''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Friday, January 02, 2009

မင်္ဂလာရှိသော အသံများ

ကျနော်တို့ အတွက် ညီညွတ်ရေး လမ်းစလိုမြင်သလို အောင်မြင်ခြင်းလမ်းစလိုမြင်တယ်လေ...

ဆက်စပ်မှုမရှိဘဲနဲ့ပြောလိုက်လို ရှုပ်သွားမလားဗျာ...

ဒီလိုပါ...
အခုနှစ်သစ်ဖြစ်တဲ့ ၂၀၀၉ ကိုဝင်လာတာနဲ့ အမျှ နအဖ ရဲ့ ၂၀၁၀ ကိုဆန့်ကျင်တဲ့အသံက ပိုပီပြင်လာတယ်...

မကြိုက်ဘူးဟေ့ ... ဆန့်ကျင်တယ်...

ဘယ်လောက်ဖမ်းဖမ်းမကြောက်ဘူးကွ ဆိုတဲ့ ရဲ့ရင့်တဲ့ ကျနော်တို့ တမြေတည်းဖွားနောင်ဖွားတွေရဲ့ အသံတွေ...

ဆင်းရဲ ကြပ်တည်းလို့ ဖိနှိပ်ခံရလို့ ရုန်းကြွလာတဲ့ ကျနော်တို့ ပြည်သူတွေ...

ညီညွတ်ရေး အတွက် လမ်းစဖော် စကားပြောလာ တဲ့ NCUB ရဲ့ စကားသံ လိုဟာမျိုးတွေ...

ကျနော်တို့မှာ အားရှိလာပြီ...

ကျနော်တို့ စည်းလုံးဖို့လိုပြီး...

ကြီး၊ ငယ်၊ ရွယ်လတ် မရွေး ကျနော်တို့ ဟန်ရေးတွေ...

ကျနော်တို့အင်အားတွေ စုစည်းဖို့လိုပြီ...

ကျနော်တို့ ကျစ်လစ်တဲ့ လက်သီးချက်တွေနဲ့ ရန်သူကို အလဲထိုးဖိုလိုပြီ ( ကိုဇွန်မှိုင်း ရဲ့စကားအတိုင်းပေါ့)...

ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ရမယ်...

ညီညွတ်ရေးလုပ်ဆောင်တဲ့သူတွေကို အစုဖွဲ့ကို ၀ိုင်းရံ လုပ်ဆောင်ကြမယ်...

နှစ်သစ်အတွက် တကယ့် မင်္ဂလာပါဘဲဗျာ...

ဒုတိယလွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်

http://www.youtube.com/watch?v=-jYGTx11X-E

ရဲနိုင်

No comments:

''Against the cruel and stupid Regime with 'IT' ''