''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Saturday, October 18, 2008

အချိန်တန်ပြီ

ဒီမှာ စိုးရိမ်ထိတ်လန့် နေရတဲ့ အကျယ်ချုပ်ပုံစံနဲ့ ဘဲ နိုင်ငံရေးဆက်လုပ်နေမှာလား
တောခိုပြီး လက်နက်ကိုင်ပုံစံနဲ့ဘဲ တော်လှန်ရေးကိုဆက်ဆင်နွဲမှာလား
ကိုယ်ကျိုးကြည့်ပြီး တတိယနိုင်ငံကိုဘဲ ပြေမလား
ကိုယ်ရဲ့ မိဘပြည်သူတွေနဲ့ဘဲ တသားတည်းပြန်နေပြီး နည်းပေါင်းစုံနဲ့ တော်လှန်ရေးကိုဆက်လုပ်မှာလား
ဒါမှ မဟုတ် မိဘပြည်သူတွေနဲ့ပေါင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘဲ တော်လှန်ရေးကိုအကောင်အထည်ဖော်ကြမလား
ဒါမှ မဟုတ်စစ်အာဏာရူးတွေရဲ့ ပြုသမျှခံမဲ့ နလဘိန်းတုန်းတွေအဖြစ်နဲ့ ဘဲနေကြမလား ဆိုတာတွေကို

အတွင်းကလူတွေရော အပြင်ကလူတွေရော၊ အထူးသဖြင့် အပြင်ကလူတွေကို ပြောချင်တယ် ခင်ဗျာတို့ ကျနော်တို့ တခုတခု ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ
၂၀၁၀ နောက်ပိုင်းဆိုတာမျိုးက နိုင်ငံကို ဘယ်သူနိုင်နိုင် ၀ိုင်းဝန်းတည်ဆောက်ကြတာဘဲ ကောင်းတယ်
ကျနော်တို့ နှစ်နာနေတာ အောက်ကျနောက်ကျဖြစ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး
ချမယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး အပြတ်ချ ဒါမှမဟုတ်ရင်လည်းပြေး ဒါမှမဟုတ်ရင်လည်းသူတို့နဲ့ပေါင်းပြီးလုပ်
ကျနော်တို့ တခုတခုဆုံးဖြတ်ဖို့ အချိန်တန်ပြီ
တောင်မတင် ရေမကျဆုံးဖြတ်လုပ်ဆောင်ချက်တွေကြောင့် ကိုယ်ကျိုး သမားတွေနဲ့ အာဏာရှင်တွေရဲ့ အကျိုက်တွေ့နေတာကြာပြီ
ကျနော်တို့ မျိုးဆက်သစ်တွေနှစ်နာနေတာကြာပြီ
ကျနော်တို့ လူငယ်တွေ အညွန့်ချိုးနှိမ်ခံနေရတာကြာပြီ
စိုရိမ်ထိတ်လန့် တကြီးနဲ့နေနေရတာကြာပြီ

ကျနော်တို့ အားလုံးလွတ်လပ်ဖို့
ကျနော်တို့ အားလုံးဖွံ့ဖြိုးဖို့
ကျနော်တို့ အားလုံးယုံကြည်မှုရှိရှိနဲ့ ဘ၀တွေတည်ဆောက်နိုင်ဖို့

သေချာတယ် တခုတခုကို ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ဖို့အချိန်ရောက်ပြီ
လုပ်ဆောင်ဖို့ အချိန်ရောက်ပြီ

ရဲနိုင်
၁၉-၁၀-၂၀၀၈ (နံနက် ၀၈း၁၅)

No comments:

''Against the cruel and stupid Regime with 'IT' ''