''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Saturday, June 07, 2008

စိတ္တဇ

သေချာတယ် ငါရူးပြီ

မင်းနဲ့ ဝေး ဖို့ ငါ့ဆုံးဖြတ်ချက်က

မင်းဆီရောက်အောင်ပဲ တွန်းပို့

ပြေးလေနီးလေ

ငါ့ရဲ့ဟန်ဆောင်မှုတွေက

မင်းကိုမချစ်ဘူးဆိုတဲ့ စကားအတွက်

မပီိပြင်ဘူး

ငါ့ရဲ့ နှလုံးသားက

မင်းကို မချစ်ဘူးဆိုတဲ့ အယူအတွက်

ဘ၀င်မကျဘူး

ငါ့ရဲ့ ဦးဏှောက်က

မင်းအကြောင်းမတွေးဘူး ဆိုတဲ့အဆိုအတွက်

အံဝင်ခွင်ကျဖြစ်မနေဘုး…

သေချာတယ်ငါ ရူးပြီ

ဘာကြောင့် ရှုံးမှန်းသိရက်နဲ့

ဒီပွဲကိုဆက်ကချင်တာလဲ

ဘာကြောင့် မချစ်မှန်းသိရက်နဲ့

ဒီအလွမ်းတွေယူချင်လည်း

ဘာကြောင့် မဖြစ်မှန်းသိရက်နဲ့

ဒီလမ်းကို ဆက်လျှောက်ချင်တာလဲ…

သေချာတယ်ငါရူးပြီ

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ ရှိုးတိုးရှန်းတန့် အကျင့်တွေ ပျောက်သွားလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ မရဲတရဲ သတ္တိတွေ ပိုထွက်လာလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ စိတ်တွေ ပိုနုလာလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ အတွေးတွေ ပိုလတ်ဆက်လာလည်း

ဘာကြောင့် မင်းနဲ့မှ သ၀န်တိုတတ်တဲ့ စိတ်တွေ ရှိလာခဲ့လည်း…

သေချာတယ် ငါရူးပြီ

တကယ်ဆိုရင် ချစ်တတ်တဲ့ နှလုံးသား မျိုးတာမရှိခဲ့ရင်

တကယ်ဆိုရင် စဉ်းစားတတ်တဲ့ ဦးဏှောက်မျိုးတွေတာမရှိခဲ့ရင်

တကယ်ဆိုရင် ခံစားတတ်တဲ့ ရင်ခွင်မျိုးတာမရှိခဲ့ရင်…

သေချာတယ်ငါရူးပြီ

မင်းရဲ့ နုညံ့မှုကို ငါမစွဲလမ်းမိရင်

မင်းရဲ့ ပွင့်လင်းမှုကိုတာ ငါမနှစ်သက်မိရင်

မင်းရဲ့ နွေးထွေးမှုတွေတာ ငါမလိုချင်ခဲ့မိရင်…

တကယ်ပါလမင်း မင်းရဲ့အလင်းဟာ

ကိုယ့်အတွက် မဟုတ်ဘူးလိုသိခဲ့တာတောင်မှ

ကိုယ်… မျှော်လင့်မိတယ်

စောင့်စားမိတယ်

ရင်ခုန်မိတယ်

ကြည်နူးမိတယ်

လိုချင်မိတယ်…

တကယ်ဘဲ ငါဟာ လမင်းတစ်စင်းရဲ့ အလင်းအတွက်

ရူးတတ်လာခဲ့သူပါ…

ရဲနိုင်

No comments:

''Against the cruel and stupid Regime with 'IT' ''