ကျနော်တို့ နိုင်ငံဟာ တကယ့်ကိုဘဲ ရှုပ်ထွေပွေလီလှတဲ့ နိုင်ငံရေး အခံတွေနဲ့ပါ
ဒါပေမဲ့ အဲ့ဒီရှုပ်ထွေးလှပါတယ်ဆိုတဲ့ နိုင်ငံရေး အခံထဲမှာဘဲ အာဏာရူး စစ်ထိပ်သီးပိုင်း ခေါင်းဆောင်တွေဟာ ခေတ်အဆက်ဆက် သူတို့ လုပ်နေကျ နည်း လမ်းအတိုင်းဘဲ ပြည်သူတွေကိုလည်း မငြာ၊ ကိုယ့်ထက်အရာရှိ လက်အောက်ငယ်တွေကိုလည်း မထောက် သူတို့ အာဏာ ရေရှည်ခိုင်မြဲရေး နဲ့ သူတို့ခိုးထားတဲ့ ထပ်ခိုးဖို့ အဆင်သင့် ပြင်ထားတဲ့ လက်ရှိခိုလို့ ရထားတဲ့ ဥစ္စာပစ္စည်းတွေ တည့်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်ခဲ့တာတွေ တော့ အရှင်း ကြီးပါဘဲ သူတို့ကိုယ်တိုင်ဖမ်းဆီးအပြစ်ပေးခဲ့တဲ့ သူတို့ ဆရာတွေရဲ့ နည်းလမ်းအတိုင်းဘဲသွားနေတာပါဘဲ
ဒါကိုဘဲ သူတို့များပြောင်းလာမလား၊ သူတို့ နိုင်ငံကိုချစ်လာမှာပါ၊ ပူးသတ်ကြတာပေါ့၊ တဖြေးဖြေးပြောင်းကြမယ်လေ တို့တွေဟာ ရူးသွပ်မှုတွေဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူး
ကျနော်တို့တွေ နောက်ထပ်အနှစ်နှစ်ဆယ်ကြာအောင်စောင့် ပြီးမှဘဲ ၈၈ လိုလူထုအရေးတော်ပုံကြီးကိုစောင့်စားမလား အာဏာရူးတွေ ဖိသမျှကိုခံမဲ့ သူတို့လမ်းစဉ်နောက်ကိုဘဲလိုက်ကြမလား
ိကျနော်တို့တွေအတွက်က အရှင်းကြီးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ ကတောင်းထားတဲ့ ရွေဂုံတိုင် ကြေငြာချက်ဟာ လမ်းကုန်ပါဘဲ ဒါမှ မဟုတ်ရင် တော့ မမျှော်လင့်တဲ့ နိုင်ငံအတွက်နှစ်နာမှုတွေ ဆက်တိုက်လာမှာဘဲ ကျနော်တို့ မလိုချင်လည်း ပြည်တွင်းစစ်တွေ ဖြစ်လာနိုင်တာဘဲ ဒါက သူတို့ အတွက် နောက်ဆုံးလမ်းဖြစ်နေတာကိုး
သက်ကြားအို အာဏာရူးတွေ နိုင်ငံအကျိုးကိုသေချာကြည့်ဖို့လိုပါပြီး ကျနော်တို့ ရဲ့ အတိုင်ခံခေါင်းဆောင်တွေလည်း တကယ်ကိုယ့် ယုံကြည်ချက်ကို မလျှော့သင့်ပါဘူး ဒါတွေဟာ ကျနော်တို့နိုင်ငံအတွက် လမ်းမှန်ပါ စစ်ရူးတွေရဲ့ ၂၀၁၀ ဖွဲ့စည်းပုံက ဘယ်တော့ မှ တိုင်းပြည်ငြိမ်းချမ်းမှာ မဟုတ်ပါဘူး NLD တောင်းဆိုချက်ကသာ အငြိမ်းချမ်းဆုံးနည်းနဲ့ ဖြေရှင်းနိုင်မှာပါ
ခိုင်မြဲကြပါလေ
ငရဲ
ပေါက်တက်ကရလေးတွေပါ
Wednesday, September 16, 2009
ရှုပ်ထွေးနေတဲ့ နိုင်ငံရေး နဲ့ ကျနော်တို့ တတွေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment