''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Showing posts with label ကိုယ်တိုင်ရေးဆောင်းပါးများ. Show all posts
Showing posts with label ကိုယ်တိုင်ရေးဆောင်းပါးများ. Show all posts

Tuesday, June 10, 2008

လူငယ်

‘ကျွန်တော်တို့ လူငယ်တွေဆိုတာ စီဆင်းနေမဲ့ရေတွေပဲလေ ရပ်နေ တန့်နေမဲ့ရေမှ မဟုတ်တာ တခုခုနဲ့တော့ တခုခုကိုတော့ ထိခိုက်၊ ပွတ်တိုက်၊ သယ်ဆောင်သွားရမှာပဲ ဒါအမြဲစီးဆင်းနေမဲ့ ရေရဲ့ သဘာဝဘဲလေ…’

ရဲနိုင်

ကျနော်တို့လူငယ်တွေလို့ဘဲ အစချီခွင့်ပြုပါ။ ကျနော်တို့လူငယ်တွေဟာ မိမိလူမျိုး ဒါမှမဟုတ် လူ့အဖွဲ့အစည်း၊တိုင်း၊ နိုင်ငံ၊ နယ်ပယ်ဒေသတစ်ခုခု အတွက် ဆောင်ရွက်တဲ့နေရာမှာ ဖျက်ဖျက်လက်လက်နဲ့ ထိုးဖောက်နိုင်တဲ့သူတွေ ဖြစ်တယ်။ ရဲရင့်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ လုပ်ဆောင် (စွမ်းဆောင်) နိုင်ခြင်း ဆိုတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားကြတယ်။

ညည်းတွားခြင်းဟာ သူတို့အတွက်မဟုတ်ဘူး၊ ပျင်းရိခြင်းဟာ သူတို့အတွက်မဟုတ်ဘူး၊ ထုံထိုင်းကြောက်ရွှံ ခြင်းဟာသူတို့ အတွက်မဟုတ်ဘူး၊ စိုးရိမ်သောကတွေဟာ သူတို့အတွက်မဟုတ်ဘူး၊ ဇွဲ သတ္တိ ရှိခြင်းနဲ့ ယုံကြည်မှုအပြည့် ရှိခြင်းသာလျှင် သူတို့ အတွက် ဆုလာဒ်တွေ၊ ဂုဏ်ပုဒ်တွေ၊ အားအင်တွေဖြစ်ပါတယ်။

ကျနော်တို့ရဲ့အရင် လူကြီးတွေဖြစ်တဲ့ ဆရာသမားတွေ၊ ခေါင်းဆောင်တွေ၊ ဟိုလွန်ခဲ့တဲ့ခေတ် စနှစ်တွေက တည်း ကနေ ခုချိန်ထိ ဦးတည်ချက်တခု အတွက်ကြိုးပမ်းခဲ့တဲ့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေ အများကြီးရှိ တယ်။သူတို့လည်းဘဲ ဇွဲရှိတာဘဲ၊ ကြိုးစားတာဘဲ၊ လုပ်ဆောင်ခဲ့တာဘဲ။ သူတို့ရည်ရွယ်ခဲ့တဲ့ပန်းတိုင်ရောက်ကြ လား၊ စိတ်တိုင်းကျဖြစ်ခဲ့ကြလား၊ ကျနော်တို့ စူးစမ်းရမယ်။ သေချာတယ် သူတို့မှာလည်း အခက်အခဲတွေ ပြဿ နာတွေ၊ ပြန်ကြည့်ရမှာတွေ အများကြီးရှိမယ်၊ ရှိလည်းရှိနိုင်တယ်။ သူတို့ စိတ်တိုင်းကျ တာတွေရှိမယ်၊ မကျတာ တွေရှိ မယ်။ အခုကျနော်တို့ ဦးဆောင်မှုမဟုတ်တောင်မှ ကျနော်တို့ လူငယ်တွေရဲ့ လုပ်ဆောင်ရမဲ့ အချိန် ရောက်နေပြီ လုပ်ဆောင်ရမယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ ဘယ်လိုလုပ်ကြမလဲ လူကြီးတွေ ခေါင်းဆောင်ကြီးတွေ လျှောက်ခဲ့တဲ့လမ်းကမှန် လား မှားလား တကယ်လျှောက်သင့်လား၊ ကျနော်တို့ လူငယ်တွေ စဉ်းစားဆင်ချင်ရမယ်။ လုပ်ဆောင်ခဲ့တဲ့ လူကြီးတွေ ကို ကဲ့ရဲ့ဖို့မဟုတ်ပါဘူး။ စဉ်းစားဆင်ချင်ခြင်းဟာ ကျနော်တို့အတွက် နည်းလမ်းတစ်ခုရနိုင်တယ်၊ မှားမှန်ဆုံးဖြတ်တဲ့အခါမှာလဲ အထောက်အကူဖြစ်မယ်။ လိုအပ်ချက်တွေကို အားနည်းချက်တွေကို ဖြည့်နိုင်မယ်၊ ပြင်နိုင်မယ်၊ ဒီလို စဉ်းစားခိုင်းတာက တွေဝေဖို့ပြောတာမဟုတ်ပါဘူး။

ကဲ ကျနော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။ ကိုယ့် ပုဂ္ဂလိက တိုးတက်ဖို့ဘဲ လုပ်ကြမလား၊ ကိုယ်ဖြစ်ချင်တဲ့ တဖက်စွန်း ဆန္ဒမျိုးကိုဘဲ မျက်စိပိတ်လုပ်ကြမလား၊ ထမင်းတလုပ် ဟင်းတစ်ထုပ် အတွက်ဘဲ အငြင်းပွားနေကြ မလား၊ အားနည်းချက်တွေကိုဘဲ လိုက်နှင်းနေကြမလား၊ စားပြီးအိပ် အိပ်ပြီးစားဘဲလုပ်နေကြမလား၊ ဘာမှမ ဟုတ်တဲ့ပြဿနာတခုကိုဘဲပုံကြီးချဲ့ အပြစ်တင်နေကြမလား၊ ကျနော်တို့ ဘားလုပ်ကြမလဲ ဘာတွေလုပ်နေကြ သလဲ၊ ဘယ်လိုလုပ်ရမလဲ။ တော်တော်ကြီးကို မေးခွန်းတွေများသွားတယ်။ (စိတ်မရှိပါနဲ့… အခုမှစပြီး တွေးတတ် လာလို့ပါ။)

သေချာတယ် ကျနော်တို့ဟာ လူငယ်တွေဖြစ်လို့ လူငယ်အလုပ်လုပ်ရမယ်၊ အဲ့ဒါမှ စောစောက ဖော်ပြတဲ့ ဂုဏ်ပုဒ်တွေက ကျနော်တို့ကို ရည်ညွန်းတယ်လိုဆိုနိုင်လိမ့်မယ်။ ကျနော်တို့အလုပ်ကဘာတွေလည်း၊ (ကျနော်ဦးဏှောက် မှီသလောက် ဆွေးနွေးရေးသားချင်တယ်)။ အဓိက ကကြိုးစားရမယ်၊ ဘာတွေကြိုးစားရမ လဲ၊ ကိုယ်ရချင်တဲ့ လိုချင်တဲ့ ဦးတည်ချက်ကို ရောက်ဖို့ ကြိုးစားရမယ်။ ဦးတည်ချက်ရောက်ဖို့ ဘာတွေလိုအပ်လဲ ဘယ်လို အခက်အခဲတွေရှိနိုင်လဲ၊ အရင်လူကြီးတွေ ခေါင်းဆောင်တွေဆီက ပညာဘယ်လိုယူမလဲ၊ အခြားလူ ငယ်တွေရော သူတို့ရဲ့ ဦးတည်ချက်အတွက် ဘယ်လိုလုပ်ကြလဲ၊ ကျနော်တို့ လူငယ်တွေဟာ ဒါတွေကိုဘဲ အမြဲတမ်းချိန်ဆ ချိန်ထိုးနေရမယ်၊ နည်းလမ်းရှာနေရမယ်၊ လုပ်ဆောင်နေရမယ်။

သေချာတယ် ကျနော်တို့ရဲ့ဦးတည်ချက်က ကပျက်ကချော်ဦးတည်ချက်မျိုးမဟုတ်ဘူး၊ ထမင်းတဆုပ် ဟင်းတ လုပ် ကိစ္စ တစ်ခုတည်းမဟုတ်ဘူး၊ စိတ်ကြီးဝင်ခွဲခြားဖို့ မဟုတ်ဘူး နိုင်ငံနဲ့၊ ကမ္ဘာနဲ့ ချီပြီး လူမျိုးအတွက်၊ နိုင်ငံအ တွက် လုပ်နေကြတာပဲ၊ ကျနော်တို့ နည်းလမ်းတွေရှာနေရမယ်။ အကြံဉာဏ်တွေ ထွက်လာအောင် တိုင်ပင်နေရ မယ်၊ ဆွေးနွေးနေရမယ် အမြဲတမ်းမျက်စိဖွင့်ထားရမယ်လေ။ အခက်အခဲဆိုတာကတော့၊ ကျနော်တို့ လူဖြစ်လာ ဖို့တောင်မှ လွယ်လွယ်နဲ့ ဖြစ်လာတာမှ မဟုတ်တာပဲ၊ လမ်းလျှောက်နိုင်ဖို့၊ စကာပြောတတ်ဖို့၊ စသဖြင့်ဖို့ပေါင်း များစွာတွေအတွက် ကျနော်တို့ အများကြီး အခက်အခဲတွေရင်ဆိုင်ခဲ့တယ် ကြိုးစားခဲ့တယ် အခုဆိုကျနော်တို့ လူငယ်တွေတောင်ဖြစ်လာပြီ၊ နောက်ထပ်မကုန်နိုင်တဲ့ ဖို့တွေအတွက် နောက်ထပ်အခက်အခဲတွေ ပြဿနာတွေ အများကြီးတွေ့ရ အောင်မြင်ဦးမှာဘဲ ပြီးတော့လူကြီးတွေရဲ့ မပြီးသေးတဲ့(ခေါင်းဆောင်ကြီးများနှင့် လူကြီးများ အားလေးစားလျှက်) လုပ်ငန်းတွေ တာဝန်တွေ၊ ဦးတည်ချက်တွေဆက်လက်လုပ်ကိုင်ဖို့ လက်ဆင့်ကမ်း လုပ် ဆောင်ရမဲ့ လူငယ်တွေတောင်ဖြစ်နေပြီလေ၊ မမေ့နဲ့ ခင်ဗျားတို့ ကျနော်တို့ ကိုယ့်ကိုယ်ကိုမမေ့ကြပါနဲ့။ လာဦး မယ် အခက်အခဲတွေ အကြပ်အတည်းတွေ အများကြီး လက်ဆင့်ကမ်းယူမဲ့ လက္ခံမဲ့ ကျနော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။

ကျနော်ရဲ့ အတွေး တစ်ခုကိုရေးကြည့်မယ် ‘ ကျနော်တို့ လူငယ်တွေဆိုတာ စီးဆင်းနေမဲ့ ရေတွေပဲလေ ရပ်နေမဲ့ တန့်နေမဲ့ ရေမှ မဟုတ်တာ တခုခုနဲ့တော့၊ တခုခုကိုတော့ ထိတွေ့၊ ထိခိုက် ပွတ်တိုက်၊ သယ်ဆောင်သွားကြရမှာ ပဲ ဒါအမြဲတမ်းစီးဆင်းနေမဲ့ ရေရဲ့ သဘာဝဘဲလေ…’

ကျနော်တို့ဟာ အမြဲတမ်းတခုခုနဲ့ ထိတွေ့နေမယ်၊ ပွတ်တိုက်နေမယ်၊ ပိတ်ဆို့နေမယ်၊ ဒါပေမဲ့ ကျနော်တို့ စီးဆင်း နေရမှာဘဲ သွားလာ နေရမှာဘဲ အဲဒီလို အခက်အခဲတွေကြားက စီးဆင်းနေရင်း၊ လှုပ်ရှားနေရင်းနဲ့လဲ၊ လူမျိုးအ တွက်၊ နိုင်ငံအတွက် စသဖြင့် တစ်ခုခုကို သယ်ဆောင်သွားကြရမယ်။ ဒါမှ စီးဆင်းနေတဲ့ရေ၊ လူငယ်ပီ တတဲ့လူ ငယ်တစ်ယောက်ဖြစ်မှာလေ၊ လှော်တက် မပျောက်တဲ့လှေ၊ အတောင်စုံတဲ့ငှက်၊ ရည်ရွယ်ချက်ပြည့်တဲ့ ခြေလှမ်း၊ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေဖြစ်လာမယ်၊ ဖြစ်လာနိုင်မယ်လို ကျနော် ယုံကြည်ယူဆပါတယ်။

ကျေးဇူးတင်ပါတယ် ကျနော်တို့လူငယ်တွေ လှပတဲ့ အနာဂတ်အတွက်ကြိုးစားကြဆို့ …။

ရဲနိုင်

Sunday, May 25, 2008

သူခိုးဘ၀က ထွက်ကြစို့

လွတ်မြောက်နယ်မြေလို့ခေါ်တဲ့ ဒီတော်လှန်ရေး နယ်မြေထဲရောက်တော့ ၀န်ထမ်းဘ၀ သူငယ်ချင်းတွေနဲ့ အတူ ဘီအီး(အရက်ဖြူ) တစ်လုံး ၂၀၀တန်သောက်ပြီး ပြောဆိုငြင်းခုံခဲ့ကြတာတွေကို ပြန်သတိရ၊ လွမ်းမိသလိုတော့ဖြစ်မိသား။ ဒီနယ်မြေမှာတော့ သိတဲ့ အတိုင်းဘဲ အားလုံးကလွတ်လွတ် လပ်လပ် ရှာဖွေဖတ်ရှုလို့ရနေတယ်၊ အင်တာနက်သုံးပြီး မြန်မာနိုင်ငံသတင်းကြည့်မလား၊ နိုင်ငံတကာ သတင်းကြည့်မလား၊ အတားအဆီးမရှိ အားလုံးလွတ်လွတ်လပ်လပ် ရှာဖွေဖတ်ရှုနိုင်တယ်။ နေ့စဉ်နဲ့အမျှ နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲ၊ တို့နိုင်ငံမှာဘာတွေဖြစ်နေ ဘာတွေလုပ်နေလဲဆိုတာတွေကို အားလုံး အလိမ်အညာ၊ အလှည်းအဖျားမရှိဘဲ သိနိုင်တယ်လေ။ အထူးသဖြင့် တို့တတွေ ရေချိန်ကိုက်လာလေလေ ပိုပြီးပြောဖြစ်လေလေဖြစ်တဲ့တို့နိုင်ငံ အကြောင်းပေါက်တက်ကရလေးတွေပေါ့။

သူငယ်ချင်းရေ ဒီရောက်မှ တို့နိုင်ငံကဘဲအိုကြီးတွေဟာ တို့ဝေဖန်ထားတာတွေထက် ပိုပြီး ရက်စက်ကြမ်းကြုတ် ဆက်ဆုတ်ဖို့ကောင်းမှန်းသိရတယ်ကွ ဒီမှာက သူတို့ရဲ့အထုပ်နဲ့ အရှုပ်တွေက ဖုံး ထားလို့မရဘူးလေ။ ဒီမှာနေရတာ ကိုယ့်နိုင်ငံမဟုတ်လို့ ကိုယ့်ရေမြေဒေသကိုလွမ်းတာ၊ မိဘညီကိုတွေနဲ့ သူငယ်ချင်းတွေကိုလွမ်းတာ၊ လုံခြုံရေးအတွက်စိုးရိမ်ရတာတွေရှိပေမဲ့ ကျန်တဲ့ တို့လိုလူလတ်ပိုင်းတွေ အတွက် အင်မတန်မှဗဟုသုတ (နိုင်ငံတကာ နဲ့ဆက်စပ်တဲ့ ပညာရေး) ရှာဖွေလို့ကောင်းတဲ့ နေရာ လေးတစ်ခုဘဲ၊ ပြည်တွင်းမှာ စက်ဘဲကိုင်ခဲ့တဲ့၊ ကွန်ပျူတာကို (GTI) စက်မှုသိပ္ပံမှာရော၊ အဝေးသင် တက္ကသိုလ်မှာရော၊ တို့အလုပ်ရုံကြီးမှာပါ တွေ့ခဲ့ရပေမဲ့ အဲဒီတုန်းက အဲဒါတွေဟာ အလှပြရုံ သက်သက်ဖြစ်နေလို့ ကွန်ပျူတာကို မထိရဲ မကိုင်ရဲတဲ့ငါ အင်တာနက်ဆိုတာဘာမှန်းမသိတဲ့ငါ၊ ဒီမှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေနဲ့ဘဲ အချိန်ကိုအများကြီးသုံးဖြုန်းဖြစ်တယ်။ ဒီလိုပြောလို့ မင်းအဲဒီမှာ ပျော်နေပြီလားလို့ မင်းပြောလိမ့်မယ် မဟုတ်ပါဘူး တို့တတွေအားလုံးအတွက် တန်းတူညီးမျှတဲ့၊ လွတ် လပ်မျှတတဲ့စနစ်နဲ့ အုပ်ချုပ်ရေးတစ်ခုရတဲ့အချိန်မှာ ငါတို့တတွေ တို့တိုင်းပြည်မှာ တို့သောက်နေကြ ဘီအီးဆိုင်မျာဘဲဖြစ်ဖြစ်ပေါ့ ပြန်ဆုံကြမှာပါ။ ဒီမှာ နည်းနည်းလေးမှ မပျော်ပါဘူးကွာ အခြေအနေနဲ့ အချိန်အခါအရတာ ဒီမှာနေနေရတာပါ။

သူငယ်ချင်းရေ အခုတို့နိုင်ငံကိုအုပ်ချုပ်တဲ့ စစ်အစိုးရဟာ တို့တတွေအားလုံးရဲ့ မျက်စိတွေ၊နား တွေ၊ ပါစပ်တွေ၊ အားလုံးပိတ်ထားတယ်၊ တို့ရဲ့ခြေထောက်တွေ၊ လက်တွေကိုလည်း တုတ်နှောင်ထား တယ်။ စစ်အစိုးရဟာ သူ့ရဲ့ဝါဒဖြန့်ချိရေး၊ သူတို့ရဲ့ ကောင်းကွက်လေးတွေဘဲ ထုတ်နှုတ်ပြတတ်တယ်၊ သူတို့တတွေ ဘုရားရှိခိုးတဲ့ပုံတွေဘဲပြထားပြီး၊ ဘုန်းကြီးတွေ ထောင်ချတာ၊ သတ်တာ မပြဘူးကွ။ တကယ်တော့ သူတို့တတွေလုပ်တဲ့ကောင်းကွက်လို့ သူတို့ပြောတာတွေလည်း သူတို့ရဲ့ ပုဂ္ဂလိက အတွက်ဘဲကောင်းတာပါ။ တို့လိုအောက်ခြေ၀န်ထမ်းတွေ၊ ပြည်သူတွေအတွက် တို့နိုင်ငံအတွက်တော့ ဒါတွေအားလုံးဟာ အဆိုးတွေဘဲကွ။ အထူးသဖြင့်တို့လို ၀န်ထမ်းတွေပေါ့ သူတို့စိတ်တိုင်းကျဖြစအောင်၊ သူတို့စစ်အာဏာရှင်စနစ် အဒွန်းရှည်အောင်၊ အဖေ အမေကိုင်တုတ်ပြီးခိုင်းခံရ အခမသင့်ရင်လက်သီး လက်ဝါးစာကျွေးခံရတတ်သေးတယ်။ တကယ့်ကို ဗီဒီယိုထည်းမှာ ကြည့်ရတဲ့၊ တို့ အဘိုးတွေ အဖွားတွေ ပြောတဲ့ ဖက်ဆစ်စနစ်မျိုးဘဲလို့ ဘီအီးသောက်ရင်းပြောဖြစ်ခဲ့ဖူးတယ်နော။

အေးသူငယ်ချင်းရေ တစ်ခုပြောဦးမယ် တို့ခွင်တွေဖန်ကျတယ်လေ ဒါမှလည်းလုံလောက်မှာကိုး ဒါပေမဲ့ဒါတွေဟာ တို့ပြည်ရဲ့ငွေတွေကိုပြန်ခိုးသလိုဘဲကွ ဘာကြောင့်လည်းဆိုတော့ နိုင်ငံအတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေအားလုံးနဲ့ နိုင်ငံလည်ပတ်မှုအားလုံးဟာ တို့မိဘညီကိုတွေ၊ တို့ဘိုးဘွားမောင်ပါတွေ၊ တို့တတွေဆီကနေကောက်ခံထားတဲ့ အခွန်တွေနဲ့ လည်ပတ်နေလို့ဘဲလေ။ သူခိုး အချင်းချင်း မခိုးနဲ့ လို့တော့ မပြောချင်ပါဘူး (အရင်က၀န်ထမ်း ဘ၀ကကိုယ်လည်း ခိုးခဲ့တာကိုး) ဒါပေမဲ့ ကိုယ်ခိုးတာက အထက်က သူခိုးကြီးလည်းဖြစ်၊ တို့ရဲ့ဆရာလည်းဖြစ်(သူခိုးဆရာ)၊ ငါတို့အပါအ၀င် ပြည်သူတွေ အပေါ် ဓာပြလိုလဲဖြစ်နေတဲ့ အပွင့်တပ် သူခိုးကြီး ဓါပြ တွေကိုအားပေးနေသလိုဖြစ်မှာဆိုးလို့ပါကွာ။ ပြီးတော့ အခမသင့်လို့ သူခိုးတွေ ဓားပြတွေဖမ်းခံရရင် ကိုယ်ပါအဆစ်ပါနေမှာ ဆိုးရတယ်လေ။

ဒီရောက်မှ ကောင်းကောင်းသိရတဲ့၊ တို့တတွေအပွင့်တပ်တွေကို ချီးကျူးကြတဲ့ဟာတွေရဲ့ နောက် ကွယ်မှာ ဘာတွေရှိလည်းဆိုတာတွေပေါ့။ သူတို့တတွေရေကာတာပြတိုင်း၊ ရေအားလျှပ်စစ်တွေပြတိုင်း၊ စက်ရုံတွေပြတိုင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွေပြတိုင်း၊ ဗိုလ်လောင်းတွေ ကျောင်းဆင်းတာပြတိုင်း၊ တို့နိုင်ငံကတွင်းထွက် ပစ္စည်းတွေပြတိုင်း၊ တို့နိုင်ငံသိပ်ချမ်းသာတာဘဲလို့ဆိုပြီးတော့ဂုဏ်ယူခဲ့ကြတာ၊ တကယ်တော့နိုင်ငံရော ပြည်သူတွေပါ အားလုံးဆင်းရဲနေတာ အပွင့်တပ်ထားတဲ့သူတွေနဲ့ သူတို့အလို တော်ရိတွေဘဲ ချမ်းသာကောင်းစားနေကြတာပါလေ၊ တခါက တို့(အပွင့်အပါတဲ့) လက်ထောက်စက်ရုံမှူး ပြောတာလေး သွားသတိရမိတယ် ‘လုပ်ကြပေါ့ ကွာ မင်းတို့ခေတ်ဘဲ’ ဆိုသလိုပေါ့။

သူတို့ဆောက်ထားတဲ့ ရေကာတာတွေကြောင့် စိုက်ပျိုးရေးအတွက် ရေရတယ်ဆိုပေမဲ့ အဲ့ဒီရေ ပေးတဲ့သူတွေကို သီးသန့်ငွေပေးမှ ရတာပါ၊ ပြီးတော့အဲဒီဆည်တွေကြောင့် ရွာဘယ်နှစ်ရွာရေမြုပ်ပြီး လူဘယ်နှစ်ထောင် ဘယ်နှစ်သောင်း ဘယ်နှစ်သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြလဲ တောတွေဘယ် လောက်နှစ်မြုပ်လို့ တောရိုင်းတိရိစ္ဆာန် တွေဘယ်လောက်သေကျေပျက်ဆီးကုန်လဲ သဘာဝအလှတွေ ဘယ်လောက်ပျက်ဆီးကုန်လဲ ဆိုတာစစ်အစိုးရရဲ့ မီဒီယာနဲ့ သတင်းစာ တီဗီကြည့်လို့ မင်းဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။ ဘားထူးလို့လည်း ရေအားလျှပ်စစ်တွေထုတ်၊ သဘာဝဓာတ်ငွေ့ထုတ်ပေမဲ့ အဲဒါ တွေအားလုံး အိမ်နီးချင်းနိုင်ငံတွေရောင်စာနေကြတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်ဖူးတဲ့ ရခိုင်တစ်ယောက် သဘာဝဓာတ် ငွေ့မသုံးတတ်လို့ သူတို့အတော်လေးအံ့သြတယ် ဒီဓာတ်ငွေ့ကမင်းတို့ဆီကလာတာ မင်း တို့မသုံးတတ်ဘူးဆိုတာ ဟုတ်ပါ့မလား ဆိုပြီးတော့ပေါ့ အခုမှ သဘာဝဓာတ်ငွေ့ မြင်ဖူးတယ်လို့တာ ပြောလိုက်ရင် သူတို့ ဘယ်လိုနေမလဲမသိဘူး။ မီးလဲဘာထူးလည်း ထိုင်းနိုင်ငံမှာသုံးနေတဲ့ မီးတွေ တို့ဆီ ကလာတာတွေဘဲ (၂၄)နာရီ ကြိုက်တဲ့ချိန်ဖွင့် မီးလင်းတယ် တို့ဆီမှာတော့ (၂၅)နာရီ မီးပျက်နေတယ်၊ သူတို့လင်းစေချင်တဲ့ နေရာတွေကလွဲပြီးတော့ပေါ့။ စက်ရုံ အလုပ်ရုံတွေမှာတော့ မင်းရော ငါရောလုပ် နေတာဆိုတော့ ဘယ်လိုခိုးကြတယ်ဆိုတာသိပြီးထား၊ တီဗီထဲမှာဗိုလ်လောင်း ကျောင်းဆင်းပွဲတွေကြည့် ရရင်လည်း တို့အတော်လေးအားကျခဲ့ကြတယ်၊ တကယ်တော့ အဲဒါတွေဟာ ပြည်သူတွေကိုသတ်မဲ့ လူ တွေကိုမွှေးထုတ်ပေးနေတာဘဲ။

တကယ်ဆိုတို့နိုင်ငံ သယံဇာတတွေပေါများတာ သဘာဝအရင်းအမြစ်တွေပေါများတာ တို့နိုင်ငံ နဲပြည်သူတွေဖူလုံချမ်းသာမှာပေါ့၊ အခုတော့တို့ဝန်ထမ်းတွေစားလောက်အောင် ခိုးနေတယ် ပြည်သူတွေ ထမင်းဝအောင်မနည်းကုန်းရုန်းနေရတယ်၊ (တချို့တောင်းစားနေရတယ်)။ အဲဒီကရလာတဲ့ငွေတွေ ဘယ် ရောက်ကုန်လဲလို့ သူငယ်ချင်းမေးလိမ့်မယ် ဆယ်ပုံ လေးပုံလောက်တော့တိုင်းပြည်တိုးတက်ဖို့ (ဥပမာ- ကျောင်းတို့ ဆေးရုံတို့ စသဖြင့် ဆောက်တာတွေပေါ့)၊ ပဒေသရာဇ် ရူးရူးနေတဲ့ ဘုရင်ရူးရူးနေတဲ့ သူတို့တတွေတိုးတက် ကြီးပွားဖို့ဘဲအသုံးချသွားတာဘဲ၊ ပြီးခဲ့တဲ့နှစ်က ဘဲအိုကြီး၊ ဘုရင်ရူးရဲ့ သမီးတော် မဖုံးနိုင် မဖိနိုင်ဖြစ်လို့ သူ့ငယ်နိုင် စစ်သူကြီးတစ်ယောက်ခေါ်ပြီးပေးစားခဲ့တဲ့ပွဲမှာ သုံးထားလိုက်တဲ့ စိန် ရွှေ ငွေတွေနည်းသလား လက်ဖွဲ့ကိုက အမေရိကန်ဒေါ်လာ (၅၅) သန်းဆိုတာ တို့လုပ်နေတဲ့ စက်ရုံမျိုး အရုံ ပေါင်း (၃၀) လောက်တော့ အတာလေးဆောက်နိုင်တယ် ဒါပေမဲ့ ဒါတွေဟာ သူတို့ရဲ့ကိုယ်ကျိုးအတွက် ဘဲသုံးမှာဘဲ။ ဒါတွေအားလုံးဟာ တို့တတွေဆီက နည်းမျိုးစုံနဲ့ ကောက်ထားတဲ့ သူတို့ လက်ပါစေတွေ ပြည်သူတွေကိုနည်းမျိုးစုံနဲ့ ညစ်ထားတဲ့ငွေတွေဘဲ။ ပဒေသရာဇ် ရူးနေတဲ့ ဘဲအိုကြီးတွေ ဘုရင်ရူးတွေဘဲ ရွှေခွက်၊ ငွေခွက် သုံး တိုက်ကြီးပေါ်နေ ဆီဦးထောပတ်စား၊သားသမီးမြေမြစ်တွေကို နိုင်ငံခြားမှာ ပညာ သင်ဖို့ပို့နိုင်တာဘဲ တို့တတွေအားလုံးနဲ့ တိုင်းရင်းသား မိဘပြည်သူများကတော့ မွဲပြီးရင်းမွဲ၊ စစ်ကျွန်ဖြစ် ပြီးရင်းဖြစ်ပေါ့ကွာ။

သူငယ်ချင်းရေ ဒါတွေအားလုံးဟာကောင်းတဲ့ လက္ခဏာတွေ မဟုတ်ဘူးနော်၊ မင်းငါ့ကိုပြောဖူးသ လို လူကြီး (သူခိုကြီး) တွေကိုယ်တိုင်က ခိုးဆိုးလုယက်ပြီး လာဘ်စားနေတာကွာ၊ ဘယ်လိုပြောက်အောင် လုပ်လို့ရမလဲ ဆိုတာလေ။ အဲဒါကိုနဲနဲဆွေးနွေးချင်တယ် သူငယ်ချင်း ဂျာမန်ပြုပြင်ရေးသမားကြီး မာတင် လူသာကင်း က မတရားအုပ်ချုပ်ချယ်လှယ်မှုအောက်မှာ ပြည်သူတွေ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိ တယ်၊ ဧကရာဇ် ဘုရင်၊ အစိုးရ ကဆိုပါတော့ကွာ တရားမျှတမှု မရှိဘဲ ဥပဒေကို မျက်နှာလွှဲခဲပစ် လုပ်မယ် ဆိုရင် ပြည်သူတွေက ဧကရာဇ် ဘုရင်၊ အစိုးရတွေရဲ့ အမိန့် သြဇာ အာဏာကိုခံရန်မလို လို့ပြောထား တယ်ကွ ဘယ်လောက် သဘာဝကျဆိုတာ သူငယ်ချင်းစဉ်းစားကြည့်၊ တို့တတွေက အဲ့ဒီ အာဏာရူး တွေရဲ့ ယန္တရားကြီးလည်ပတ်နိုင်အောင်လို့ တဖက်တလမ်းက ထောက်ပံ့နေတော့ သူငယ်ချင်းပြောသလို တို့ဆီက မတရား ခိုး ဆိုး လုယက် လာဒ်စားတဲ့ စနှစ်က ပျောက်ဖို့ဘယ်လွယ်ပါ့မလဲ။ အဲဒါကြောင့် တို့တ တွေသူတို့ကို ဆန့်ကျင်ရမယ်၊ သူတို့ရဲ့ လည်ပတ်နေတဲ့ယန္တရားကြီး၊ စစ်အာဏာရှင် စနှစ်ဆိုးကြီးရပ်သွား အောင်၊ ပျက်သွားအောင်၊ ပြည်သူတွေကိုယ်တိုင်၊ တို့တတွေကိုယ်တိုင် ကိုယ့် ကြမ္မာကိုဖန်တီးဦးဆောင် နိုင်တဲ့ လွတ်လပ်မျှတတဲ့ စနှစ်တစ်ခုပေါ်လာအောင် တို့လိုဝန်ထမ်းတွေ၊ လူငယ်တွေမှာ အများကြီးတာဝန် ရှိလာပြီ တို့လုပ်ကြရမယ်လေ။ အကောင်းဆုံးကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းမပေါ်ထွက်ပြီး တောင်းဆို ဆန္ဒပြမှုဘဲလေ။ သူငယ်ချင်း သံစဉ်မထည့်ရသေးတဲ့ သီးချင်းတစ်ပုဒ်ကိုပါ ထည့်ပေးလိုက်မယ် အတက် ကြွဆုံးနဲ့ အမြူးကြွဆုံး သံစဉ်လေးတေါထည့်ပြီး လွတ်လပ်မျှတမှု ကိုလုပ်ဆောင် ဦးဆောင်နိုင်ဖို့ ဖိတ်ခေါ် မျှော်လင့်တယ်သူငယ်ချင်း ကဲစာသားလေးကြည့်ပါဦး။

ဆန္ဒပြကြ

-တကိုယ်ကောင်းစားဖို့ စနစ်ဆိုးသုံးတဲ့

စစ်အစိုးရကို တို့တွေဆန္ဒပြ / သပိတ်မှောက်ကြ

-ပဒေသရာဇ်စနစ်နဲ့ ဘုရင်ရူးရူးတဲ့

အာဏာရှင်ကို တို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အာဏာတစ်ခုအတွက် ပြည်သူသတ်တဲ့

အာဏာရှင်ကို တိုတတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-လူမျိုးကြီး အတွက် လူမျိုးတုံးသတ်တဲ့

အာဏာရှင်ကိုတို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အလုပ်သမားတွေစက်ရုံမသွားနဲ့

ဝန်ထမ်းတွေ ရုံးကိုမတက်နဲ့

စစ်အစိုးရရဲ့ ယန္တရား ပျက်အောင်လုပ်ရမယ်

-ဆန္ဒပြရင် မရိုက်နဲ့ မသတ်နဲ့

ပြည်သူချစ်တဲ့ တပ်မတော်လုပ်ဟဲ့

စစ်အစိုးရပြုတ်မှ တိုင်းပြည်တိုးတက်မယ်

-ပြည်သူတွေနဲ့ လက်တွဲ

ဆန္ဒပြရင်ဝင်နွဲ

ဒါမှတို့ပြည် (ပြည်) သမိုင်းလှမယ်

-လမ်းမပေါ်ထွက်ပါ၊ ငြိမ်းချမ်းစွာစီတန်းပါ

ဒီမိုကရေစီ လူ့အခွင့်အရေး

တို့ပြည်သူတွေတိုးတက်ဖူလုံရေး

ဆန္ဒပြကာ တို့တတွေတောင်းရမှာ…

ကဲသူငယ်ချင်းရေ တို့ရဲ့ဆွေးနွေးချက်တွေလည်း အတော်ရှည်သွားပြီ၊ တို့နိုင်ငံမှာ တို့တတွေ ကျောင်းကောင်းကောင်း ပြန်တက်ရနိုင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး ဒါပေမဲ့ တို့ထက်ငယ်တဲ့ ညီ၊ ညီမငယ်တွေ စနစ်ကောင်းနဲ့ ပညာကောင်းကောင်းသင်နိုင်ဖို့၊ နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းတိုးတက်နိုင်ဖို့၊ တို့တတွေ ခံစားသလို မခံစားရအောင်၊ တို့လိုစစ်ကျွန်မဖြစ်အောင်လို့၊ တို့တတွေ သူခိုး ဘ၀ကထွက်ကြမယ်၊ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ယန္တရားကြီးရပ်သွားအောင်လုပ်ကြမယ်၊ လွတ်လပ်မျှတတဲ့ စနစ်တစ်ခုရဖို့ စစ်အစိုးရကိုအံတုပြီး သူခိုးဘ၀ကရုန်းထွက်ရင်း ကြိုးစားကြစို့လား သူငယ်ချင်း…။ ။

ရဲနိုင်

Saturday, May 10, 2008

ကျွန်ုပ်၏ အတွေး

u|Efkyfwdk@. EdkifiHonf wdkif;&if;om;vlrsKd;pkrsm;tm; tajccHaom jynfe,frsm;jzifh zGJ@pnf;xm;ojzifh 4if;tm; zuf'&,fjynfaxmifpk wdkif;&if;om;rsm; EdkifiH [k trnfay;&rnf? orRwOD;aqmifaom 0ef}uD;csKyf pESpfjzifh tkyfcsKyfusifhoHk;&rnf? vlrsKd;pkvGwfawmf(txufvGwfawmf) ESifh jynfolvGwfawmf(atmufvGwfawmf) [lIvGwf awmfESpf&yf xm;&Sd&rnf? vlrsKd;pkvGwfawmfonf jynfaxmifpktwGif;&Sd wdkif;&if;om;rsm;toD;oD;rS vGwfawmf udk,fpmvS,f rsm;tm; wef;wlnDr#apvGwfap&rnf? vlrsKd;pki,frsm;taeESifh vnf;wef;wlnDr#aom (jynf e,fudk,fpmvS,f. xuf0ufOD;a&&Sdaom udk,fpm;vS,f) udk,f pm;vS,frsm;udk txufvGwfawmfwGif apvGwfydkif cGifh&Sd&aprnf? jynfol@vGwfawmfwGif jynfaxmifpk wpfckvHk;&Sd jynfolwpf&yfvHk;rS rJay;a&$;cs,fxm;aom udk,fpm; vS,frsm;apvGwfrnfjzpfonf? vlrsKd;pkvGwfawmfrS a&G;cs,f xm;aom udk,fpmvS,frsm;ESifh atmufvGwfawmfrS a&G;cs,fxm;aom udk,fpm;vS,frsm;jzifh zJG@pnf;xm;aom jynfaxmifpkvGwfawmfwpf&yf xm;&Sd+yD; vGwfawmf ESpf&yfydkrdkqufpyfr_&Sdap&efESifh vkyfief;vkyfaqmifr_ ydkrdkvG,ful ap&eftwGuf qHk;jzwfvkyfaqmifay;&rnfjzpfonf?

wdkif;&if;om; vlrsm;pkjzpfaom ucsif/ u,m;/ u&if/ csif;/ rGef/ Arm/ &cdkif/ &Srf; wdk@udktajccHI jynfe,f &Spfckjzifh jynfaxmifpk }uD;tm;pwifzGJ@pnf;um/ usefwdkif;&if;om;vlenf;pk rsm;twGuf 4if;wdk@. vlOD;a&/ e,fajr a'o ESifh pD;yGm;a&; tay:rlwnfI udk,fydkiftkyfcsKyfcGifh&a'o/ jynfaxmifpke,fajrrsm;tjzpfowfrSwfum xm;&Sd ay;&rnfjzpf+yD; jynfaxmifpkoufwrf; &ifhusufvmonfESifhtr# (oufwrf;wpfck t+yD;) jynfe,ftjzpf owfrSwf &ef t&nftcsif;&Sdaom/ jynfe,f&&efqEN &Sdaom wdkif;&if;om;vlrsKd;pki,f e,fajrrsm;tm; jynfe,ftjzpf owfrSwfzGJ@pnf; vkyfaqmif ydkifcGifh udkvnf; ay;xm; &rnfjzpfonf? jynfe,frsm;/ udk,fydkiftkyfcsKyfcGifh &a'orsm;. e,fajrrsm;owfrSwf &mwGif 4if;wdk@. bdfk;bGm; rdbydkife,fajrrsm;tm;vHk;yg0if&rnfjzpf+yD; 4if;onf ,ife,fajrcHaexdkifae=uaom jynf olvlxkrsm; . oabmqENvnf;jzpfae&rnf?

EdkifiH. tcsKyftjcmtm%mjzpfaomtkyfcsKyfa&;/ Oya'jyKa&;/ w&m;pD&ifa&;wdk@tm; wpfckESifh wpfck 0ifa&muf qGwfzufjcif;rsKd; r&SdapbJ vGwfvyfpGm qHk;jzwfvkyfudkifydkifcGifh&Sdap&rnf? odk@aomf 4if;wdk@onf wpfckESifh wpfck qufpyfae=urnfjzpf+yD; rnfolwpfOD;wpfa,mufr# zGJ@pnf;yHk tajccHOya' udkausmfvGefI vkyfaqmifydkifcGifh r&Sdap&? orRwonf EdkifiH. OD;ao#miftjzpfowfrSwfay;&rnfjzpf+yD; ppfaoemywdcsKyf vnf;jzpfap&rnf? 0ef}uD;csKyfonf EdkifiHtkyfcsKyfr_tydkif;udk OD;aqmifvkyfaqmif=u&rnfjzpfonf? vGwfawmfrS EdkifiHtwGuf vdktyf aomOya'udk a&;qGJjyXmef;ay;&rnf jzpfonf?(trsKd;om;vGwfawmfrS Oya'jyK a&;qGJ&rnfjzpf+yD; atmufvGwf awmf rS pdppf twnfjyKcsuf,lum txuf jynfaxmifpkvGwfawmfrS wqifh orRw. cGifhjyKcsuf,lum Oya' tjzpfowfrSwfoHk;qGJrnf/ vdktyfygu atmufvGwfawmfvnf; Oya'jyKydkifcGifh&Sd&rnfjzpf +yD; txufvGwfawmfuJh odk@yifjyKvkyf&rnfjzpfonf?) w&m;pD&ifa&;tydkif;rS A[dkw&m;&Hk;rSpI tqifhqifh xm;&SdI w&m;pD&ifr_tydkif;tm; }udK;udkifcs,fvS,fr_r&Sdap&bJ a&;qGJxm;aomOya'ESifh tnD zGJ@pnf;yHktajccHOya'ESifh tnD vGwfvyfr#wpGm w&m;pD&ifvkyfaqmifydkifcGifh &Sdap&rnfjzpfonf?

zuf'&,f jynfaxmifpkwdkif;&if;om;rsm; EdkifiHwGif av;ESpfwpf}udrf a&$;aumufyGJusif;yay;&rnf? orRw udk vlrsKd;pkvGwfawmf(txufvGwfawmf)udk,fpmvS,ftwGif;rS wdkif;&if;om;vlrsKd;pkrsm; tvSnfhuspD(odk@) txuf vGwfawmftwGif;rS udk,fpm;vS,frsm;twGif; a&$;cs,fwifoGif;aomudk,fpm;vS,fjzpf&rnf? 0ef}uD;csKyfrSm rl jynf axmifpk wpfckvHk;twGif;rS a&$aumufyGJjzpfa&$;aumufwifajrmufxm;aom a&$;aumufyGJtEdkif&ol udk,fpm;vS,f jzpf&rnf? vltcGifh ta&;udk txl;av;pm;vdkufem&rnfjzpf+yD; pD;yGm;a&;/ vlr_a&;/ ,Ofaus;r_ ponfh pD; vl ,Of qdkif&mtcGifh ta&;rsm;/ vGwfvyfpGm toif;zGJ@ zGJ@pnf;cGifh/ vGwfvyfpGm tzGJ@0ifjzpfcGifh xGufcGifh ESifh EdkifiHa&;ygwD xlaxmifcGifh vkyfcGifh /+idrf;csrf;pGm qENjyydkifcGifh ponfhedkifiHa&;qdkfif&mtcGifh ta&;ESifh bmoma&;qdkif&m tcGifhta&; jzpfaom vGwfvyfpGmudk;uG,f,Hk =unfcGifh wdk@udk vnf;xm;&Sday;/ cGifhjyKay;/ vkyfaqmifay;&rnfjzpfonf?

zuf'&,fjynfaxmifpk[kac:qdkonfhtwdkif; A[dkjynfaxmifpktpdk;&ESifh jynfe,ftpdk;&rsm;t=um; &Sif; vif;wdusaom tm%mcGJa0r_rsm;&Sd&rnf? jynfe,ftpdk;&rS A[dktpdk;&wdk@ tm%muef@owfay;+yD; =uGif;useftm %mrsm;tm; jynfe,ftpdk;&rsm;rS usifhoHk;aqmif&Gufjcif;onf jynfaxmifpktppfrSefqHk;ESifh tjzpfoifhqHk;jzpfonf? A[dktpdk;&onf ‚tm;owfrSwfay;xm;aom tm%mrsm;tm;omv#ifusifhoHk;aqmif&GufcGifh &Sdrnfjzpf+yD; jynf e,ftpdk;&. vkyfydkifcGifhtm%mrsm;udk 0ifa&mufqGwfzuf vkyfudkifydkifcGifh &Sdrnfr[kwfay? jynfe,ftpdk;&rsm;onf vnf; rdrdwdk@. tcsKyftjcmtm%m}uD;oHk;&yfwdk@jzifh jynfe,ftpdk;& twGufowfrSwfay;xm;aom tm%mrsm; jzifhrdrd jynfe,fzGH@+zdK;wdk;wufa&; ESifh jynfaxmifpk}uD;zGH@+zdK;wdk;wufa&;twGuf pDrHcef@cGJaqmif&Gufay; =u&rnfjzpf onf?

ytdk@/ yavmif/0/ vm;[l/ em*/"Ek ponf uJhoddk@aom vlrsKd;pki,frsm;taejzifhvnf; rdrdwdk@ a'ozGH@+zdK;wdk; wufa&; twGuf A[dkjynfaxmifpk &Sd vGwfawmfwGif ajymqdkvkyfaqmif yg0ifywfoufcGifh&dS&rnfjzpfonfh tjyif rdrdwdk@ylwGJ aexdkifvkyfudkifaeaom jynfe,ftpdk;&. vGwfawmfwGifvnf; t"duae&mrsm;wGif yg0ifvkyfaqmif+yD; rdrdwdk@ vlrsKd;wdk;wufjrifhrm;a&; ESifh tqifhrSD jynfe,fwpfcktjzpfzGJ@pnf;Edkifa&;wdk@udk vkyfaqmifEdkifcGifhwdk@udk&&Sd &rnfjzpf onfh tjyif/ xdkwdk@ jzpfvmEdkifa&;twGufvnf; A[dktpdk;&ESifh jynfe,ftpdk;&wdk@rSvnf; 0dkif;0ef;ulnDvkyf aqmifay;&rnfjzpfonf? txl;ojzifh &Srf;jynfuJhodk@aom wdkif;&if;om;vlrsKd;rsm;aom jynfe,fwGif jynfe,fjynf axmifpk yHkpHjyefvnfzGJ@pnf;I w&m;r#wpGmtkyfcsKyf vkyfaqmifrSomv#if wdkif;&if;om; av; ig; rsKd;&Sdaom &Srf;jynf e,f twGuf wefwlnDr#a&;ESifh 'Drdkua&pDa&; enf;vrf;t& zGH@+zdK;wdk;wufatmifaqmif&Guf Edkifrnfjzpfonf?

txufyg a=umif;jcif;&mtcsufvufrsm;onf u|Ekfyfwdk@. tem*wf wdkif;&if;om;aygif;pHkaexdkif;aom EdkifiH wpfcktwGuf wef;wlnDr# t&SdEdkifqHk;ESifh a&&Snfjynfaxmifpk wnfwHha&;twGuf jzpfEdkifacs&Sdaom pESpfwpfck [k,kH=unfar#mfvifhygonf?

AD

Sunday, May 04, 2008

ကဲဘော်ဘော် တို့ရေ စိတ်လေးတွေ လန်းဆန်းသွားအောင်လို့ပါ

တခြားတော့ မဟုတ်ပါဘူး အခုတလော ပုဂ္ဂိုလ်ရေး ကိစ္စရော၊ အလုပ်ကိစ္စ ရော စိတ်ရှုပ် စရာတွေများနေတာနဲဒါတွေကို သက်သာရာ သက်သာကြောင်းဘယ်လိုလုပ်ရမလဲလို့ စဉ်းစား ရင်းနဲ့ ဒီဟာလေး သွားသတိရမိ လို့ပါ ဒါကတော့ တခြားမဟုတ်ပါဘူး ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ပျော်ပျော် ကြီးကစားခဲ့တဲ့ ကစားနည်းလေးတစ်ခုကို သွားသတိရလို့ပါ။

အဲဒါကိုပြန်စဉ်းစားပြီးငယ်ငယ်ကလိုဘဲ စိတ်ထဲမှာ သံပြိုင်ပြန်ရွတ်ကြည့်ပြီး အဲဒီအသံတွေပြန်ကြားယောင် မျက်လုံးထဲမှာ ရီစရာလေးတွေကို ပြန်သတိရ လိုက်တော့ စိတ်ရှုပ်နေတာလေးတွေအတော်လေးပြေသွားတာ တွေ့ရတယ် အဲ့ ဒါကြောင့်သူငယ်ချင်းတို့အတွက်လည်း အသုံးဝင်လို ၀င်ငြား ရေးပြလိုက်တာပါ။ ကစားနည်း က ကျနော်တို့ ဖက်(ငယ်ငယ်တုန်း က) ကတော့ ‘၀ိုင်းကြီးပတ်ပတ်တူဝေေ၀’ လို့ ခေါ်ပါတယ်။

ကဲ့ စိတ်ထဲမှာ ငယ်ငယ်တုန်း ကလို သူငယ်ချင်းတွေ အများကြီးရဲ့ လက်ကို ကိုင်ပြီး အ၀ိုင်းကြီးကြီး ၀ိုင်း ထားတယ် လို့ မြင်ရောင်ထားမယ် ပြီးရင် ဒီအသံတွေကို ကလေး (ကိုယ် ကလေးဘ၀က) တွေအများကြီးသံပြိုင်ဆိုတဲ့ အသံကိုကြားရောင်လိုက် ကဲစိတ်ထဲကြားရောင်ပြီးလိုက်ဆိုရအောင်…

“ဟေး ငါတို့ ၀ိုင်းကြီးပတ်ပတ်တူဝေေ၀ ကစားရအောင်”

“အေး ….ဟေး ဟေး ဟေး…”

“ ဟေး လက်တွေကိုင်း ပြီး အကြီးကြီး ၀ိုင်းထား”

“ အေး… ၀ိုင်းထားပြီ”

“ ၀ိုင်းကြီး ၀ိုင်းကြီး ဘယ်လောက် ကြီး”

“ဟောဒီလောက် ကြီး”

“ ၀ိုင်းသေး ၀ိုင်းသေး ဘယ်လောက်သေး”

“ ဟော ဒီလောက်သေး”

“ ထိုင်ပြန်တော့ လည်းငုတ်တုတ် ကြီးနဲ့”

“ ထပြန်တော့ လည်းမတ်တပ် ကြီးနဲ့”

“ ဆင်ကြီး ဆင်ကြီး ၀ူးဝူး”

“ ကျားကြီး ကျားကြီး ကိုက်ကိုက်”

“ မွေကြီး မွေကြီး ရှူး ရှူး”

“ မအေး ချင်းတောင်း ဘယ်လောက်ပေးရတယ်”

“ ငါးမူး တမတ်ပေးရတယ်”

“ ငါ့ ကိုပေး”

“ မပေးနိုင်ဘူး အမေဆူလိမ့်မယ်”

“ အမေဆူရင် ငါ့ဆီပြေး”

“ ၀ိုင်းကြီး ပတ်ပတ်တူဝေေ၀”

“ ၀ိုင်းကြီးပတ်ပတ် တူဝေေ၀”

“ ၀ိုင်းကြီးပတ်ပတ်တူဝေေ၀”

“သုံးယောက်”

“ဟေး… ဟေး… ဟေး”

“ ရဲနိုင် အဖော်မရှိဘူး တယောက်တည်းဖြစ်နေတယ် ကပြ ကပြ ကပြ ရမယ်”

“ ဝေး ဟေး … ဟေး … ဟေး”

ဆိုပြီး ငယ်ငယ်က ပျော်ပျော် ပါးပါးကြီး ကစားခဲ့တာလေးတွေကို ပြန်ပြီး အတွေးစမြုတ်ပြန်ကြည့် မယ်ဆိုရင် အရှုပ်းလေးတွေ အားလုံးမဟုတ်ရင်တောင် အတော်ကြီး လျှော့သွားမယ်လို့ ယုံကြည်ပါတယ်။

ကဲ ဘော်ဘော်ရေ အရှုပ်တွေထုတ်ပစ်လို့ရအောင် ပျော်ပျော်ကြီး ကစားလိုက်ကြစို့…။

အားလုံးပျော်ရွှင်နိုင်ကြပါစေ…။

ရဲနိုင်

၆-၅-၀၈ (တနင်္လာနေ့ နံနက် ၀၀း၂၃)

Friday, May 02, 2008

လ္ဘက်

ကျနော်ရဲ့ သူငယ်ချင်တွေကို ကျနော် တို့ တအာင်းလူမျိုးတွေရဲ့ မှီခိုအားထားတဲ့ အဓိက လုပ်ငန်းဖြစ်တဲ့ လ္ဘက်အကြောင်းလေး နဲနဲ ဝေငှ ချင်လို့ပါ။

ပြောခဲ့တဲ့ အတိုင်းကျနော် တို့ တအာင်း အများစုဟာ ဒီလ္ဘက်ခြံ လုပ်ငန်းနဲ့ဘဲ အသက်မွေးဝမ်းကြောင်း နေကြတာပါ။

ဒါပြင် ကျနော်တို့ နိုင်ငံ တ၀ှမ်းလုံး အတွက်လို အပ်တဲ့ လ္ဘက် အစို (စားတဲ့ လ္ဘက်) လ္ဘက်အခြောက် (ရေနွေးကြမ်းအတွက်) အချိုသောက် လ္ဘက် (တချို့က အချိုခြောက်လို့ခေါ် တယ် လ္ဘက်ရည်အချို အတွက်ပေါ့)၊ တွေ အတွက် ဒိုင်ခံ ခူးဆွတ်ပေး၊ ထုတ်လုပ်နေတဲ့ လူမျိုးစုတစ်ခုလဲဖြစ်ပါတယ်။

ကဲမိတ်ဆက်ရင်းနဲ့ လိုရင်းပျောက်တော့မယ်။ ပထမ ရေနွေးကြမ်း အဖြစ်သောက်နေတဲ့ လ္ဘက်ခြောက်အ ကြောင်းလေးပြောပြချင်ပါတယ်။

လ္ဘက်ခြောက် လို့ပြောလိုက်မယ်ဆိုရင် ရွှေဖီဦးလို့ခေါ်တဲ့ သင်္ကြန်မကျခင် မတ်လ နောက်ဆုံးပတ် နဲ့ ဧပြီလ ဒုတိယပတ် ကာလ အတွင်းထွက်တဲ့ လုပ်တဲ့ လ္ဘက် အခြောက်မျိုးကို အဓိကထားပြောတာပါ။ ဘာကြောင့် လည်းဆိုတော့ ဒီအတောတွင်းမှာ မိုးမကျသေးလို့(မများလို့) လ္ဘက်တွေက တနေ့လှမ်းတနေ့ ခြောက်ဆိုတော့ အနံ့ အသက် အရသာကပိုကောင်း၊ ပိုထူးခြားပြီးတော့ သောက်သုံးသူတွေရဲ့ ရသ ရုံကိုဆွဲဆောင်နေနိုင်တာ ပါဘဲ။ ဒါကြောင့်ရွှေဖီ မိုးလွတ်ဆိုပြီး အများကြိုက် ဖြစ်နေရတာပါ။

ဆိုတော့က လ္ဘက်ခြောက်က ရွှေဖီမိုးလွတ် မဟုတ်ရင် မကောင်းတော့ဘူးလားလို့မေးစရာဖြစ်လာတယ်။ မဟုတ်ပါဘူး စကာတင်အကောင်းဆုံးကိုပြောတာ တာဖြစ်ပါတယ်။ ဘယ်လိုကွာလည်းဆိုတော့ သင်္ကြန် နောက်ပိုင်း (ဧပြီလ တတိယပတ်ကစပြီး) မှာ မိုးပေါက်လေးတွေ စကျနေပြီဆိုတော့ လ္ဘက် တွေက တနေထဲလှမ်းလို မခြောက်တော့ ဘူးအဲဒီမှာ အရသာ နည်းနည်းကွာသွားတာပါ။ ဒါပေမဲ့ သူ့ရဲ့ အရသာက လည်း ရွှေဖီမိုးလွတ်နဲ သိပ်အများကြီးမကွာလှပါဘူး။ အဓိက ရွှေဖီ လ္ဘက်လို့ပြောလိုက်မယ်ဆိုရင် မတ်လ နောက်ဆုံးပတ် ကနေ မိုးအများကြီးမကျသေးတဲ့ မေလကုန်တဲ့ထိ ဇွန် ပထမပတ်လောက်ထိကို ပြောတာပါ။

ကဲညီကိုတို့ရေဒီတပတ်တော့ ဒီလောက်နဲ့ဘဲ နားဦးစို့ နောက်မှလ္ဘက်ခူးတဲ့အကြောင်း လ္ဘက်ခြောက် ဘယ်လို လုပ်ရတယ်ဆိုတာတွေပြောရတာပေါ့….။

အားလုံးမိုးအေးအေးမှာ ရွှေဖီမိုးလွတ် လ္ဘက်ခြောက် ကို လ္ဘက်နပ်၊ ငါးခြောက်ဖုတ်နဲ့ မြည်းစားရင်း လွတ်လွတ်လပ်လပ် လေပွားနိုင်ကြပါစေဗျာ… အဲဒီနေ့ကိုလည်းမြန်မြန်ရောက်နိုင်ကြပါစေ။

ရဲနိုင်

၃-၅-၀၈(နံနက် ၉း၀၁ စနေနေ့)

Monday, April 28, 2008

အချောင်ဘ၀ ကလွတ်မြောက်ခြင်း

ကျနော်ကြားနေကျ စကားတွေဘဲလေ၊ ဘယ်လိုလုပ်လိုက်ရင် ဘယ်လိုခွင်တွေ ရလာနိုင်တယ် ဘယ်သူ့ကိုဘယ်လို ကပ်သင့်လဲ၊ ဘယ်လိုမြှောက်ပင့် ပြောဆိုသင့်တယ် ဆိုတာတွေပေါ့။ ဒါကျနော်ကျင်လည် ခဲ့ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းရဲ့ စကားတွေဘဲ။ ကျနော် အစိုးရ၀န်းထမ်းတစ်ယောက်ပါ စက်ရုံတစ်ရုံမှာ ဌာနငယ်လေး တစ်ခုကို အမည်ခံ အုပ်ထိန်းရင်လုပ်ကိုင်ခဲ့ ပါတယ်။

ကျနော်တို့ဟာ ငယ်ရွယ်တက်ကြွတဲ့ လူငယ်ခေါင်းဆောင်တွေလို့ သူတို့အမြဲတမ်းပြောတယ်။ တက်ကြွစွာနဲ့ လုပ်ဆောင်ကြတဲ့ ကျနော်တို့တွေဟာ အရက်သမားမဖြစ်အောင် ကိုယ့်ကိုယ်ကို အမြဲထိန်းနေရတယ်။ အဲဒီကြားထဲကဘဲ အရက်သမားအများစု ဟာ သူတို့ပြောတဲ့ လူငယ် ၀န်ထမ်းလေးတွေဖြစ်လာတယ်။ ခွင်တည့် လို့သောက်ဖြစ်တယ်၊ စိတ်ညစ်လို့သောက်ဖြစ်တယ်၊ ပင်ပန်းလို့သောက်ဖြစ်တယ်။ ခွင်တည့်တော့လည်း (နည်းတဲ့သူတွေက သူ့အသိုင်းဝိုင်းတွေကိုပြုစု၊ ခွင်ကြီးကြီးတည့်တဲ့သူတွေကလည်း အထက်အရာရှိတွေကို ပြုစု၊ နောက်ခွင်တွေရလာအောင် လက်ဆောင်တွေပေးနဲ့ပေါ့) သက်ဆိုင်သူတွေကိုပြုစုရင်းနဲ့ သောက် ဖြစ်ကြပြန်တယ်။ မလောက်မငှနဲ့ အကြွေးတွေက၀ိုင်း၊ ထမင်းနှပ်မှန်ဖို့တောင်စဉ်းစားနေရတယ်၊ ဒီနေ့ လခ ထုတ် မနက်ဖြန် အကြွေးဆပ် ဒါနဲ့ဘဲ အကြွေးသံသယာလည်၊ ဒီကြားထဲ အပိုချိန် နှစ်နာရီထိဆင်း (နိုင်ငံတော် တိုးတက်ဖို့လို့တော့ပြောတာဘဲ) ရတဲ့ရက်တွေရှိတော့ လူကပိုပင်ပန်းလာတယ်။ အဲဒီလိုနဲ့ စိတ်ညစ်တာနဲ့ ပင်ပန်းတာ နှစ်ခုပေါင်းပြီး သောက်ဖြစ်ပြန်ရော။ ဒိလိုနဲ့ တလမှာ ရက်(၃၀)(၃၁) ရက် ရှိတာကို ဟိုဘက်လထဲ တစ်ရက်ချီးပြီး (၃၁) (၃၂) ရက်ထိသောက်ဖြစ်သွားရော။ ဒါနဲ့အရက်သမားလို့ အခေါ်ဘဲ ယာမကာ လုလင် လေးတွေ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ ကျနော်တို့နိုင်ငံ အတော်ကို တိုးတက်တာဘဲ။

ကျနော်တို့ အသက် (၂၅) (၂၆) ဆိုတော့ လူငယ်လို့ ပြောလို့ရမယ်ထင်တယ်။ ကျနော်တို့ဟာ ကျနော်တို့ အသက်ရဲ့ လေးပုံ သုံးပုံကျော်ထိ ကို ကျောင်းတက်တာနဲ့ပဲ အချိန်ကုန်တယ်။ ကျနော်ဆို (၂၁) (၂၂) ထိ ပညာရေး မှာဘဲ နှစ်မြုပ်နေ ခဲ့တယ်။ မိဘတွေကလည်း မရှိတဲ့ ကြားက ပွန်းရတာဆိုတော့ အတော်လေးကို ပဲ့ကုန်တယ်။ တက်ကြွတဲ့ ကျနော့်လို လူငယ်ကပြန်ဖာထေး မပေးနိုင်ခဲ့ဘူး။ ပညာရေးထဲ နှစ်မြုပ်နေလို ဘယ်လို စီးပွားရေမှာမှ မကျွမ်းကျင်ဘူး ဖြစ်နေတယ်။ အမိနိုင်ငံတော်ကြီးကိုဘဲ ယုံကြည်စွာနဲ့ပဲ အားကိုးပြီး စက်မှု ကျောင်းတစ်ခုရဲ့ ဒီပလိုမာနဲ့ ဘ၀ကျောင်းဖို့ စိတ်ကူယဉ်ခဲ့တယ်။ တကယ်လည်း လုပ်ဖြစ်တယ်။ အစိုးရ၀န်ထမ်း ဖြစ်ရောဆိုပါတော့၊ ဘယ်လိုလဲ။

ဒီရဲ့လခ ဒီရဲ့ လုပ်စာလေးတွေကို မျှော်ကိုးပြီး လုပ်နေတဲ့ သူတွေ၊ ဘာစီးပွားရေးမှ မလုပ်တတ်တဲ့ ကောင်တွေ နိုင်ငံတော်ရဲ့ ထောက်ပံ့မှုက မလုံလောက်မှုမရှိတော့ ငတ်ကုန်ကြပြီလေ။ အပြင်အလုပ်ထွက်လုပ်ဖို့ကလည်း မဖြစ်နိုင်၊ အချိန်က မရ နေ့ ည မအား ဒီထဲမှာဘဲ အာရုံစိုက်ပြီးလုပ်နေရတော့ အပြင်လောက နဲ့လည်း အဆက်ပြတ်၊ နက်သထက်နက်တဲ့ တွင်းမည်းကြီးထဲ ကျနေသလိုဘဲ။ လူဖြစ်နေတော့ အသက်ရှင်ချင်တယ်၊ အဲ့ဒီအတွက် အဟာရလိုတယ်၊ အဟာရ လုံလုံလောက်လောက်ရဖို့ အတွက် ခိုးတတ်လာတယ်၊ ခွင်တွေဖန်လာတယ်၊ ကြာလာတော့ လုပ်ငန်းအောင်မြင်ဖို့ထက် ကိုယ်ခွင်ရမဲ့ ဟာတွေကိုဘဲ လိုက်ရှာပြီး လုပ်လာကြတယ်။ ကိုယ့်အတွက် ငွေကြေးပေါပေါသီသီ ရမဲ့အလုပ်မျိုး၊ နေရာမျိုးမှာဘဲ လုပ်ချင်လာကြတယ်၊ ခွင်မကောင်းရင် မလုပ်ချင်တော့ဘူး ချောင်ခိုလာကြတယ်။ အဲဒီလို ခွင်မကောင်းတဲ့ အလုပ်မျိုး လုပ်ရရင်လည်း အပြည့်အ၀ လုပ်ကိုင်ချင်စိတ်မရှိတော့ဘဲနဲ့ အချောင်ခိုလာကြတယ်။ဒါနဲ့ စက်ရုံရဲ့အောင်မြင်မှုကလည်း ကျဆင်းလာတယ်။ (ဒါပေမဲ့ တနှစ် တနှစ်ရဲ့အောင်မြင်မှုကို ပြတဲ့အခါမှာ တော့ အမြဲတမ်း ၁၁၀% နဲ့ ၁၁၅% မှာရှိတယ်လို့ နိုင်ငံတော်ကိုတင်ပြတယ်။အင်မတန်မှ ကျွှမ်းကျင်သော နိုင်ငံပေတည်း။)

ဒါနဲ့ စက်ရုံကရတဲ့ပညာတစ်ခုပြရဦးမယ်။ နေရာတစ်ခုရဖို့အတွက် ကိုယ့်ကိုယ်လူကြီးတွေ ယုံကြည်အောင်လုပ် တဲ့နည်းတွေပါ။ ဒါကတော့ အဆင့်ဆင့်သော ကိုယ့်ထက်ကြီးတဲ့ အရာရှိတွေကို ကိုယ်ခိုးလို့ရတာတွေကိုခွဲပေး တာပဲ (လာဒ်ပေး လာဒ်ယူလုပ်တ်ာပေါ့)၊ ဒီအလုပ်က ဆရာတပည့်လက်ဆင့်ကမ်းတယ်လို့ ပြောစရာ မလိုဘဲ သူ့အလိုလို ဖြစ်နေတယ်၊ကျနော့်ဆရာတွေ သရုပ်ဆောင်ကောင်းလို့ ကျနော်လည်း သရုပ်ဆောင်တတ်လာ တယ်။ကျနော်ထက်ငယ်တဲ့ ကျနော်နောက်လိုက်တွေကလည်း ကျနော့်လိုဘဲ ပီပြင်လှပါပေတယ်။လာဘ်စားတဲ့ အကျင့်ကြီးကပြင်လို့မရတော့ပါဘူးကွာ ဆိုတဲ့ စကားကြီးက ကြားနေရတဲ့ စိတ်ဓာတ်ကျ စရာစကားတွေဘဲပေါ့။

လူကြီးခရီးစဉ်တစ်ခု အတွက်ပြင်ဆင်ချိန်အနည်းဆုံး (၃)ရက် နေ့ ည ခရီးစဉ်ပြီးတဲ့ အထိဘဲ။ ဘယ်လောက်ဘဲ အရေးကြီးတဲ့ လုပ်ငန်းပိုင်းတွေ ရှိပါစေ အထက်အရာရှိတွေကို မျက်နှာရဖို့ ရာထူးတိုးဖို့ အလုပ်တွေအားလုံးရပ် စက်ရုံအတွင်းသပ်သပ် ရပ်လှပအောင် ပြင်ဆင် (ကျန်တဲ့ အချိန်ဘယ်လိုဖြစ်ဖြစ်ပေါ့)၊ ပြီးရင်လူကြီးလာတဲ့ အထိ ရပ်စောင့်၊ ထိုင်စောင့်၊ အိပ်စောင့် ဘာမှမလုပ်နဲ့ အလှပြင်ဆင်ထားတာတွေ ကိုမပျက်စေနဲ့။ လူကြီးလေပြင်ဆင် ချိန် ပိုများလေဘဲ။ နေ့ ည ဘာမှမလုပ်ဘဲ ထိုင်စောင့်နေရလို့ နိုင်ငံ့ဝင်ငွေတွေကို အနည်းဆုံးတရက် (၆.၅)သိန်း နဲ့ အထက်ဟာ ဘာလုပ်ငန်းမှမဖြစ်ဘဲ အလှပြ သရုပ်ဆောင်တဲ့ဝန်ထမ်းတွေကို ပေးပြီးဖြုန်းတီးပြစ်တယ်။ ဒါစက်ရုံ တစ်ခုစာတည်းဘဲ တွက်ပြတာပါ။ ကျန်သေးတယ် လူကြီးတွေကို ဧည့်ခံ ကျွေးမွေးတဲ့ စရိတ်တွေ၊ ဌာနတစ်ခုချင်းစီကုန်တာ၊ အခြားစက်ရုံ ကကုန်တာတွေရော ပေါင်းလိုက်ရင် လူကြီးခရီးစဉ် တစ်ခုကို သိန်းရာဂ ဏာန်း နဲ့ ချီပြီးကုန်တယ်။ ရုပ်မြင်သံကြား မှာတော့ ဒီလူကြီးတွေအတော့်ကို ၀င့်ကြွားတယ်၊ ခေတ်မှီတိုးတက် သော နိုင်ငံတည်ဆောက်ရန် ခေတ်မှီလူကြီးများ၏ နည်းသစ်များနှင့် ဖြုန်းငွေ အဲလေ သုံးငွေများပေတည်း။

ရုပ်မြင်သံကြား နှင့် သတင်းစာများတွင် စက်ရုံ အလုပ်ရုံများ၊ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များ၊ ဆေးရုံများ စသဖြင့် အတော်ပင် ကြည့်ရှုရန်ကောင်းလှသော်လည်း ၎င်းအရာများသည် အခွံနှင့် သရုပ်ဆောင်သူများနှင့်သာ ပြည့်စုံနေကြသည်။ စက်ရုံ အလုပ်ရုံ တိုင်းရဲ့ နှစ်စဉ် ဘတ်ဂျတ်များရှင်းလင်းရာ၌ ၁၁၀% နှင့် ၁၁၅% အောင်မြင်ပိုလျှံသည်။ အရည်အသွေးပြည့်မှီ သည် ဟုပြောကြသည်။ သို့သော် ဆေးချွတ်၊ တံဆိပ်ခွာ၍ ပြန် လည်ပြုပြင်ထားသောကြောင့် တရုတ်ပစ္စည်းများဟု မည်သူမှာမသိကြသည့်အပြင် လွန်စွာမှ လှပခိုင်ခံ့လှပေ သည်။ မပြည့် မှီသော စက်ရုံထုတ်လုပ်မှု အတွက် အခြားနေရာမှ၊ နိုင်ငံမှ ပစ္စည်းများ အစားထိုးပေးထားခြင် ကြောင့်အရည်အသွေးနှင့် အရေအတွက် ပြည့်မှီ အောင်မြင်ကြောင်းပြနိုင်၍ ရာထူးများတိုးကြပါသည်၊ ၀မ်းသာကြပါသည်။ လုပ်ငန်းပိုင်း မကျွမ်းကျင်သော်လည်း အင်မတန် မှ ထက်မြတ်သော ပြည်လိမ်ဉာဏ် ပိုင်သူများပေတည်း။

စက်မှုကောလိပ်နှင့် တက္ကသိုလ်များ နေရာအနှံ့ တွင်ရှိနေကြ၍ ၀မ်းသာမိသော်လည်း ငွေကြေးနှင့်ရောင်းဝယ် လာဘ်စားနေသော ပညာရေးဖြစ်နေခြင်း၊ အရည်အသွေးမပြည့်မှီသော ပို့ချသင်ကြားမှုများဖြစ်နေခြင်း၊ ခိုးချဖြေဆိုသောသူများနှင့် ပြည့်နေခြင်း၊ လွတ်လပ်စွာတွေးခေါ်လုပ်နိုင်ခွင့် စုရုံးခွင်မရှိခြင်း၊ စက်မှုကျောင်းပြီး သော်လည်း ဘာမှာမလုပ်တတ်ခြင်း၊ အစိုးရမှ လုံလောက်ဖူလုံသော လုပ်ငန်းများ ရှာဖွေမပေးနိုင်ခြင်း၊ ဘွဲ့ လက်မှတ်တစ်ခုကို ငွေနှင့် အချိန်ပေး၍ ၀ယ်ယူနေကြခြင်း သက်သက်သာဖြစ်နေခြင်းတို့ကြောင့် ယင်း တက္က သိုလ်၊ ကောလိပ်များသည် လှပသောအခွံသာရှိပြီး အနှစ်သာရမဲ့၍ စားမရသည့် ကျီးအာသီးနှင့် တူလှပေသည်။ သို့သော် ၎င်းမှာ စစ် အစိုးရမှ အင်မတန် ဂုဏ်ယူသောပညာရေးစနှစ်ကြီးပေတည်း။

၎င်းတို့ ဂုဏ်ယူသော အချက်တစ်ထပ်ပြောကြည့်ချင်သည်။ ကိုယ်ပိုင်ကားများစီး ၍ ၎င်းတို့ ဂုဏ်ယူဝံ့ကြွားစွာပြောကြခြင်းပါ။ စက်ရုံ သာယာစိုပြေရန် ပန်ခြံ၊ ပန်ခင်း၊ သစ်ပင်များအား အလုပ်ဖျက်၍ စိုက်ကြ၊ ပျိုးကြ နှင့် မည်သည့် ဥယာဉ်မှူး၊ အလုပ်သမားများမှ ခေါ်ယူလုပ်ကိုင်စေခြင်းမရှိပါဘဲ နှင့် လုပ်ခမပေးရ သည့်စက်ရုံဝန်ထမ်းများအား ထုတ်လုပ်မှုရပ်၊ တခြားလုပ်ငန်များရပ်နားခိုင်း၍ စိုက်ပျိုးလုပ်ကိုင်ခိုင်သည်။ ၎င်းအတွက် ကုန်ကျစရိတ်မည်မျှတင်သည်ကို ကာယကံရှင် လူကြီးများသာလျှင် သိရပေသည်။ ရံဖန်ရံခါ စိတ် ကောင်းဝင်၍ စက်ရုံမှူး၊ အကြီးအကဲ မှ ၀န်ထမ်းများအား မုန့်ဖိုး ပဲဖိုးပေးပါက ထက်ဝက်လောက်သာလျှင် ၀န်ထမ်းများထံ အမှန်တကယ်ရောက်ရှိ၍ ကျန်ထက်ဝက်မှာ ရုံးအုပ်၏ ဘီယာဖိုး ဖြစ်သွားသည်ကများသည်။ စနှစ်တကျရှိလှ ပါပေသည်။ ကိုယ်ပိုင်းကားများ တ၀ီဝီစီး၍ ကြည့်ရှုသွားကြသည့် လူကြီးများ အတွက် စက်ရုံ လှ ပစိုပြေမှု နှင့် ထုတ်လုပ်မှု အတွက် ၀မ်းသာမဆုံး ကြည်နှူးမဆုံးဖြစ်ကြသော်လည်း၊ ခြေလျှင်လျှောက်ပြီးသွား နေရသောဝန်ထမ်းများအနေဖြင့် ဖိနပ်တွေ ပေါက်၊ ဗိုက်တွေဟောက်လို့ ကမ္မဋ္ဋာန်းရုပ်ပေါက်နေကြလေသည်။ ဒါကို သူတို့ (လူကြီးများ) မှ ‘ငါတို့ မြန်မာပြည်သားကွ’ ဟုကြွေးကြော်သွားကြသေးသည်။ တော်ပါပေသည်။

ကျနော်တို့ အချင်းချင်းလည်း စဉ်းစားမိကြသည် ပြောဖြစ်ကြသည်။ ဘာကြောင့် ကျနော်တို့နိုင်ငံ မတိုးတက်တာ လည်း၊ သာမန်ဝန်ထမ်းတွေဗိုက်ဟောက်ပြီး အထက်လူကြီးတွေ ဗိုက်ပေါက်မတတ်ဖြစ်နေတာ ဘာကြောင့် လည်း၊ အကျင့် လာဘ်စားမှု၊ ခိုးဝှက်မှု၊ လိမ်လည်လှည့်စားမှု၊ လုပ်ငန်းဆောင်ရွက်ရာ၌ ပီပြင်ခြင်းမရှိဘဲ အချောင်ခို ပေါ့ပေါ့ဆဆလုပ်လိုမှု၊ တစ်ဦးနှင့်တစ်ဦး ချောက်တွန်း လာဘ်ထိုး ၍ နေရာကောင်းတစ်ခု (ငွေ ကောင်းကောင်းရသည့်နေရာ) အတွက် လုပ်ဆောင်နေသော အချက်များက ဘာတွေလဲ၊ ဘယ်လိုလဲ၊ အဲဒါတွေ ပျောက်အောင် ဘယ်လိုလုပ်ကြမလဲဆိုတာ မျိုးတွေ ကျနော်တို့ စဉ်းစားမိပြောမိ ကြတယ်။ နိုင်ငံရေးအကြောင်း သူတို့ အကြောင်းကောင်းကောင်းမသိတော့ ဘယ်လိုအဖြေထုတ်လို့ရမလဲဗျား။ အဲဒါကနေလွတ်မြှောက်ချင်တာ နဲ့ ‘အချောင်ဘ၀မှ လွတ်မြှောက်ခြင်း’ ခေါင်းစဉ်ကိုရေးလိုက်တာပါ။ သိချင်တယ်။ အဲဒီဘ၀ကလွတ်မြှောက်ခြင်း၊ ဒါမှ မဟုတ် တန်းတူညီမျှခြင်း ကိုဘာလို့ ခေါ်လဲ? လွတ်မြှောက်အောင် ဘယ်လိုလုပ်မလဲ? ဘာကြောင့် ဒီလိုတွေဖြစ်နေရ သလဲ? ဆိုတဲ့ မေးခွန်းတွေ ၀ိုင်းဝန်း အဖြေထုတ်ပြီး လုပ်ဆောင်ကြပါစို့၊ အချောင်ဘ၀ကရော ကျွန်ဘ၀ ကပါလွတ်မြှောက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြပါစို့ဗျာ….။

မိုင်းအိုက်ဒျံတ်

''Against the cruel and stupid Regime with 'IT' ''