''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Thursday, February 04, 2010

ဘာကြောင့် နအဖ က တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို တိုက်တာလည်း

ဒီခေါင်းစဉ်ကို သာမှန်ကြည့်ပြီး စဉ်းစားကြည့်တဲ့ အခါမှာ ဒါရှင်းရှင်းလေးဘဲလို့ လွယ်လွယ် မှတ်ချက်ချမိတယ်။ ဒါပေမဲ့ တကယ်တမ်းသေသေချာချာ လေးလေးနက်နက် စဉ်းစားကြည့်မယ်ဆိုရင်တော့ အင်မတန်မှ ရှည်လျားရှုပ်ထွေးနေတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်း ဇာတ်ရှုပ်ကြီး တစ်ခုဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ အာဏာရေရှည်တည်မြဲရေးလား၊ နိုင်ငံ တစ်ခုလုံးကိုလူမျိုးကြီး တစ်ခု ဒါမှမဟုတ် လူမျိုးကြီးတွေက လက်ဝါးကြီးအုပ်ချုပ်နိုင်ဖို့လားဆိုတာ အများကြီး မရှင်းမလင်းနဲ့ ရှုပ်ထွေးစေပါတယ်။ ဒါပေမဲ့ ဒီမှာကျနော် ညာဏ်မှီ သလောက်နဲ့ လေ့လာမိသမျှကို အခြေခံပြီး တင်ပြချင်ပါတယ်၊ အထူးသဖြင့် စစ်အာဏာရှင် အာဏာတည်မြဲရေး ရှု့ထောင့် ကနေတင်ပြလိုပါတယ်။
၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီး ပြန်ကြည့်မယ် ဆိုကြပါစို့ လွတ်လပ်ရေးဖခင်ကြီး လုပ်ကြံခံရတာကို အရင်ပြန်ကြည့်မယ် တိုင်းရင်းသားတန်းတူရေးကို ဦးစားပေးပြီး ဖက်ဒရယ်နိုင်ငံကို ဦးတည်နေတဲ့သူ လွတ်လပ်ရေး မရခင်မှာဘဲ သူလုပ်ကြံခံခဲ့ရတယ်။
တိုင်းရင်းသား (၁၀၀) ကျော်နေထိုင်တဲ့ ကျနော်တို့ နိုင်ငံမှာ ပြည်ထောင်စုကိုမြတ်နိုးပြီး သူတို့လိုချင်တဲ့ စိတ်ကူးပုံရိပ်ကို အကောင်ထည်ဖော်ဖို့ ဗိုလ်ချုပ်အောင်ဆန်းကို သူတို့ ယုံယုံကြည်ကြည်နဲ့ အားလုံးပုံအပ်ခဲ့တယ်။ မမျှော်လင့်ဘဲနဲ့ ဗိုလ်ချုပ်လုပ်ကြံလိုက်ရတာနဲ့ ထပ်တူဘဲ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ အတူမွေးဖွားလာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကလည်း ကုန်းမြင့်နေတိုင်းရင်းသားတွေ လိုချင်တပ်မက်နေတဲ့ ပြည်ထောင်စု နိုင်ငံကြီးတစ်ခုဆိုတာကလည်း ဗိုလ်ချုပ်နဲ့ တစ်ခါတည်းဘဲ လုပ်ကြံခံလိုက်ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမိုင်းဝင်း ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်နဲ့ကုန်းမြင့်နေ တိုင်ရင်းသားခေါင်းဆောင်ကြီးတွေ သဘောတူလက်မှတ် ထိုးခဲ့တာဟာ အမေ့ခံခဲ့ရပြီး ကျနော်တို့နိုင်ငံဟာ အကာက ပြည်ထောင်စုနိုင်ငံ လို့ပြောနေပေမဲ့ တကယ့် အနှစ်ပိုင်းက တပြည်ထောင်နိုင်ငံဘဲဖြစ်နေပြီး တကယ်တမ်း ကုန်းမြင့်နေတိုင်းရင်းသားတွေအတွက် တန်းတူညီ မျှမှုဆိုတာ မရှိခဲ့ပါဘူး။ ဒါတွေဟာ ကျနော်တို့ နိုင်ငံပြည်တွင်းစစ်တွေဖြစ်ဖို့ အကြောင်းရင်းပြဿနာ တစ်ခုပေါ် လာ တာဘဲ။
ဦးနုကို (၇) မိုင်အစိုးရလို့ ပြောရလောက်အောင်ကို ကျနော်တို့နိုင်ငံတွင်းစစ်ကြီးက ဆိုးဝါးနေတယ်။ အစိုးရထိန်းမ နိုင်သိမ်းမရ အခြေနေပေါ့။ ဦးနု ကနေ ဗိုလ်ချုပ်နေ၀င်းကို ပထမဦးဆုံး (၁၉၅၈) မှာ အိမ်စောင့် အစိုးရ ဆိုပြီး တော့ လွဲပေးလိုက်တာက စစ်တပ်ကို နိုင်ငံအုပ်ချုပ်တဲ့ အရသာကို သိသွားစေခဲ့တယ်။ ၁၉၆၁ ဇွန်လ မှာ ရှမ်းပြည် နယ် တောင်ကြီးမြို့ မှာ မပြည့်မစုံ မှားယွင်းနေတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်ထောင်စု စစ်စစ် ပုံစံတို့ ပြုပြင်ပုံ သွင်းနိုင်ရန်အတွက် အထင်ကရဖြစ်သော တောင်ကြီးညီလာခံ ကိုပြုလုပ်နိုင်ခဲ့သည်။
၎င်းအား တရားဝင်းဖြစ်ရန်နှင့် ထိထိရောက်ရောက်ဆွေးနွေးရန်ဟုဆိုကာ ၀န်ကြီးချုပ် ဦးနုမှ ရန်ကုန်မြို့ရှိ အသံ လွင့်ရုံတွင် ဆွေးနွေးပွဲကျင်းပပေးကာ ပထမရက်အပြီး ၁၉၆၂ မတ်လ (၂) ရက်နေ့ တွင် စစ်အာဏာရှင် ဗိုလ်ချုပ် နေ၀င် မှ ဖက်ဒရယ်ရေးရယ် အားလက်မခံ၍ ဖက်ဒရယ်နိုင်ငံတည်ထောင်မည်ဆိုပါက နိုင်ငံအစိပ်စိပ်အမွှာမွှာပြို ကွဲသွားမည် ဟူသော အကြောင်းပြချက်ဖြင့် " နိုင်ငံတော်ကြီး ချောက်ထဲကျလုနီးနီးတွင် ကယ်ဆယ်လိုက်ရ တယ်" ဟု စကားချိုသပ်၍ နိုင်ငံတော် အာဏာသိမ်းလိုက်သည်။ ၄င်းသည် ပထမဆုံးအကြိမ် စစ်အာဏာရှင်များ ၏ ငန်းငန်းတက် အာဏာတပ်မက်မှုနှင့် လူမျိုးကြီး စရိုက်ကို ပေါ်ပေါ်တင်တင်ပြလိုက်ခြင်းဖြစ်သည်။ ထိုကြောင့် ၄င်းတို့ အာဏာသိမ်းပြီးနောက်ပိုင်း လူမျိုးအလိုက် မိမိတို့ လူမျိုးအတွက် တိုင်းရင်းသား (ကုန်းမြင့်) များအတွက် တန်းတူညီမျှရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ဒီမိုကရေစီ အရေးတို့ အား လက်နက်ကိုင်တိုက်မှ ရမည်ဟု ယုံကြည်လာကာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ပိုမိုတိုးပွား လာခဲ့ရသည်။
နောက် ပညာသားပါပါ ဗိုလ်ချုပ်နေ၀င်း၏ အာဏာသိမ်းပြီး (၁၂) နှစ်ကြာ ၁၉၇၄ တွင် ဆိုရှယ်လစ်နိုင်ငံ အမည် ဖြင့် စစ်အာဏာတည်မြဲရေး ဖွဲစည်းပုံအခြေခံဥပဒေ အား ရေးဆွဲအတည်ပြု၍ ၄င်းကိုယ်တိုင်သမ္မတလုပ်အုပ်ချုပ် ချယ်လှယ်ခဲ့သည်။ ကုန်းမြင့်နေ တိုင်းရင်းသားများအားလည်း " ဗမာ တစ်ကျပ် ရှမ်းတစ်ကျပ်" ဆိုသော စကား အား တဖက်လှည့်အသုံးပြု၍ ကုန်းမြင့်နေတိုင်းရင်းသားများအတွင်းမှ အင်အားတောင့်တင်းသော တိုင်းရင်းသား များအား ပြည်နယ်တစ်စီပေး၍ ၄င်းကိုယ်တိုင်ကား တိုင်း(၇) ခုအား ယူ၍ မိန့်မိန့်ကြီး အနိုင်ယူ ခံစားခဲ့ကြသည်။ ၄င်းသည်လည်း ကုန်းမြင့်နေတိုင်းရင်းသားများအား လက်နက်ကိုင်တိုက်ပွဲအရှိန်မြင့်မားလာစေရန် ပိုမို တွန်းအား ပေးလာခဲ့သည်။
စစ်အာဏာရှင်တို့၏ ဖိနှိပ်မှု နှင့် လူမျိုးကြီးဝါဒကြောင့် လူထုတော်လှန်ရေးဖြင့် ဖယ်ချပြီးနောက်ပိုင်းတွင်လည်း တန်းတူညီမျှရေး၊ ဖက်ဒရယ်ရေးအတွက် တွေဝေနေကြသော ခေါင်းဆောင်များကြောင့် န၀တ အဖြင့် အမည် ပြောင်းလာသည့် ဗိုလ်ချုပ်နေ၀င်း လက်ဝေခံ စစ်အုပ်စုများ အာဏာသိမ်းဖိနှိပ်မှုများ ထပ်မံခံရသည်။ ရွေး ကောက်ပွဲကျင်းပပေးမည်ဟူသော အကြောင်းပြချက်ဖြင့် မိမိတို့ အာဏာရေရှည် တည်မြဲရေးအတွက် ကြိုးစား တော့သည်။
၁၉၉၀ ရွေးကောက်ပွဲအား အပိုင်တွက်ထားသော်လည်း ထင်မြင်ထားသည့် အတိုင်းအောင်မြင်မှု မရှိဘဲ တိုင်းရင်း သားနှင့် မြေပြန့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကြောင့် စစ်တပ်အား အကြမ်းမဖက်နည်းဖြင့် အနိုင်ယူ လိုက်သောအခါ စစ်အာဏာရူးများမှ အရူးမီးဝိုင်းဖြစ်ရတော့သည်။ ၄င်းအတွက် န၀တ အား ဦးစီးလုပ်ကိုင်နေ သော ဗိုလ်ချုပ်မှူးကြီး စောမောင်အား အကြောင်းအမျိုးမျိုးပြ၍ ထောင်းတွင်းသို့ပို့ကာ အနဖ ဟူသော အမည်ပြောင်းဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွေ ၏ ချယ်လှယ်မှုအောက်တွင် ပြည်သူအများ အဖိနှိပ်ခံနေကြရသည်မှာ ယနေ့တိုင်ပင် ဖြစ်လေတော့သည်။
ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များ၏ ကုန်းမြင့်နေတိုင်းရင်းသားများအပေါ်ထားသည့် သဘောထားနှင့် နှိမ်နှင်းနည်းမှာ နည်းပရိရာယ် ကြွယ်ဝမှုအပိုင်းအလိုက် အပျော့အပြင်းသာကွာခြားသည်မှလွဲ၍ ပြောင်းလဲမှုမ ရှိပေ။ ကုန်းမြင့်နေ တိုင်းရင်းသားများအား ၄င်းတို့၏ လက်အောက်ခံအဖြစ် ထာဝစဉ်နေရေး၊ ဖက်ဒရယ်မစိုထား နှင့် တပြည်ထောင်စနှစ်နှင့် ပင်လျှင် ၄င်းတို့ပြုသမျှ နုစေရေး၊ ၄င်းတို့ စစ်အုပ်စုများ အာဏာရှည်ရေတည်မြဲရေး၊ တို့အား တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သည်။
ယခု ၄င်းတို့ ကျင်းပပြုလုပ်မည်ဟုပြောသော ရွေးကောက်ပွဲအားပြန်ကြည့်မည်ဆိုပါက ၁) ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်အား ဥပက္ခာပြု၍ ရွေးကောက်ပွဲ တစ်ခုကျင်းပရန်ကြိုးပမ်းခြင်း၊ ၂) ဖွဲ့စည်းပုံရေးဆွဲရေးဟုဆိုကာ အမျိုး သားညီလာခံအား (၁၅) နှစ်တိုင် ပိတ်လိုက်ရပ်လိုက်ဖြင့် အမှန်တိုင်းရင်းသားပြည်သူများ ဆန္ဒမှန် မဟုတ်သော ဖွဲ့စည်းပုံ တစ်ခုအား ရေးဆွဲခဲ့သည်၊ ၃) ၄င်းတို့အား ကာကွယ်မည့်ဖွဲ့စည်းပုံအား ရေးဆွဲ၍ ပြည်သူများ၏ ဆန္ဒပါ သည်ဟုဆိုကာ ၂၀၀၈ မေ (၁၀) ရက် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပြည်သူများဒုက္ခရောက်နေချိန် နှင့် ပြည်သူ များအား နည်းအမျိုးမျိုးဖြင့်ညစ်ပတ် ထောက်ခံမဲ့ပေးခိုင်း၍ ၉၂ ရာခိုင်နှုန်းကျော်ပြ၍ အနိုင်ယူထားခြင်း၊ ၄) ၄င်း တို့အား ကာကွယ်မည်ဟု ဆိုထားသော ၂၀၀၈ ဖွဲ့စည်းပုံအား အသက်သွင်းလှုပ်ရှားနိုင်ရေးအတွက် ရည်ရွယ်ထား ခြင်း စသည်များအား သာလျှင် အမှန်တကယ်တွေ့ရှိရပြီး အမှန်တကယ်တိုင်းပြည် ငြိမ်းချမ်းတိုးတက်ရေးအား မတွေ့ရှိရပေ။
အထက်ပါအကြောင်းအရာများအား တင်ပြပြီး ဤနေရာတွင် ခေါင်စဉ်နှင့် ဆက်စပ်၍ ကျနော်တင်ပြလိုပါသည်
"အဘယ်ကြောင့် နအဖ စစ်တပ်တွေ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေကို တိုက်ခိုက်ရတာလဲ?" ဆိုတဲ့ အဖြေပါ။
စစ်အုပ်စုကောင်းစားရေးနှင့် လူမျိုးကြီးဝါဒစွဲ စစ်ခေါင်းဆောင်ကြီးများ၏ မူဝါဒ သဘောထားနှင့် ဆန့်ကျင်ဘက် ဖြစ်နေသော တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး နှင့် ဒီမိုကရေစီရေး တို့အတွက် တိုက်ပွဲဝင် နေသော ကုန်းမြင့်နေ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအနေဖြင့် စစ်အုပ်စုများ၏ ခေတ်အဆက် ဆက် မဟာရန်သူတော်များအဖြစ် အမြစ်ပြုတ် အပြီးတိုင်ချေမုန်းရန် လုပ်ဆောင်နေသည်မှာ မဆန်းပေ။
ထို့ကြောင့် မိမိအနေဖြင့် ဤအမေးအား အဖြေပေးရမည်ဆိုပါက စစ်အုပ်စု အကျိုးစီးပွားရေးနှင့် လူမျိုးကြီးဝါဒဆွဲ စစ်ခေါင်းဆောင်ကြီးများ၏ မူဝါဒ သဘောထား နှင့် သဘောထားဆန့်ကျင်ဘက်ဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား တိုက်ခိုက်ရခြင်းဖြစ်သည်ဟု တင်ပြလိုပါသည် ခင်ဗျား။

ရဲနိုင် (၁၂၊ ၂၊ ၂၀၁၀ မွန်းလွဲ ၁၂း၃၇)

No comments:

''Against the cruel and stupid Regime with 'IT' ''