''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Monday, December 08, 2008

အမေ

- အမေ
စိမ်းပြာရောင်တောင်တန်း
နဲ့ အမေ့ ပါးတွန့်တွန့်လေးကို နမ်းဖို့ကျနော်ပြန်လာမယ်
- အမေ
ကောက်ပင်ကြား မြက်ယားတွေကို ရှင်းဖို့
ကျနော်ပြန်လာမယ်
- အမေ
နေ့တိုင်းကြွေးမွေးနေတာတောင် မှ ပိုင်ရှင်ကို ပြန်ကိုက်တဲ့ ခွေးတွေကို
သုတ်သင်ဖို့ ကျနော်ပြန်လာမယ်
- အမေ
အမေ့ မျက်ရည်တွေ နောက်မထွက် ရအောင်လို့
ကျနော်ပြန်လာမယ်
- အမေ
အမေ့ ရည်မှန်းချက်တွေ သားကိုယ်တိုင်မရခဲ့ ရင်တောင်မှ
တခြားသူတွေ ရအောင်လို့ ကျနော်ပြန်လာမယ်

ကျနော်ပြန်လာခဲ့ မယ် မေမေ...

ရဲနိုင်

Monday, December 01, 2008

ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆန့်ကျင်ရေး လူမျိုးပေါင်းစုံထံ ပန်ကြားချက်

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆန့်ကျင်ရေး ဟာယနေ့ ကာလရဲ့ အဓိကလုပ်ငန်းတာဝန် တရပ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ပီပြင်ပြတ်သားစွာ မလုပ်ဆောင်နိုင်ဘူးဆိုရင် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်သွားပြီး ကျနော်တို့ရဲ့စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ခရီးစဉ်ဟာ ရှည်လျားကွေ့ကောက်တဲ့ ခရီးစဉ်ကို ဖြတ်သန်းကြရလိမ့်မယ်။
ဒါကြောင့် စည်းလုံးနိုင်သမျှအင်အားစုမှန်သမျှနဲ့ စည်းလုံးပြီး (အနဖ) စစ်အုပ်စုကို ဆန့်ကျင် တိုက်ဖျက် သွားကြဖို့လိုပါတယ်။ မိမိတို့လုပ်ဆောင်နိုင်တဲ့ တိုက်ပွဲနည်းလမ်းမှန်သမျှနဲ့လည်း ထိထိ ရောက်ရောက် ဆန့်ကျင်သွားဖို့လိုအပ်ပါတယ်။ (အနဖ) စစ်အုပ်စု ကလည်း သူတို့ ခင်းထားတဲ့ လမ်းပြမြေပုံ အတိုင်းရူးရူးမိုက်မိုက် ဆက်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ကျနော်တို့ အင်အားစု ကလည်း စစ်အာဏာရှင် စနစ်ကို အကုန်အစင်တိုက်ဖျက်ပစ်ဖို့ ပိုင်းဖြတ်ထား ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုတ်ပေးလို့ မဖြစ်တော့ပါဘူး။
ဒါကြောင့် မဝေးလှတဲ့ အနာဂတ်မှာ စစ်အာဏာရှင်စနစ်ကတစ်ဖက်၊ စစ်အာဏာရှင်ဆန့်ကျင် ရေး အင်းအားစုများ ကတစ်ဖက် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ကြမဲ့ နိုင်ငံရေး အချိုးအကွေ့ သစ်တစ်ခုကို ကျနော်တို့ ဖြတ်သန်းကြရပါ တော့မယ်။
ဒါကြောင့် ယခုကတည်းက (အနဖ) စစ်အစိုးရက အတည်ပြုထားတဲ့ " ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)" ဆန့်ကျင်ရေး လုပ်ငန်းတွေကို တပြည်လုံး အနှံ့အပြားမှာ လုပ်ဆောင်သွားကြဖို့လိုအပ် ပါတယ်။
တကယ်တော့ (န၀တ- နအဖ) စစ်အစိုးရဟာ ၁၉၉၀ ပြည့်ရွှေးကောက်ပွဲရလာဒ်ကို ဖျက်ဖို့ စဉ်ဆက်မ ပြတ်ကြံစည်ခဲ့တာပါ။ အခုဟာကတော့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလာဒ်ကိုလည်းဖျက်၊ အမျိုးသားဒီမို ကရစီအဖွဲ့ချုပ် ကိုလည်းဖျက်သိမ်း၊ အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်၊ စစ်အားဏာရှင်စနစ်ဟာ တရားဝင်အောင်ပွဲခံဆိုတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ် ဆိုတဲ့ခြေလှမ်းကို လှမ်းဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါ တယ်။ ဒီခြေလှမ်းကိုရိုက်ချိုးပစ်ဖို့အတွက် ကျနော်တို့ အတွက်အကောင်းဆုံး တိုက်ကွက်က " ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)" ဆန့်ကျင်ရေးပဲဖြစ်ပါတယ်။
ဒါကြောင့် လတ်တလောပေါ်ထွက်လာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ နှစ်နာမှုမှန်သမျှကို ဖော်ထုတ်ဖွင့်ချပြီး ပြည်သူလူထုကို စည်းရုံးပြီး " ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) " ဆန့်ကျင်ရေး ဦးတည်ချက်ပေးကြဖို့ပဲဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) " ဆန့်ကျင်ရေး ကို ပီပြင်ပြတ်သားစွာ မလုပ်ဆောင်ဘူးဆိုရင် ၀ါရင့် နိုင်ငံရေးသမားကြီး တစ်ဦးပြောသလို နှစ် (၄၀) ကျော် ယာယီစစ်အာဏာရှင်စနစ်ကနေ ထာဝစဉ် အာဏာရှင်စနစ်ဖြစ်တည် သွားပါလိမ့်မယ်။ ဒါကြောင့် လူမျိုးပေါင်းစုံပြည်သူများကို စည်းလုံးပြီး စစ်အာ ဏာရှင်စနစ်ကို ပြတ်သားကုန်စင်အောင် တိုက်ဖျက်ကြပါစို့။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြ
စည်းလုံးနိုင်သမျှ အင်အားစုများနဲ့ စည်းလုံးညီညွတ်ကြ
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ နစ်နာမှုမှန်သမျှ ဖော်ထုတ်ကြ




မှတ်ချက်။ ။ မေလ်းထဲသို့ရောက်လာသော လှုံ့ဆော်စာ တစောင်အားပြန်လည်ဝေငှတင်ပြသည်။

ရဲနိုင်

''Against the cruel and stupid Regime with 'IT' ''