အခုတလော စစ်အိုကြီးတွေ နိုင်ငံတကာနဲ့ ယူအန် ရဲ့ တွေဆုံ တိုက်တွန်းမှုတွေ ကြောင့်လို့ထင်ပါတယ် ကျနော်တို့အင်အားစုတွေရဲ့ ပြောဆိုချက်လည်းပါတာပေါ့လေ ...
နိုင်ငံရေး အကျဉ်းသား တွေရဲ့ ထောင်ဒဏ်လျှော့ တာမျိုးတွေလုပ်လာတယ်
ဒါတွေကိုကျနော်တို့ မျက်စိမလည်ဖို့လိုတယ်လို့ ကျနော်ထင်ပါတယ်ခင်ဗျား ဘာကြောင့်လည်းဆိုတော့ သူတို့က ဒီ ဖိအားတွေရှိလာရင် ဒီလိုလျှော့ချဖို့ဆိုတဲ့ ရည်မှန်ချက်ရော ကျနော်တို့နိုင်ငံသားတွေ နိုင်ငံရေး အမှန်းတရားမဖော်ထုတ်ရဲ့အောင်လို့ ခြိမ်းခြောက်တာမျိုးရောလုပ်ပြတာဖြစ်တယ်
ကျနော်ဆိုလိုချင်တာက ဒီထောင်ကျနေတဲ့သူတွေက ရာဇ၀တ်မှု (လူမှုရေးအနေနဲ့ နိုင်ငံရေးအနေနဲ့ တစ်စုံတယောက်ကိုထိုခိုက်ပါစေလို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲနဲ့ အမှန်းတရားအတွက်လုပ်တာဘဲဖြစ်ပါတယ်) ကျူးလွန်နေတဲ့ သူတွေမဟုတ်လို့ ဒီထောင်ဒဏ်တွေ ဟာ သူတို့အတွက်မဟုတ်ပါဘူး ဒါကြောင့် သူတို့အတွက် ထောင်ဒဏ်လျှော့ပေးတာဆိုတာမျိုးက ဒါသူတို့ရဲ့ လှည့်ကွက်ပါဘဲ။ သူတို့ နိုင်ငံတကာနဲ့ ယူအန် ကို လှည့်တာပါ။ အမှန်တကယ်က သူတို့တွေအားလုံးကိုလွတ်ပေးရမှာပါ ကျနော်တို့နိုင်ငံ ပြောင်းလဲလာဖို့ ပြောဆိုတာကို သူတို့လက်ခံရမှာပါ ကျနော်တို့ နိုင်ငံဟာ တိုင်းရင်းသားတွေများလို့ အားလုံးရဲ့ ဆန္ဒပါအောင်းလို့ တကယ့် တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒပါဝင်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီ့ အတွက် ကျနော်တို့ နိုင်ငံသားတွေဟာ လွတ်လွတ်လပ်လပ် ပြောဆို (အပြုသဘောဆောင်တဲ့) နိုင်ဖို့ လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ အခွင့်အရေးရှိဖို့ လိုအပ်နေတာပါ ဒါကြောင့် သူတို့ရဲ့လုပ်ကွက်တွေကို ကျနော်တို့ သိထားဖို့နဲ့ ကျနော်တို့ နိုင်ငံ ကို ကျနော်တို့ လိုချင်တဲ့ ပုံစံအတိုင်း (ဖြစ်သင့်တဲ့ပြောင်းလဲမှု) ပြောင်းလဲ လာဖို့ ကိုကျနော်တို့ မျက်စိမလည် နားမရှုပ်ဘဲနဲ့ မှန်မှန်ကန်ကန် လုပ်ဖို့လိုတယ်လို့ဘဲ ကျနော် တွေးမိတာဘဲ ရောင်းရင်းတို့ရေး...
ရဲနိုင်
ပေါက်တက်ကရလေးတွေပါ
Friday, February 20, 2009
ရောင်းရင်းတို့ရေ
Sunday, February 15, 2009
ဂျပန်နိုင်ငံခြားရေးဝန်ကြီး နှင့် UN အထူးကိုယ်စာလှယ် မစ္စတာ ဂမ်ဘာရီ ခင်ဗျာ
ကျနော်တို့ နိုင်ငံမှာ အခု တကယ်လိုနေတာ က နိုင်ငံတကာက နအဖ ကို ဖိအား ပေးပြီး လွတ်လပ်မျှတတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ဖို့ မဟုတ်ပါဘူး ခင်ဗျားတို့ တလွဲ ဆံပင်မကောက်ကြပါနဲ့ ကျနော်တို့ တနိုင်ငံလုံး စစ်ကျွန်ဖြစ်မဲ့ ကိစ္စကို ခင်ဗျားတို့ ကလိုက်ပြိးစည်းရုံး တိုက်တွန်းနေရင် နိုင်ငံတကာ ကိုလက်ခံလာအောင်လုပ်ရင် ခင်ဗျားတို့ မြန်မာအရေးနဲ့ ပတ်သက်တဲ့ စစ်ကျွန်ဖြစ်အောင်လုပ်ပေးတဲ့ သမိုင်း တရားခံပါဘဲ...
မြန်မာပြည်ကိုရောက်တိုင်း NLD နဲ့ အတိုက်ခံ အင်အားစုတွေက တင်ပြပြောဆိုနေရက်တားနဲ့ ခင်ဗျာတို့ က ဒီလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဘဲ လာပြောနေတယ်။ နအဖ ရေးထားတဲ့ ဖွဲ့စည်းပုံကို သေချာပြန်ဖတ်ပေးပါ အခုသူတို့ အင်္ဂလိပ် ဗားရှင်းလည်းရှိ ပြိးဖြစ်တယ် သေချာပြန်သုံး သပ်စေချင်ပါတယ်...
ကျနော်တို့ စီမှာ တကယ်လိုနေတာက
- သုံးပွင့်ဆိုင်တွေဆုံ ဆွေးနွေးရေးလုပ်ပါ
- ဖွဲ့စည်းပုံကို ပြန်လည် သုံးသပ်ပြင်ဆင်ဖြည့်ဆွတ် ဖြုတ်ထုတ်ပြိး ပြည်သူ့ ဆန္ဒအမှန်ကိုယူပါ
- အဲဒါတွေ အားလုံးဖြစ်နိုင်ဖို့ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချွတ်ယွင်းချက်မရှိလွတ်ပေးပါ
ဒါဟာ ကျနော်တို့ နိုင်ငံ အငြိမ်းချမ်းဆုံးနည်းနဲ့ပြောင်းစေမဲ့ နည်းလမ်းတွေပါဘဲ
တကယ်ကျနော်တို့ ကိုတစ်သက်လုံး စစ်ကျွန်ဖြစ်အောင်လုပ်မှာ သူတိုအတင်းအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးပါ ဒါကြီးကို မပြုပြင်မခြင်းဘယ်လောထိ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုးဘဲ ဖြစ်ဖြစ် ကျနော်တို့ နိုင်ငံအတွက် စစ်မှန်တဲ့ ပြောင်းလည်းမှု မဖြစ်နိုင်ပါဘူး အဲဒီအပြင်ကို ကျနော်တို့ နိုင်ငံဟာ ပြည်တွင်းစစ်ဖြစ်နိုင်မဲ့ ရင်ဆိုင်ရမဲ့ အနေမျိုးတွေဖြစ်လာနိုင်ပါတယ် အဲဒါကြောင့် အထက်မှာပြထားတဲ့ ပြောင်းလဲမှုမျိုးမှ မဟုတ်ရင် မဖြစ်နိုင်ပါဘူး
ဒါကြောင့် ဂျပန်နိုင်ငံခြားရေး ၀န်ကြီး နှင့် UN အထူးကိုယ်စာလှယ် များအား ပြောလိုသည်မှာ မြန်မာ တွေ နှစ်ရှည် စစ်ကျွန်ဖြစ်ပြီး ညှင်းပန်းနှိပ်ဆက်ခံရတဲ့ နိုင်ငံဖြစ်အောင်လုပ်ပေးတဲ့ သမိုင်းတရားခံ မဖြစ်စေချင်ရင် နိုင်ငံတကာမှာ နအဖ ကို ၂၀၁၀ မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်အောင်လုပ်ပေးပါဆိုတဲ့ တောင်ဆိုစည်းရုံးမှုမျိုးတွေ မလုပ်ပါနဲ့ ခင်ဗျားတို့ လုပ်ပေးရမှာ က နိုင်ငံတကာကို နအဖ ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်သုံးသပ်ပြင်ဆင်ဖို့ အများလက်ခံအောင်လုပ်ဖို့ ပါဘဲ ဒါမှ လူကြီးမင်းတို့အနေနဲ့ သမိုင်းတရားခံ အဖြစ်ကလွတ်မှာဖြစ်ပါတယ်...
ရဲနိုင်
Wednesday, January 07, 2009
Sunday, January 04, 2009
Saturday, January 03, 2009
အားမန်ပြည့်တဲ့ စမ်းချောင်းလေး
ညီလေး ညီမလေးတို့ရေ...
လူထုအကျိုးပြုမဲ့ စမ်းချောင်းတစင်းဟာ
အမှိုက်သရိုက်ဒိုက်တွေ ဘယ်လိုဆီးတားလိုက်ပါစေ
ဟန့်တားနှောင့်ယှက်ပိတ်ပင်သူတွေ ဘယ်လိုပွားများငြူစူနေပါစေ
လမ်ကြောင်းလွဲအမြတ်ထုတ် သူတို့ဘယ်လိုလုပ်နေပါစေ...
စမ်းချောင်းကလေးဟာ
အမိရင်ခွင်ကျယ်ကြီးကို တသွင်သွင်စီးဆင်းလို့
အများပြည်သူကို အလုပ်အကျွေးပြုဖို့
သံစဉ်ညီညာ ကျူးရင့်ဟစ်ကြွေးနေလျှက်ပါ...
တခုတော့ရှိတယ်
အဲဒီစမ်းချောင်းကလေး
ပြည်သူ့ရင်ခွင်ထဲ တသွင်သွင်စီးဆင်းဖို့
ကမ်းပါးညီညာ လမ်းသာယာအောင်
ညစ်ထွေးအမှိုက်သရိုက် သူမလိုက်အောင်
စီးဆင်းနေတဲ့ စမ်းချောင်းတလွားမှာ ငြိမ်းချမ်းရေးတေးတွေ အစဉ်သီကြူးနေအောင်
သန္တျုသီတ၊ ၀ီရရသတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ တအာင်းပြည်သူအားလုံးအတွက် ဆောင်ကြဉ်းပေးနိုင်အောင်
အားလုံးရဲ့ညီညာလက်တွေနဲ့ ဖေးမမွမ်းမံကြရစမြဲပါ...
ညီလေး ညီမလေးတို့ရေ...
စမ်းချောင်းကလေးကတော့ စီးဆင်းမြဲပေါ့ကွယ်...
အဲဒီစမ်းချောင်းကလေးကတော့ စီးဆင်းမြဲပေါ့ကွယ်...
အဲဒီစမ်းချောင်းကလေး ကလေ...
လူငယ်ဘ၀ ဖွံ့ဖြိုးတိုးတက်မှုတွေ
ငြိမ်းချမ်းရေးနဲ့ တရားမျှတရေးတွေ
ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေ
တန်းတူညီမျှခွင့်နဲ့ ကျား၊မ တန်းတူခွင့်တွေ
ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီကိုမောင်ဘွားအတူယှဉ်တွဲနေထိုင်ရေး အသိတရားတွေ
ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်စောင့်ရှောက်မှုတွေ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ လူမှုဘ၀ဖွံ့ဖြိုးရေးတွေ
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးတွေ
အစရှိတဲ့ ကောင်းခြင်းမင်္ဂလာအဖြာဖြာကို
တအာင်း လူငယ်မောင်မယ် ပြည်သူဆီအရောက်
ပို့ဆောင်ပေးနေတာပါ...
ဆောင်ကြဉ်း အပ်နှင်းပေးနေတာပါ...
တကယ်တော့...
အဲ့ဒီစမ်းချောင်းကလေးကို
ညီလေးတို့ ညီမလေးတို့ အစ်ကိုတို့အားလုံးရဲ့
ဝီရိယဆိုတဲ့ သီးခံအားထုတ်မှုတွေ
ခန္တီးစဆိုတဲ့ သီခံစိတ်ရှည်မှုတွေ
ဆန့်ထွက်တီထွင် တွေးခေါ်ကြံဆမှုတွေ
စွန့်လွတ်အနစ်နာခံခြင်း အရင်းအနှီးတွေ
စွန့်စားဆောင်ရွက်မှုတွေ
တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ
ရိုးသားတည်ကြည် ဖြောင့်မတ်မှုတွေ
အစရှိတာတွေ အားလုံးပေါင်းစု
အားလုံးရဲ့ဘ၀တွေ အရင်းပြု ထုဆစ်လာကြရတဲ့ စမ်းချောင်းကလေးပါ...
ညီလေး ညီမလေးတို့ရေ...
စမ်းချောင်းကလေးကတော့ စီးဆင်းမြဲ စီးဆင်းလျှက်ပေါ့ကွယ်
အဲဒီလိုဖြတ်သန်းလာရင်းနဲ့ စမ်းချောင်း ကလေးဟာ
ညီလေး ညီမလေးတို့အားလုံးပါဝင် စုရုံးစေတဲ့
"တအာင်း ကျောင်းသား နှင့် လူငယ်များ အစည်းအရုံး"
ညီလေး ညီမလေးတို့ရေ...
အနာဂတ်ပဲ့ကိုင် စမ်းချောင်းကလေးကတော့ စီးဆင်းနေမှာပါ...
ပြီးတော့လည်း ဆက်ဆက် စီးဆင်းနေမှာပါ...
ကမ္ဘတည်သရွေ့ အားမာန်အပြည့်နဲ့ စီးဆင်းနေမှာပါ...
(တအာင်းကျောင်းသား နှင့် လူငယ်များ အစည်းအရုံး ဒုတိယကြိမ်မြောက်ညီလာခံ အမှတ်တရ)
၂.၀၁.၀၉
မိုင်းဘုန်းကျော်
ဆရား ကြီးဒဂုန်တာရာ
၉၀ ရွေးကောက်ပွဲနိုင် လွတ်တော်ကိုယ်စာလှယ် တွေကို လွတ်တော်ခေါ်ဖို့ တိုက်တွန်တဲ့ ဆရားကြီး ဒဂုန်တာရာကို လေးစားထောက်ခံတယ်ဗျို့
စိတ်ကောင်းဝင်ပြီး ဖော်ပြခွင့် ပေးတဲ့ ငတေတွေကိုတော့ လုပ်ကွက်တစ်ခုပြင်တယ်လို့မြင်လို့ ကျေးဇူးမတင်နိုင်ဘူး
ဒါဘဲ။
ငရဲ
Friday, January 02, 2009
မင်္ဂလာရှိသော အသံများ
ကျနော်တို့ အတွက် ညီညွတ်ရေး လမ်းစလိုမြင်သလို အောင်မြင်ခြင်းလမ်းစလိုမြင်တယ်လေ...
ဆက်စပ်မှုမရှိဘဲနဲ့ပြောလိုက်လို ရှုပ်သွားမလားဗျာ...
ဒီလိုပါ...
အခုနှစ်သစ်ဖြစ်တဲ့ ၂၀၀၉ ကိုဝင်လာတာနဲ့ အမျှ နအဖ ရဲ့ ၂၀၁၀ ကိုဆန့်ကျင်တဲ့အသံက ပိုပီပြင်လာတယ်...
မကြိုက်ဘူးဟေ့ ... ဆန့်ကျင်တယ်...
ဘယ်လောက်ဖမ်းဖမ်းမကြောက်ဘူးကွ ဆိုတဲ့ ရဲ့ရင့်တဲ့ ကျနော်တို့ တမြေတည်းဖွားနောင်ဖွားတွေရဲ့ အသံတွေ...
ဆင်းရဲ ကြပ်တည်းလို့ ဖိနှိပ်ခံရလို့ ရုန်းကြွလာတဲ့ ကျနော်တို့ ပြည်သူတွေ...
ညီညွတ်ရေး အတွက် လမ်းစဖော် စကားပြောလာ တဲ့ NCUB ရဲ့ စကားသံ လိုဟာမျိုးတွေ...
ကျနော်တို့မှာ အားရှိလာပြီ...
ကျနော်တို့ စည်းလုံးဖို့လိုပြီး...
ကြီး၊ ငယ်၊ ရွယ်လတ် မရွေး ကျနော်တို့ ဟန်ရေးတွေ...
ကျနော်တို့အင်အားတွေ စုစည်းဖို့လိုပြီ...
ကျနော်တို့ ကျစ်လစ်တဲ့ လက်သီးချက်တွေနဲ့ ရန်သူကို အလဲထိုးဖိုလိုပြီ ( ကိုဇွန်မှိုင်း ရဲ့စကားအတိုင်းပေါ့)...
ကျနော်တို့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်နိုင်ရမယ်...
ညီညွတ်ရေးလုပ်ဆောင်တဲ့သူတွေကို အစုဖွဲ့ကို ၀ိုင်းရံ လုပ်ဆောင်ကြမယ်...
နှစ်သစ်အတွက် တကယ့် မင်္ဂလာပါဘဲဗျာ...
ဒုတိယလွတ်လပ်ရေးတိုက်ပွဲ အောင်ရမည်
http://www.youtube.com/watch?v=-jYGTx11X-E
ရဲနိုင်






