ကျနော် နဲ့ လောက
တခါတလေ လောကကြီးက အရမ်းလှတယ်
တခါတလေ လောကကြီးက အရမ်းအကျည်းတန်တယ်
တခါတလေ လောကကြီးက အရမ်းကောက်ကျစ်တယ်
တခါတလေ ကျတော့လည်း သူက အရိုးသားဆုံး လောကကြီးဖြစ်သွားပြန်ရော
တခါတလေ လောကကြီးဟာ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေနဲ့ ပြည့်နေပြီး
တခါတလေ ကျပြန်တော့လည်း ပူဆွေးသောကတွေနဲ့ဘဲ ပြည့်နက်နေပြန်တယ်
တခါတလေ မှာ လောကကြီးဟာ ရယ်စရာကောင်းတဲ့ ဟာသတွေနဲ့ ဘဲပြည့်နက်နေတတ်ပြီး
တခါတလေ မှာတော့ လောကကြီးဟာ စိတ်တိုစရာတွေနဲ့ဘဲ ဖွဲ့စည်းထားသလိုကြီးဖြစ်နေတယ်
တခါတလေ ခပ်တည်တည်နဲ့ ငေါက်ငန်းပြောဆိုတတ်ပြီး
တခါတလေ ကျပြန်တော့လည်း ချော့ချော့မော့မော့နဲ့ သဘောကောင်းနေပြန်ရော
တခါတလေ မောက်မောက်မာမာနဲ့ ဘ၀င်မြင့်နေ တတ်ပေမဲ့
တခါတလေ ကျပြန်တော့လည်း သူဘဲ သူများထက်အောက်ကျို့ သီးခံတတ်နေပြန်ရော
တခါတလေ သနားညာသာမှုကင် မဲသလောက်
တခါတလေ ကျပြန်တော့လည်း သူဘဲစာနာတတ်သူကြီးဖြစ်သွားပြန်ရော
အင်း...... ဒါကြောင့် လူတွေက လောကကြီးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်လို ပြောကြတာလား...။
ရဲနိုင်
(၁၂-၉-၂၀၀၉၊ မနက် ၉း၄၁)
(၂၉ နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ အဖြစ်ခံစားရေးဖွဲ့သည်။)
ပေါက်တက်ကရလေးတွေပါ
Thursday, September 11, 2008
Labels:
ခုန်ထွက်လာသော ခံစားချက်များ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment