- အမေ
စိမ်းပြာရောင်တောင်တန်း
နဲ့ အမေ့ ပါးတွန့်တွန့်လေးကို နမ်းဖို့ကျနော်ပြန်လာမယ်
- အမေ
ကောက်ပင်ကြား မြက်ယားတွေကို ရှင်းဖို့
ကျနော်ပြန်လာမယ်
- အမေ
နေ့တိုင်းကြွေးမွေးနေတာတောင် မှ ပိုင်ရှင်ကို ပြန်ကိုက်တဲ့ ခွေးတွေကို
သုတ်သင်ဖို့ ကျနော်ပြန်လာမယ်
- အမေ
အမေ့ မျက်ရည်တွေ နောက်မထွက် ရအောင်လို့
ကျနော်ပြန်လာမယ်
- အမေ
အမေ့ ရည်မှန်းချက်တွေ သားကိုယ်တိုင်မရခဲ့ ရင်တောင်မှ
တခြားသူတွေ ရအောင်လို့ ကျနော်ပြန်လာမယ်
ကျနော်ပြန်လာခဲ့ မယ် မေမေ...
ရဲနိုင်
ပေါက်တက်ကရလေးတွေပါ
Monday, December 08, 2008
အမေ
Thursday, September 11, 2008
ကျနော် နဲ့ လောက
တခါတလေ လောကကြီးက အရမ်းလှတယ်
တခါတလေ လောကကြီးက အရမ်းအကျည်းတန်တယ်
တခါတလေ လောကကြီးက အရမ်းကောက်ကျစ်တယ်
တခါတလေ ကျတော့လည်း သူက အရိုးသားဆုံး လောကကြီးဖြစ်သွားပြန်ရော
တခါတလေ လောကကြီးဟာ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေနဲ့ ပြည့်နေပြီး
တခါတလေ ကျပြန်တော့လည်း ပူဆွေးသောကတွေနဲ့ဘဲ ပြည့်နက်နေပြန်တယ်
တခါတလေ မှာ လောကကြီးဟာ ရယ်စရာကောင်းတဲ့ ဟာသတွေနဲ့ ဘဲပြည့်နက်နေတတ်ပြီး
တခါတလေ မှာတော့ လောကကြီးဟာ စိတ်တိုစရာတွေနဲ့ဘဲ ဖွဲ့စည်းထားသလိုကြီးဖြစ်နေတယ်
တခါတလေ ခပ်တည်တည်နဲ့ ငေါက်ငန်းပြောဆိုတတ်ပြီး
တခါတလေ ကျပြန်တော့လည်း ချော့ချော့မော့မော့နဲ့ သဘောကောင်းနေပြန်ရော
တခါတလေ မောက်မောက်မာမာနဲ့ ဘ၀င်မြင့်နေ တတ်ပေမဲ့
တခါတလေ ကျပြန်တော့လည်း သူဘဲ သူများထက်အောက်ကျို့ သီးခံတတ်နေပြန်ရော
တခါတလေ သနားညာသာမှုကင် မဲသလောက်
တခါတလေ ကျပြန်တော့လည်း သူဘဲစာနာတတ်သူကြီးဖြစ်သွားပြန်ရော
အင်း...... ဒါကြောင့် လူတွေက လောကကြီးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်လို ပြောကြတာလား...။
ရဲနိုင်
(၁၂-၉-၂၀၀၉၊ မနက် ၉း၄၁)
(၂၉ နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ အဖြစ်ခံစားရေးဖွဲ့သည်။)
Saturday, August 02, 2008
မိုက်လိုက်တဲ့ ငမိုက်သား
လုပ်ပုံမှာ (၂၅)
သြဂုတ် လ တွင်းမှာပါ
ငွေကျပ်ပေါင်း သိန်း (၆၀၀)
ဘဏ်ကြီးမှာ (နိုင်ငံခြား ကုန်သွယ်ရေး) လာသိမ်းသွား
လုပ်ရတဲ့ကြောင်းရင်းဟာ
ပြည်သူကို သတ်ဖို့ငှား
စစ်သားပေါင်းမြောက်များစွာ
(၆) လစာ ကြိုပေးထား
မိုက်လိုက်တဲ့ ငမိုက်သား
တုန်းပြီပေါ့ လူမျိုးများ
ရှုံးပြီပေါ့ ပြည်သူ့အား
ပြုန်းပြီပေါ့ ပြည့်လမ်းများ
မိုက်လိုက်တဲ့ ငမိုက်သား.....။
(ဒေါမာန်ဟုန်စာအုပ်အား ဖတ်ရှုရင်းခံစားရေးဖွဲ့သည်)
ရဲနိုင်
Saturday, June 07, 2008
စိတ္တဇ
မင်းနဲ့ ဝေး ဖို့ ငါ့ဆုံးဖြတ်ချက်က
မင်းဆီရောက်အောင်ပဲ တွန်းပို့
ပြေးလေနီးလေ
ငါ့ရဲ့ဟန်ဆောင်မှုတွေက
မင်းကိုမချစ်ဘူးဆိုတဲ့ စကားအတွက်
မပီိပြင်ဘူး
ငါ့ရဲ့ နှလုံးသားက
မင်းကို မချစ်ဘူးဆိုတဲ့ အယူအတွက်
ဘ၀င်မကျဘူး
ငါ့ရဲ့ ဦးဏှောက်က
မင်းအကြောင်းမတွေးဘူး ဆိုတဲ့အဆိုအတွက်
အံဝင်ခွင်ကျဖြစ်မနေဘုး…
သေချာတယ်ငါ ရူးပြီ
ဘာကြောင့် ရှုံးမှန်းသိရက်နဲ့
ဒီပွဲကိုဆက်ကချင်တာလဲ
ဘာကြောင့် မချစ်မှန်းသိရက်နဲ့
ဒီအလွမ်းတွေယူချင်လည်း
ဘာကြောင့် မဖြစ်မှန်းသိရက်နဲ့
ဒီလမ်းကို ဆက်လျှောက်ချင်တာလဲ…
သေချာတယ်ငါရူးပြီ
ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ ရှိုးတိုးရှန်းတန့် အကျင့်တွေ ပျောက်သွားလည်း
ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ မရဲတရဲ သတ္တိတွေ ပိုထွက်လာလည်း
ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ စိတ်တွေ ပိုနုလာလည်း
ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ အတွေးတွေ ပိုလတ်ဆက်လာလည်း
ဘာကြောင့် မင်းနဲ့မှ သ၀န်တိုတတ်တဲ့ စိတ်တွေ ရှိလာခဲ့လည်း…
သေချာတယ် ငါရူးပြီ
တကယ်ဆိုရင် ချစ်တတ်တဲ့ နှလုံးသား မျိုးတာမရှိခဲ့ရင်
တကယ်ဆိုရင် စဉ်းစားတတ်တဲ့ ဦးဏှောက်မျိုးတွေတာမရှိခဲ့ရင်
တကယ်ဆိုရင် ခံစားတတ်တဲ့ ရင်ခွင်မျိုးတာမရှိခဲ့ရင်…
သေချာတယ်ငါရူးပြီ
မင်းရဲ့ နုညံ့မှုကို ငါမစွဲလမ်းမိရင်
မင်းရဲ့ ပွင့်လင်းမှုကိုတာ ငါမနှစ်သက်မိရင်
မင်းရဲ့ နွေးထွေးမှုတွေတာ ငါမလိုချင်ခဲ့မိရင်…
တကယ်ပါလမင်း မင်းရဲ့အလင်းဟာ
ကိုယ့်အတွက် မဟုတ်ဘူးလိုသိခဲ့တာတောင်မှ
ကိုယ်… မျှော်လင့်မိတယ်
စောင့်စားမိတယ်
ရင်ခုန်မိတယ်
ကြည်နူးမိတယ်
လိုချင်မိတယ်…
တကယ်ဘဲ ငါဟာ လမင်းတစ်စင်းရဲ့ အလင်းအတွက်
ရူးတတ်လာခဲ့သူပါ…
ရဲနိုင်
Wednesday, May 28, 2008
Saturday, May 17, 2008
သောက်လက်စ အတွေ
ကျနော့ရဲ့ ခံစားချက်တွေ အသက်မဲ့
ကျနော့်ရဲ့လမ်းတွေ မှုန်ဝါး
ကျနော်ထင်ခဲ့တာတွေ အကုန်မှား
ကျနော့်ရဲ့ ကြိုးစားမှုတွေ ရိုက်ချိုးခံရ
တောက်ပတဲ့အလင်းရောင်တွေ မှေးမှိန်
ခေတ်ကြီးမှာ စာရိတ္တထက် ငွေရိတ္တ ကပို
ခေတ်ကြီးမှာ မှန်ဖို့ထက် ကိုယ့်လူကောင်းဖို့လို
ခေတ်ကြီးမှာ သူများကိုလက္ခံဖို့ထက် ကိုယ့်ကိုလက္ခံဖို့လို
ခေတ်ကြီးမှာ အားကြီးရင် အမှားက အမှန်ဖြစ်
ခေတ်ကြီးမှာ တိုးတက်လေလေ ရိုင်းဆိုင်းလာလေ
ခေတ်ကြီးမှာ အားနည်းလေ အသုံးမကျလေ
ရိုးသားမှုက ဟာသဖြစ်
ညှာတာမှုက နွံအောက်နှစ်
မြေခွေးဉာဏ်နက် ကျားလိုခက်မှ
ခေတ်မှာလူသား ထွန်းတောက်ကြွားမည်
ရှေ့ အယူဟောင်း နားလေရော့။
အေဒီ
ပေါက်တက်ကရလျှောက်ရေးသူ
Saturday, May 10, 2008
ခြေထောက် (သို့) လမ်းလျှောက်ခြင်း
twGif;xJrSmaewkef; u
rsufpdudk y0geJ@ydwf
OD;a%Smufudk tcef;usOf;xJ xnfh
vkyfoufudk vdkufemr_eJ@aygif;
vrf;pOf OD;xkyfaqmif;+yD;
vrf;av#mufcJh---?
tvJvJ tuGJuGJeJ@
ajrSmufwufoGm;vdkuf jyefjyKwfusvdkufeJ@
ykvif;xJESpf vdk@ vlvnf;
t&dk;bJ usefawmhw,f---?
yHkysuf yef;ysufawGazsmuf
vrf;opfav#mufzdk@
odod}uD;eJ@ vdrfcH&wJh
usdefpmwpfckudk qkvm'ftjzpf
ig,lvmcJhw,f---?
qm0g'Dc&yf udka&muf
temzkaygufxm;olrdk@
rsufpdzGifh ESm;pGifh xm;cGifh &SdayrJh
udk,fhzm wmudk,f tus,fcsLyfcsxm;ovkd
wzufvSnfhxdef; csKyfr_ wpfck
igjyef&aerdw,f ---?
[l;---
b,fawmhrsm;av
'DajcaxmufawG vGwfvyfEdkifvdrfh
b,fawmh rSmrsm;av
igwdk@ wpfawG vrf;aumif;aumif;av#mufEdkifvdrfh---?
&JEdkif
Saturday, May 03, 2008
“မျှော်နေမယ့် မေမေ“

ဒီအချိန်ဆို မေမေမျှော်နေရှာရောပေါ့
တစ်နှစ်တစ်ခေါက်အလွမ်းဖျောက်တဲ့
မေမေ့ရဲ့ သား စစ်ဖားကြီးလေ
ခိုးလို့ မငှ လိမ်မ၀လို့ 
ငါးသောင်း တသိန်းတောင်းနေကျ၊
ဒီအချိန်ဆို မေမေမျှော်နေရှာရောပေါ့
လိမ်လည်လှည့်ဖြားခိုးဝှက်စားတဲ့ မေမေ့ရဲ့ သား စစ်ဖားကြီးလေ
ပင်ပန်းဒုက္ခ စိတ်သောကနဲ့ 
မေမေ့ရင်ခွင်လာနေကျ၊
ဒီအချိန်ဆိုရင် မေမေမျှော်နေရှာရောပေါ့
လူငယ်ဘ၀ဆုံးရှုံးရတဲ့
မေမေ့ရဲ့သား ပိပြား (၀န်ထမ်း)ကြီးလေ
ပေတေဆိုးမိုက် အရက်သမားဂိုက်နဲ့ 
မေမေ့ရင်ခွင် လာနေကျ၊
ဒီအချိန်ဆိုရင် မေမေမျှော်နေရှာရောပေါ့
မျှော်နေပေမယ့် ပေါ်မလာနိုင်တဲ့
မေမေ့ရဲ့ သား ပိပြားကြီးလေ
နိုင်ငံ့အတွက် တော်လှန်ရေးတဲ့
စစ်အာဏာကို တိုက်နေရ၊
ဒီအချိန်ဆိုရင် မေမေမျှော်ရကျိုးနပ်ရောပေါ့
သားအပြန်လမ်း ဒီမိုပန်းနဲ့ 
အောင်ပွဲရသား နိုင်ငံအား
စစ်ဖားမဟုတ် အငုတ်ဖြုတ်တဲ့
တန်းတူညီမျှ စုပေါင်းကြ၊
(အနာဂါတ် ဒီမိုကရေစီနိုင်ငံကိုမျှော်လင့်ရင်း၊ ခိုးနေဆဲသူငယ်ချင်းများအား ရုန်းထွက်ရန်နိုးဆော်ရင်း၊ မေမေ့ကို လွမ်းဆွတ်ရင်း)
မိုင်အိပ်ဒွပ်
(ဟစ်တိုင်တွင်ဖော်ပြပြီး)
Sunday, April 27, 2008
အမေ
အမေ- အမေရဲ့ မျက်ရည်တွေခန်းခြောက်ကုန် ပြီလား အမေ
အမေ- အမေ့ ရဲ့သားတွေအတွက် လွမ်းရလွန်းလို့ မလွမ်းတတ်တော့ဘူးလားအမေ
အမေ- အမေ့ သားတွေအတွက် စဉ်းစားရလွန်းလို့  ဆံပင်တွေဖြူကုန် ပြီလားအမေ
အမေ- အမေ့ ရင်ထဲ မှာသားတွေ အတွက် အပူရလွန်းလို့  မပူတတ်တော့တာလား အမေ
အမေ- အမေ့ သားတွေ ဆိုးသွမ်းလွန်းလို့ စိတ်ဆင်းရဲ နေလား အမေ
အမေ- အမေ့ သားတွေကို ဘယ်သူတွေလု ယူကုန်တာလည်း အမေ
အမေ- အမေ့ သားတွေကို သင်ပေးတဲ့ ပညာတွေကို ဘယ်သူတွေ ခိုးယူကုန်တာလဲ အမေ
အမေ- အမေ့သားတွေကို အဆံမပါတဲ့ ပညာတွေသင်ပေး ပြီး ဖေဖေ နဲ့ မေမေ ရှာတဲ့ ငွေတွေကို ဘယ်သူတွေညာယူသွားတာလဲ အမေ
အမေ- အမေ့သားကို လူဆိုးသူခိုးဖြစ်အောင် ဘယ်သူသင်ပေးတာလဲ အမေ
အမေ- အမေ့သားကို သူပုန်ကြီးဖြစ်အောင် ဘယ်သူတွန်းပို့ တာလဲ အမေ
အမေ- အမေ တို့ ကို အနီးကပ်မပြုစုနိုင်အောင် ဘယ်သူတွေကာဆီးနေလဲ အမေ
အမေ- အမေ့ ကိုနှိပ်ပေးနေတဲ့ လက်ချောင်းတွေကို ဘယ်သူတွေလု ယူသွားလည်း အမေ
အမေ- အမေ့ သားရဲ့ အတွေးတွေကို ဘယ်သူတွေ ကြမ်းအောင်လုပ်ပြစ်လည်း အမေ
အမေ- သားတို့ အတွက် မေမေ နဲ့ ဖေဖေ ရဲ့ ဆုံးမစကားတွေကို ဘယ်သူတွေ ကြားဖြတ်နားထောင်ကုန်တာလဲ အမေ
အမေ- သားတို့  ကိုပေးမဲ့ မေမေ့ရဲ့ ယုယနွေးထွေးမှုတွေကို ဘယ်သူတွေ ကြားဖြတ်ယူကုန်တာလဲ အမေ
အမေ- သားတို့ကိုသင်ပေးမဲ့ လောကကြီးရဲ့ချစ်ခြင်း တရားအကြောင်းတွေကို ဘယ်သူတွေဖျက်ဆီးပြစ်သလဲ အမေ
အမေ- အမေ့ ဆီက သားလိုချင်တဲ့ နုညံ့သိမ် မွှေ့မှုတွေကို ဘယ်သူတွေဖျောက်ပစ်တာလဲ အမေ
အမေ- အမေတို့ ဆံဖြူ သွားကျိုးသည့် တိုင်အောင် ကောင်းကောင်းနေ လို့  မရအောင်ဘယ်သူတွေလုပ်နေတာလဲ အမေ
အမေ- မေမေ နဲ့ ဖေဖေ တို့ရဲ့ ပညာတတ်တွေ မွှေးထုတ်ပေးတဲ့ စီမံကိန်းကို ဘယ်သူတွေဖျက်ဆီးပစ်တာလဲ အမေ
အမေ- သားတို့ရဲ့မိသားစုတကွဲ တပြားဖြစ်အောင် ဘယ်သူတွေလုပ်တာလဲ အမေ
အမေ- အမေ တို့ကို ဘုရားကျောင်းကန်ကောင်းကောင်း မတက်နိုင်အောင် ဘယ်သူတွေလုပ်တာလဲ အမေ
အမေ- အမေ့ စိတ်နှလုံအိမ်ထဲက အားလုံးကို ဘယ်သူတွေ ခိုးယူကုန်တာလဲ၊ လုယူကုန်တာလဲ၊ ဖျက်ဆီးကုန်လဲ၊ဖျောက်ဖျက်ကုန်လဲ၊
ကြားဖျက်ကုန်လဲ….. အမေ။
အမေ- အမေသူတို့ ဘယ်သူတွေလဲ သားတို့ကိုပြောပြပါလား အမေ
သားတို့သူတို့ဆီက ပြန်ယူရမယ် အမေ မရအရ ကိုပြန်လုယူရမယ် အမေ
သား အမေ့ ကိုလွမ်းတယ် အမေ။
အမေ့ သား
အေဒီ
(6-12-07 n 10;20)

