တွေ၊ ဌာနတစ်ခုချင်းစီကုန်တာ၊ အခြားစက်ရုံ ကကုန်တာတွေရော ပေါင်းလိုက်ရင် လူကြီးခရီးစဉ် တစ်ခုကို သိန်းရာဂ ဏာန်း နဲ့ ချီပြီးကုန်တယ်။ ရုပ်မြင်သံကြား မှာတော့ ဒီလူကြီးတွေအတော့်ကို ၀င့်ကြွားတယ်၊ ခေတ်မှီတိုးတက် သော နိုင်ငံတည်ဆောက်ရန် ခေတ်မှီလူကြီးများ၏ နည်းသစ်များနှင့် ဖြုန်းငွေ အဲလေ သုံးငွေများပေတည်း။

ရုပ်မြင်သံကြား နှင့် သတင်းစာများတွင် စက်ရုံ အလုပ်ရုံများ၊ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ၊ ဆေးရုံများ စသဖြင့် အတော်ပင် ကြည့်ရှုရန်ကောင်းလှသော်လည်း ၎င်းအရာများသည် အခွံနှင့် သရုပ်ဆောင်သူများနှင့်သာ ပြည့်စုံနေကြသည်။ စက်ရုံ အလုပ်ရုံ တိုင်းရဲ့ နှစ်စဉ် ဘတ်ဂျတ်များရှင်းလင်းရာ၌ ၁၁၀% နှင့် ၁၁၅% အောင်မြင်ပိုလျှံသည်။ အရည်အသွေးပြည့်မှီ သည် ဟုပြောကြသည်။ သို့သော် ဆေးချွတ်၊ တံဆိပ်ခွာ၍ ပြန် လည်ပြုပြင်ထားသောကြောင့် တရုတ်ပစ္စည်းများဟု မည်သူမှာမသိကြသည့်အပြင် လွန်စွာမှ လှပခိုင်ခံ့လှပေ သည်။ မပြည့် မှီသော စက်ရုံထုတ်လုပ်မှု အတွက် အခြားနေရာမှ၊ နိုင်ငံမှ ပစ္စည်းများ အစားထိုးပေးထားခြင် ကြောင့်အရည်အသွေးနှင့် အရေအတွက် ပြည့်မှီ အောင်မြင်ကြောင်းပြနိုင်၍ ရာထူးများတိုးကြပါသည်၊ ၀မ်းသာကြပါသည်။ လုပ်ငန်းပိုင်း မကျွမ်းကျင်သော်လည်း အင်မတန် မှ ထက်မြတ်သော ပြည်လိမ်ဉာဏ် ပိုင်သူများပေတည်း။

စက်မှုကောလိပ်နှင့် တက္ကသိုလ်များ နေရာအနှံ့ တွင်ရှိနေကြ၍ ၀မ်းသာမိသော်လည်း ငွေကြေးနှင့်ရောင်းဝယ် လာဘ်စားနေသော ပညာရေးဖြစ်နေခြင်း၊ အရည်အသွေးမပြည့်မှီသော ပို့ချသင်ကြားမှုများဖြစ်နေခြင်း၊ ခိုးချဖြေဆိုသောသူများနှင့် ပြည့်နေခြင်း၊ လွတ်လပ်စွာတွေးခေါ်လုပ်နိုင်ခွင့် စုရုံးခွင်မရှိခြင်း၊ စက်မှုကျောင်းပြီး သော်လည်း ဘာမှာမလုပ်တတ်ခြင်း၊ အစိုးရမှ လုံလောက်ဖူလုံသော လုပ်ငန်းများ ရှာဖွေမပေးနိုင်ခြင်း၊ ဘွဲ့ လက်မှတ်တစ်ခုကို ငွေနှင့် အချိန်ပေး၍ ၀ယ်ယူနေကြခြင်း သက်သက်သာဖြစ်နေခြင်းတို့ကြောင့် ယင်း တက္က သိုလ်၊ ကောလိပ်များသည် လှပသောအခွံသာရှိပြီး အနှစ်သာရမဲ့၍ စားမရသည့် ကျီးအာသီးနှင့် တူလှပေသည်။ သို့သော် ၎င်းမှာ စစ် အစိုးရမှ အင်မတန် ဂုဏ်ယူသောပညာရေးစနှစ်ကြီးပေတည်း။

၎င်းတို့ ဂုဏ်ယူသော အချက်တစ်ထပ်ပြောကြည့်ချင်သည်။ ကိုယ်ပိုင်ကားများစီး ၍ ၎င်းတို့ ဂုဏ်ယူဝံ့ကြွားစွာပြောကြခြင်းပါ။ စက်ရုံ သာယာစိုပြေရန် ပန်ခြံ၊ ပန်ခင်း၊ သစ်ပင်များအား အလုပ်ဖျက်၍ စိုက်ကြ၊ ပျိုးကြ နှင့် မည်သည့် ဥယာဉ်မှူး၊ အလုပ်သမားများမှ ခေါ်ယူလုပ်ကိုင်စေခြင်းမရှိပါဘဲ နှင့် လုပ်ခမပေးရ သည့်စက်ရုံဝန်ထမ်းများအား ထုတ်လုပ်မှုရပ်၊ တခြားလုပ်ငန်များရပ်နားခိုင်း၍ စိုက်ပျိုးလုပ်ကိုင်ခိုင်သည်။ ၎င်းအတွက် ကုန်ကျစရိတ်မည်မျှတင်သည်ကို ကာယကံရှင် လူကြီးများသာလျှင် သိရပေသည်။ ရံဖန်ရံခါ စိတ် ကောင်းဝင်၍ စက်ရုံမှူး၊ အကြီးအကဲ မှ ၀န်ထမ်းများအား မုန့်ဖိုး ပဲဖိုးပေးပါက ထက်ဝက်လောက်သာလျှင် ၀န်ထမ်းများထံ အမှန်တကယ်ရောက်ရှိ၍ ကျန်ထက်ဝက်မှာ ရုံးအုပ်၏ ဘီယာဖိုး ဖြစ်သွားသည်ကများသည်။ စနှစ်တကျရှိလှ ပါပေသည်။ ကိုယ်ပိုင်းကားများ တ၀ီဝီစီး၍ ကြည့်ရှုသွားကြသည့် လူကြီးများ အတွက် စက်ရုံ လှ ပစိုပြေမှု နှင့် ထုတ်လုပ်မှု အတွက် ၀မ်းသာမဆုံး ကြည်နှူးမဆုံးဖြစ်ကြသော်လည်း၊ ခြေလျှင်လျှောက်ပြီးသွား နေရသောဝန်ထမ်းများအနေဖြင့် ဖိနပ်တွေ ပေါက်၊ ဗိုက်တွေဟောက်လို့ ကမ္မဋ္ဋာန်းရုပ်ပေါက်နေကြလေသည်။ ဒါကို သူတို့ (လူကြီးများ) မှ ‘ငါတို့ မြန်မာပြည်သားကွ’ ဟုကြွေးကြော်သွားကြသေးသည်။ တော်ပါပေသည်။

ကျနော်တို့ အချင်းချင်းလည်း စဉ်းစားမိကြသည် ပြောဖြစ်ကြသည်။ ဘာကြောင့် ကျနော်တို့နိုင်ငံ မတိုးတက်တာ လည်း၊ သာမန်ဝန်ထမ်းတွေဗိုက်ဟောက်ပြီး အထက်လူကြီးတွေ ဗိုက်ပေါက်မတတ်ဖြစ်နေတာ ဘာကြောင့် လည်း၊ အကျင့် လာဘ်စားမှု၊ ခိုးဝှက်မှု၊ လိမ်လည်လှည့်စားမှု၊ လုပ်ငန်းဆောင်ရွက်ရာ၌ ပီပြင်ခြင်းမရှိဘဲ အချောင်ခို ပေါ့ပေါ့ဆဆလုပ်လိုမှု၊ တစ်ဦးနှင့်တစ်ဦး ချောက်တွန်း လာဘ်ထိုး ၍ နေရာကောင်းတစ်ခု (ငွေ ကောင်းကောင်းရသည့်နေရာ) အတွက် လုပ်ဆောင်နေသော အချက်များက ဘာတွေလဲ၊ ဘယ်လိုလဲ၊ အဲဒါတွေ ပျောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မျိုးတွေ ကျနော်တို့ စဉ်းစားမိပြောမိ ကြတယ်။ နိုင်ငံရေးအကြောင်း သူတို့ အကြောင်းကောင်းကောင်းမသိတော့ ဘယ်လိုအဖြေထုတ်လို့ရမလဲဗျား။ အဲဒါကနေလွတ်မြှောက်ချင်တာ နဲ့ ‘အချောင်ဘ၀မှ လွတ်မြှောက်ခြင်း’ ခေါင်းစဉ်ကိုရေးလိုက်တာပါ။ သိချင်တယ်။ အဲဒီဘ၀ကလွတ်မြှောက်ခြင်း၊ ဒါမှ မဟုတ် တန်းတူညီမျှခြင်း ကိုဘာလို့ ခေါ်လဲ? လွတ်မြှောက်အောင် ဘယ်လိုလုပ်မလဲ? ဘာကြောင့် ဒီလိုတွေဖြစ်နေရ သလဲ? ဆိုတဲ့ မေးခွန်းတွေ ၀ိုင်းဝန်း အဖြေထုတ်ပြီး လုပ်ဆောင်ကြပါစို့၊ အချောင်ဘ၀ကရော ကျွန်ဘ၀ ကပါလွတ်မြှောက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့ဗျာ….။

မိုင်းအိုက်ဒျံတ်

Sunday, April 27, 2008

အမေ

အမေ- အမေရဲ့ မျက်ရည်တွေခန်းခြောက်ကုန် ပြီလား အမေ

အမေ- အမေ့ ရဲ့သားတွေအတွက် လွမ်းရလွန်းလို့ မလွမ်းတတ်တော့ဘူးလားအမေ

အမေ- အမေ့ သားတွေအတွက် စဉ်းစားရလွန်းလို့  ဆံပင်တွေဖြူကုန် ပြီလားအမေ

အမေ- အမေ့ ရင်ထဲ မှာသားတွေ အတွက် အပူရလွန်းလို့  မပူတတ်တော့တာလား အမေ

အမေ- အမေ့ သားတွေ ဆိုးသွမ်းလွန်းလို့ စိတ်ဆင်းရဲ နေလား အမေ

အမေ- အမေ့ သားတွေကို ဘယ်သူတွေလု ယူကုန်တာလည်း အမေ

အမေ- အမေ့ သားတွေကို သင်ပေးတဲ့ ပညာတွေကို ဘယ်သူတွေ ခိုးယူကုန်တာလဲ အမေ

အမေ- အမေ့သားတွေကို အဆံမပါတဲ့ ပညာတွေသင်ပေး ပြီး ဖေဖေ နဲ့ မေမေ ရှာတဲ့ ငွေတွေကို ဘယ်သူတွေညာယူသွားတာလဲ အမေ

အမေ- အမေ့သားကို လူဆိုးသူခိုးဖြစ်အောင် ဘယ်သူသင်ပေးတာလဲ အမေ

အမေ- အမေ့သားကို သူပုန်ကြီးဖြစ်အောင် ဘယ်သူတွန်းပို့ တာလဲ အမေ

အမေ- အမေ တို့ ကို အနီးကပ်မပြုစုနိုင်အောင် ဘယ်သူတွေကာဆီးနေလဲ အမေ

အမေ- အမေ့ ကိုနှိပ်ပေးနေတဲ့ လက်ချောင်းတွေကို ဘယ်သူတွေလု ယူသွားလည်း အမေ

အမေ- အမေ့ သားရဲ့ အတွေးတွေကို ဘယ်သူတွေ ကြမ်းအောင်လုပ်ပြစ်လည်း အမေ

အမေ- သားတို့ အတွက် မေမေ နဲ့ ဖေဖေ ရဲ့ ဆုံးမစကားတွေကို ဘယ်သူတွေ ကြားဖြတ်နားထောင်ကုန်တာလဲ အမေ

အမေ- သားတို့  ကိုပေးမဲ့ မေမေ့ရဲ့ ယုယနွေးထွေးမှုတွေကို ဘယ်သူတွေ ကြားဖြတ်ယူကုန်တာလဲ အမေ

အမေ- သားတို့ကိုသင်ပေးမဲ့ လောကကြီးရဲ့ချစ်ခြင်း တရားအကြောင်းတွေကို ဘယ်သူတွေဖျက်ဆီးပြစ်သလဲ အမေ

အမေ- အမေ့ ဆီက သားလိုချင်တဲ့ နုညံ့သိမ် မွှေ့မှုတွေကို ဘယ်သူတွေဖျောက်ပစ်တာလဲ အမေ

အမေ- အမေတို့ ဆံဖြူ သွားကျိုးသည့် တိုင်အောင် ကောင်းကောင်းနေ လို့  မရအောင်ဘယ်သူတွေလုပ်နေတာလဲ အမေ

အမေ- မေမေ နဲ့ ဖေဖေ တို့ရဲ့ ပညာတတ်တွေ မွှေးထုတ်ပေးတဲ့ စီမံကိန်းကို ဘယ်သူတွေဖျက်ဆီးပစ်တာလဲ အမေ

အမေ- သားတို့ရဲ့မိသားစုတကွဲ တပြားဖြစ်အောင် ဘယ်သူတွေလုပ်တာလဲ အမေ

အမေ- အမေ တို့ကို ဘုရားကျောင်းကန်ကောင်းကောင်း မတက်နိုင်အောင် ဘယ်သူတွေလုပ်တာလဲ အမေ

အမေ- အမေ့ စိတ်နှလုံအိမ်ထဲက အားလုံးကို ဘယ်သူတွေ ခိုးယူကုန်တာလဲ၊ လုယူကုန်တာလဲ၊ ဖျက်ဆီးကုန်လဲ၊ဖျောက်ဖျက်ကုန်လဲ၊

ကြားဖျက်ကုန်လဲ….. အမေ။

အမေ- အမေသူတို့ ဘယ်သူတွေလဲ သားတို့ကိုပြောပြပါလား အမေ

သားတို့သူတို့ဆီက ပြန်ယူရမယ် အမေ မရအရ ကိုပြန်လုယူရမယ် အမေ

သား အမေ့ ကိုလွမ်းတယ် အမေ။

အမေ့ သား

အေဒီ

(6-12-07 n 10;20)

''Against the cruel and stupid Regime with 'IT' ''