''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Sunday, November 08, 2009

အမေ

အမေ

သား . ပူလောင်လွန်းလှတယ်အမေရာ
အရာအားလုံးက ခက်ခဲနေသလိုဘဲ
ဘာဖြစ်လို့လည်း
ဘာ့ကြောင့်လည်း . အမေ
ဘာဖြစ်လို့ အခြေနေတွေနဲ့ အံဝင်ခွင်ကြ
ဖြစ်မနေသေးတာလည်း အမေ
လေးနှစ်ဆိုတဲ့ အတိုင်းတာက မလုံလောက်ပေမဲ့
မနည်းဘူးထင်တယ်နော် အမေ
သုံးဆယ် ဆိုတော့ ကလေးလို့ပြောလို့ရသေးလား အမေ
ဒါဆို ဘာ့ကြောင့် သားမရင့်ကျတ်သေးတာလည်းဗျာ
ဘယ်လိုလူက သားနဲ့ အသင့်တော်ဆုံးလည်း
သားအတွက် ဘယ်အခြေနေက အဆင်ပြေဆုံးလည်း
သားရဲ့ စေတနာနဲ့လုပ်ဆောင်မှုတွေက
ဘာဖြစ်လို့ အမြင်လွဲစရာတွေဖြစ်နေလည်း
အမေ . သားနေရာတကာ အနိုင်ရချင်တဲ့
ကလေးဆိုးပုံ ပေါက်နေလား ဟင်
အမေ . ပြောတော့ ရိုးရိုးသားသား နေထိုင်လုပ်ကိုင်
သွားရင်အောင်မြင်မှာဘဲဆို
သားရဲ့ ရိုးသားမှုတွေက မပြည့်စုံသေးလို့လားနော်
ဒါဆို ရိုးသားအောင် သတိပေးနော် အမေ
အမေ . သားသေချာတာ တစ်ခုတော့ သိတယ်
အဲ့ဒါက သားအတွက်ဘက်စုံ
အသစ်တွေ တိုးလာတယ် အမေ
ခက်ထန်တယ် နုညံ့တယ်
သတိထားတယ် ဥပက္ခာပြုတယ်
ဂရုစိုက်တယ် အလေးကိုမထားဘူး
ပိုခံစားလာတယ် ခံစားချက်တွေလျော့လာတယ်
လေးနက်လာတယ် လျှော့ရဲလာတယ်
လှည့်စားချင်လာတယ် ရိုးသားချင်လာတယ်
စိတ်တိုတယ် ရယ်ချင်တယ်
အို ... အသစ်တွေ စုံနေတာဘဲ အမေရာ
အမေ သိလား သားလေ
အမေ့ ရင်ခွင်ထဲမှာ နေတုန်းကလောက်
မရိုးသားတော့ဘူး အမေ
အဟင်း ... မျိုးချစ်စိတ် နည်းနည်း တိုးလာတယ်
ဒါပါဘဲ အမေရာ
အမေ ... နေကောင်းကျမ္မာ ပါစေ ...

အမေ့ ရဲ့ သား
ငရဲ
၈၊ ၁၁ ၊၂၀၀၉
(၁၂း ၁၇ တနင်္ဂနွေနေ့ ည)

No comments:

''Against the cruel and stupid Regime with 'IT' ''