''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Friday, September 12, 2008

တော်လှန်ရေး နဲ့ ကျနော်

ရဲနိုင် မင်းဘာလိုဒီရောက်နေလည်း
ကျနော် လိမ်ပြီးခိုးစားနေရတဲ့ ဘ၀ကိုမုန်းလို့ပါ

တယ်လာတဲ့ စာပါလား

မြန်မာပြည်မှာရှိတဲ့ အစိုးရ၀န်ထမ်းတွေနဲ့ ပြည်သူတွေဟာ
လိမ်ညာစားမှ လူလုံးလှပြီး ဗိုက်သားကြွကြမှာမိုး လိမ်တာအကျင့်လိုဖြစ်နေကျတာပါ

ဒါနဲ့ ဒီဘက်ထွက်လာတာနဲ့ ဘာဆိုင်လဲကွာ

အရင်က ဒါကိုမကြိုက်တာဘဲ သိတယ် ဘယ်လိုလုပ်ရမှန်းမသိဘူး ဒါနဲ့ ကြံမိကြံရာကြံရင်း ဒီဘက်ရောက်လာတာပါဘဲ
ပြောကြတယ် တော်လှန်ရေးတဲ့

မှန်လားဗျာ

မှန်လိုက်လေ proposal တော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ၀ါဒပြိုင်တော်လှန်ရေး၊ ပါတီတွင်းတော်လှန်ပြီး အဖွဲ့စည်းများများဖွဲ့စည်း ပြီး ရေရှည်စီမံကိန်းတော်လှန်ရေး၊ ဆရာတင် တပည့်မွေးတော်လှန်ရေး အို များလိုက်လေဗျာ
ကျုပ် သူခိုဘ၀ကလွတ်ချင်တာလေးတောင် သူတို့နဲ့ရောပြီးပျောက်သွားမှာစိုးလို့ သတိထားနေရသဗျ

ဒါဆိုအထဲပြန်ဝင်တော့မလားဗျာ

တူရင်းကြီးကြီးနဲ့ စစ်ခွေးတွေကို အမြစ်ကတူထုတ်နိုင်တဲ့ နည်းလမ်းရရင်ပြန်မဗျို့ ဒီခွေတွေကို မမောင်းထုတ်နိုင်ရင် ပြန်သွားရင် သူခိုပြန်ဖြစ်မှာပေါ့ဗျ။

ဒီဘက်ကရောစိတ်ချရလို့လားဗျာ

ဒီဘက်က အချောင်သမားတွေရှိတယ်ဆိုပေမဲ့ အမှန်တွေလည်းရှိတော့၊ ပြိးတော့ နည်းနည်းလည်းပိုလွတ်လွတ်လပ်လပ် လုပ်ရတော့ ပိုအဆင်ပြေမယ်ဗျို့ အိုး... တုတ်ကြီးကြီး နဲ့ တူရင်းကြီးကြီးမရှိသေးရင်တော့ မဖြစ်သေးဘူးဗျို့......

Thursday, September 11, 2008

ဒီနေ့ ကျနော့်ရဲ့ (၂၉) နှစ်ပြည့်မွေးနေ့ပါ။ အခုလို လူလောကထည်းရောက်အောင် ပိုဆောင်ပေးပြီး အစစ အရာရာ တတ်သိနာလည်အောင် တွန်သင်ဆုံးမပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဖေဖေ နဲ့ မွေသမိခင် တို့ ကိုဦးစွာ လက်ဆယ်ဖျာ ထိပ်မှာမိုးပြီ ကန်တော့လိုက်ပါတယ်။ ဖေဖေ၊ မေမေ နဲ့ တကွညီကိုမောင်နှမအားလုံးကျန်မာကြပါစေ၊ သက်တော်ရာကျော်ရှည်လို့ ငြိမ်းချမ်းကြစေဗျာ... မွေးနေ့ ရှင်ကျနော်နဲ့ အတူ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး ကျန်းခန်သာလို မာကြစေဗျာ...

နှစ်ဆယ့်ကိုးနှစ်ပြည့် မွေးနေ့ နဲ့ အတူ
ရဲနိုင်

ကျနော် နဲ့ လောက

တခါတလေ လောကကြီးက အရမ်းလှတယ်
တခါတလေ လောကကြီးက အရမ်းအကျည်းတန်တယ်
တခါတလေ လောကကြီးက အရမ်းကောက်ကျစ်တယ်
တခါတလေ ကျတော့လည်း သူက အရိုးသားဆုံး လောကကြီးဖြစ်သွားပြန်ရော
တခါတလေ လောကကြီးဟာ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေနဲ့ ပြည့်နေပြီး
တခါတလေ ကျပြန်တော့လည်း ပူဆွေးသောကတွေနဲ့ဘဲ ပြည့်နက်နေပြန်တယ်
တခါတလေ မှာ လောကကြီးဟာ ရယ်စရာကောင်းတဲ့ ဟာသတွေနဲ့ ဘဲပြည့်နက်နေတတ်ပြီး
တခါတလေ မှာတော့ လောကကြီးဟာ စိတ်တိုစရာတွေနဲ့ဘဲ ဖွဲ့စည်းထားသလိုကြီးဖြစ်နေတယ်
တခါတလေ ခပ်တည်တည်နဲ့ ငေါက်ငန်းပြောဆိုတတ်ပြီး
တခါတလေ ကျပြန်တော့လည်း ချော့ချော့မော့မော့နဲ့ သဘောကောင်းနေပြန်ရော
တခါတလေ မောက်မောက်မာမာနဲ့ ဘ၀င်မြင့်နေ တတ်ပေမဲ့
တခါတလေ ကျပြန်တော့လည်း သူဘဲ သူများထက်အောက်ကျို့ သီးခံတတ်နေပြန်ရော
တခါတလေ သနားညာသာမှုကင် မဲသလောက်
တခါတလေ ကျပြန်တော့လည်း သူဘဲစာနာတတ်သူကြီးဖြစ်သွားပြန်ရော
အင်း...... ဒါကြောင့် လူတွေက လောကကြီးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်လို ပြောကြတာလား...။

ရဲနိုင်
(၁၂-၉-၂၀၀၉၊ မနက် ၉း၄၁)
(၂၉ နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ အဖြစ်ခံစားရေးဖွဲ့သည်။)

Saturday, August 23, 2008

30th August က ကျနော်တို့ တအာင်း (ပလောင်) တွေရဲ့ စာပေ နဲ့ ယဉ်ကျေးမှုနေ့ ပေါ့ လွတ်မြောက်နယ်မြေမှာ ရှိတဲ တအာင်းလူမျိုးတွေ၊ မိတ်ဆွေသင်္ဂဟတွေနဲ့ အခမ်းအနားလေး တစ်ခုလုပ်ဖို့စီစဉ်ထားတယ်။

အဲဒီနေ့ အတွက် ဖြစ်မြောက်ရေးကော်မတီကို ဒီလိုဖွဲ့ထားတာလေ

၁။ မိုင်းအောင်ကို၊ မိုင်းမ၀်ဒါင်း (အခမ်းအနားပြင်ဆင်ရေး နဲ့ ဖိတ်ကြားရေးတာဝန်)
၂။ မိုင်းနော်ဂျာ၊ လွေနှင်းမိုး၊ လွေပိုးရိန်း၊ မိုင်းခြိုဝ်းဒါင်း (အချက်အပြုတ် နှင့် ၀ယ်ယူရေးတာဝန်)
၃။ လွေးပိုးဖိန်း၊ မိုင်းအိုက်မွန်း၊ လွေးနော်ချိ (ဖျော်ဖြေရေးတာဝန်)
၎။ လွေပိုးတန်း၊ မိုင်းအိုက်သိန်း (ဘဏ္ဏာရေးတာဝန်)
၅။ မိုင်းအိုက်ဒျံတ်၊ မိုင်းမောင်သန့်၊ လွေးပိုးဘိုး (အစီအစဉ်ရေးဆွဲရေး နှင့် အချက်အလက်ရှာဖွေရေး တာဝန်)
၆။ လွေးမိုးခမ်း (ပဟေဠိ အစီအစဉ် တာဝန်)

ဆိုပြီး လုပ်ငန်း စဉ် (၆)ခုအတွက် ကော်မတီဝင် (၁၅) ယောက်ဖွဲ့ပြီးတာဝန်ပေးထားတယ်။
၂၄ သြဂုတ်မှာ လုပ်ငန်းစဉ် လုပ်ဆောင်မှုတွေပြန်ဆွေးနွေးဖို့ ဆုံးဖြတ်ထားတယ်။

ဒီအတွက်မတည်ငွေက လူငယ်က (၄၀၀၀)ဘတ် နဲ့ အမျိုးသမီး က (၄၀၀၀)ဘတ် ပေါင်း (၈၀၀၀) ဘတ်နဲ့လောက်အောင် လို့ စီစဉ်ထားတာပါဘဲ

နောက်တော့ တအာင်းစာပေနေ့ရဲ့ တခြားထူးခြားမှုတွေ ထပ်ရေးတာပေါ့...

အိုက်ဒျံတ်
(၁၀း၁၀ မနက်၊ ၂၄ရက် သြဂုတ် ၂၀၀၈)

တအာင်းနှင့် လ္ဘက်

ခေါင်းစဉ် နဲ့ post တင်မယ် ဆိုပြီး ကြံရွယ်တယ် post တင်ဖို့ အခက်အခဲဖြစ်နေတယ်

ဘယ်လိုတင်ရမလဲ (သို့) ဘယ်လိုပြန်ပြင်ရမလဲ ဆိုတာကို နည်းလမ်းရှာကြည့်ရမှာဘဲ

Wednesday, August 20, 2008

the new life with Ta'ang Youth

At that time I know what we need
At that time I know what happen on us
At that time I know we have very low status
At that time I know we will be loose after ten years
At that time I know I need to save my nation
At that time I start to protest my nation
At that time I start to against the government
At that time I decide to do everything both for my country and nation.

Yie Naing
(11:49)

Saturday, August 02, 2008

မိုက်လိုက်တဲ့ ငမိုက်သား

လုပ်ပုံမှာ (၂၅)
သြဂုတ် လ တွင်းမှာပါ
ငွေကျပ်ပေါင်း သိန်း (၆၀၀)
ဘဏ်ကြီးမှာ (နိုင်ငံခြား ကုန်သွယ်ရေး) လာသိမ်းသွား
လုပ်ရတဲ့ကြောင်းရင်းဟာ
ပြည်သူကို သတ်ဖို့ငှား
စစ်သားပေါင်းမြောက်များစွာ
(၆) လစာ ကြိုပေးထား
မိုက်လိုက်တဲ့ ငမိုက်သား
တုန်းပြီပေါ့ လူမျိုးများ
ရှုံးပြီပေါ့ ပြည်သူ့အား
ပြုန်းပြီပေါ့ ပြည့်လမ်းများ
မိုက်လိုက်တဲ့ ငမိုက်သား.....။

(ဒေါမာန်ဟုန်စာအုပ်အား ဖတ်ရှုရင်းခံစားရေးဖွဲ့သည်)
ရဲနိုင်

Tuesday, June 10, 2008

လူငယ်

‘ကျွန်တော်တို့ လူငယ်တွေဆိုတာ စီဆင်းနေမဲ့ရေတွေပဲလေ ရပ်နေ တန့်နေမဲ့ရေမှ မဟုတ်တာ တခုခုနဲ့တော့ တခုခုကိုတော့ ထိခိုက်၊ ပွတ်တိုက်၊ သယ်ဆောင်သွားရမှာပဲ ဒါအမြဲစီးဆင်းနေမဲ့ ရေရဲ့ သဘာဝဘဲလေ…’

ရဲနိုင်

ကျနော်တို့လူငယ်တွေလို့ဘဲ အစချီခွင့်ပြုပါ။ ကျနော်တို့လူငယ်တွေဟာ မိမိလူမျိုး ဒါမှမဟုတ် လူ့အဖွဲ့အစည်း၊တိုင်း၊ နိုင်ငံ၊ နယ်ပယ်ဒေသတစ်ခုခု အတွက် ဆောင်ရွက်တဲ့နေရာမှာ ဖျက်ဖျက်လက်လက်နဲ့ ထိုးဖောက်နိုင်တဲ့သူတွေ ဖြစ်တယ်။ ရဲရင့်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ လုပ်ဆောင် (စွမ်းဆောင်) နိုင်ခြင်း ဆိုတဲ့ ဂုဏ်သတ္တိတွေ ပိုင်ဆိုင်ထားကြတယ်။

ညည်းတွားခြင်းဟာ သူတို့အတွက်မဟုတ်ဘူး၊ ပျင်းရိခြင်းဟာ သူတို့အတွက်မဟုတ်ဘူး၊ ထုံထိုင်းကြောက်ရွှံ ခြင်းဟာသူတို့ အတွက်မဟုတ်ဘူး၊ စိုးရိမ်သောကတွေဟာ သူတို့အတွက်မဟုတ်ဘူး၊ ဇွဲ သတ္တိ ရှိခြင်းနဲ့ ယုံကြည်မှုအပြည့် ရှိခြင်းသာလျှင် သူတို့ အတွက် ဆုလာဒ်တွေ၊ ဂုဏ်ပုဒ်တွေ၊ အားအင်တွေဖြစ်ပါတယ်။

ကျနော်တို့ရဲ့အရင် လူကြီးတွေဖြစ်တဲ့ ဆရာသမားတွေ၊ ခေါင်းဆောင်တွေ၊ ဟိုလွန်ခဲ့တဲ့ခေတ် စနှစ်တွေက တည်း ကနေ ခုချိန်ထိ ဦးတည်ချက်တခု အတွက်ကြိုးပမ်းခဲ့တဲ့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်တွေ အများကြီးရှိ တယ်။သူတို့လည်းဘဲ ဇွဲရှိတာဘဲ၊ ကြိုးစားတာဘဲ၊ လုပ်ဆောင်ခဲ့တာဘဲ။ သူတို့ရည်ရွယ်ခဲ့တဲ့ပန်းတိုင်ရောက်ကြ လား၊ စိတ်တိုင်းကျဖြစ်ခဲ့ကြလား၊ ကျနော်တို့ စူးစမ်းရမယ်။ သေချာတယ် သူတို့မှာလည်း အခက်အခဲတွေ ပြဿ နာတွေ၊ ပြန်ကြည့်ရမှာတွေ အများကြီးရှိမယ်၊ ရှိလည်းရှိနိုင်တယ်။ သူတို့ စိတ်တိုင်းကျ တာတွေရှိမယ်၊ မကျတာ တွေရှိ မယ်။ အခုကျနော်တို့ ဦးဆောင်မှုမဟုတ်တောင်မှ ကျနော်တို့ လူငယ်တွေရဲ့ လုပ်ဆောင်ရမဲ့ အချိန် ရောက်နေပြီ လုပ်ဆောင်ရမယ်။

ကျနော်တို့ ဘာလုပ်ကြမလဲ ဘယ်လိုလုပ်ကြမလဲ လူကြီးတွေ ခေါင်းဆောင်ကြီးတွေ လျှောက်ခဲ့တဲ့လမ်းကမှန် လား မှားလား တကယ်လျှောက်သင့်လား၊ ကျနော်တို့ လူငယ်တွေ စဉ်းစားဆင်ချင်ရမယ်။ လုပ်ဆောင်ခဲ့တဲ့ လူကြီးတွေ ကို ကဲ့ရဲ့ဖို့မဟုတ်ပါဘူး။ စဉ်းစားဆင်ချင်ခြင်းဟာ ကျနော်တို့အတွက် နည်းလမ်းတစ်ခုရနိုင်တယ်၊ မှားမှန်ဆုံးဖြတ်တဲ့အခါမှာလဲ အထောက်အကူဖြစ်မယ်။ လိုအပ်ချက်တွေကို အားနည်းချက်တွေကို ဖြည့်နိုင်မယ်၊ ပြင်နိုင်မယ်၊ ဒီလို စဉ်းစားခိုင်းတာက တွေဝေဖို့ပြောတာမဟုတ်ပါဘူး။

ကဲ ကျနော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။ ကိုယ့် ပုဂ္ဂလိက တိုးတက်ဖို့ဘဲ လုပ်ကြမလား၊ ကိုယ်ဖြစ်ချင်တဲ့ တဖက်စွန်း ဆန္ဒမျိုးကိုဘဲ မျက်စိပိတ်လုပ်ကြမလား၊ ထမင်းတလုပ် ဟင်းတစ်ထုပ် အတွက်ဘဲ အငြင်းပွားနေကြ မလား၊ အားနည်းချက်တွေကိုဘဲ လိုက်နှင်းနေကြမလား၊ စားပြီးအိပ် အိပ်ပြီးစားဘဲလုပ်နေကြမလား၊ ဘာမှမ ဟုတ်တဲ့ပြဿနာတခုကိုဘဲပုံကြီးချဲ့ အပြစ်တင်နေကြမလား၊ ကျနော်တို့ ဘားလုပ်ကြမလဲ ဘာတွေလုပ်နေကြ သလဲ၊ ဘယ်လိုလုပ်ရမလဲ။ တော်တော်ကြီးကို မေးခွန်းတွေများသွားတယ်။ (စိတ်မရှိပါနဲ့… အခုမှစပြီး တွေးတတ် လာလို့ပါ။)

သေချာတယ် ကျနော်တို့ဟာ လူငယ်တွေဖြစ်လို့ လူငယ်အလုပ်လုပ်ရမယ်၊ အဲ့ဒါမှ စောစောက ဖော်ပြတဲ့ ဂုဏ်ပုဒ်တွေက ကျနော်တို့ကို ရည်ညွန်းတယ်လိုဆိုနိုင်လိမ့်မယ်။ ကျနော်တို့အလုပ်ကဘာတွေလည်း၊ (ကျနော်ဦးဏှောက် မှီသလောက် ဆွေးနွေးရေးသားချင်တယ်)။ အဓိက ကကြိုးစားရမယ်၊ ဘာတွေကြိုးစားရမ လဲ၊ ကိုယ်ရချင်တဲ့ လိုချင်တဲ့ ဦးတည်ချက်ကို ရောက်ဖို့ ကြိုးစားရမယ်။ ဦးတည်ချက်ရောက်ဖို့ ဘာတွေလိုအပ်လဲ ဘယ်လို အခက်အခဲတွေရှိနိုင်လဲ၊ အရင်လူကြီးတွေ ခေါင်းဆောင်တွေဆီက ပညာဘယ်လိုယူမလဲ၊ အခြားလူ ငယ်တွေရော သူတို့ရဲ့ ဦးတည်ချက်အတွက် ဘယ်လိုလုပ်ကြလဲ၊ ကျနော်တို့ လူငယ်တွေဟာ ဒါတွေကိုဘဲ အမြဲတမ်းချိန်ဆ ချိန်ထိုးနေရမယ်၊ နည်းလမ်းရှာနေရမယ်၊ လုပ်ဆောင်နေရမယ်။

သေချာတယ် ကျနော်တို့ရဲ့ဦးတည်ချက်က ကပျက်ကချော်ဦးတည်ချက်မျိုးမဟုတ်ဘူး၊ ထမင်းတဆုပ် ဟင်းတ လုပ် ကိစ္စ တစ်ခုတည်းမဟုတ်ဘူး၊ စိတ်ကြီးဝင်ခွဲခြားဖို့ မဟုတ်ဘူး နိုင်ငံနဲ့၊ ကမ္ဘာနဲ့ ချီပြီး လူမျိုးအတွက်၊ နိုင်ငံအ တွက် လုပ်နေကြတာပဲ၊ ကျနော်တို့ နည်းလမ်းတွေရှာနေရမယ်။ အကြံဉာဏ်တွေ ထွက်လာအောင် တိုင်ပင်နေရ မယ်၊ ဆွေးနွေးနေရမယ် အမြဲတမ်းမျက်စိဖွင့်ထားရမယ်လေ။ အခက်အခဲဆိုတာကတော့၊ ကျနော်တို့ လူဖြစ်လာ ဖို့တောင်မှ လွယ်လွယ်နဲ့ ဖြစ်လာတာမှ မဟုတ်တာပဲ၊ လမ်းလျှောက်နိုင်ဖို့၊ စကာပြောတတ်ဖို့၊ စသဖြင့်ဖို့ပေါင်း များစွာတွေအတွက် ကျနော်တို့ အများကြီး အခက်အခဲတွေရင်ဆိုင်ခဲ့တယ် ကြိုးစားခဲ့တယ် အခုဆိုကျနော်တို့ လူငယ်တွေတောင်ဖြစ်လာပြီ၊ နောက်ထပ်မကုန်နိုင်တဲ့ ဖို့တွေအတွက် နောက်ထပ်အခက်အခဲတွေ ပြဿနာတွေ အများကြီးတွေ့ရ အောင်မြင်ဦးမှာဘဲ ပြီးတော့လူကြီးတွေရဲ့ မပြီးသေးတဲ့(ခေါင်းဆောင်ကြီးများနှင့် လူကြီးများ အားလေးစားလျှက်) လုပ်ငန်းတွေ တာဝန်တွေ၊ ဦးတည်ချက်တွေဆက်လက်လုပ်ကိုင်ဖို့ လက်ဆင့်ကမ်း လုပ် ဆောင်ရမဲ့ လူငယ်တွေတောင်ဖြစ်နေပြီလေ၊ မမေ့နဲ့ ခင်ဗျားတို့ ကျနော်တို့ ကိုယ့်ကိုယ်ကိုမမေ့ကြပါနဲ့။ လာဦး မယ် အခက်အခဲတွေ အကြပ်အတည်းတွေ အများကြီး လက်ဆင့်ကမ်းယူမဲ့ လက္ခံမဲ့ ကျနော်တို့ လူငယ်တွေ ဘာလုပ်ကြမလဲ။

ကျနော်ရဲ့ အတွေး တစ်ခုကိုရေးကြည့်မယ် ‘ ကျနော်တို့ လူငယ်တွေဆိုတာ စီးဆင်းနေမဲ့ ရေတွေပဲလေ ရပ်နေမဲ့ တန့်နေမဲ့ ရေမှ မဟုတ်တာ တခုခုနဲ့တော့၊ တခုခုကိုတော့ ထိတွေ့၊ ထိခိုက် ပွတ်တိုက်၊ သယ်ဆောင်သွားကြရမှာ ပဲ ဒါအမြဲတမ်းစီးဆင်းနေမဲ့ ရေရဲ့ သဘာဝဘဲလေ…’

ကျနော်တို့ဟာ အမြဲတမ်းတခုခုနဲ့ ထိတွေ့နေမယ်၊ ပွတ်တိုက်နေမယ်၊ ပိတ်ဆို့နေမယ်၊ ဒါပေမဲ့ ကျနော်တို့ စီးဆင်း နေရမှာဘဲ သွားလာ နေရမှာဘဲ အဲဒီလို အခက်အခဲတွေကြားက စီးဆင်းနေရင်း၊ လှုပ်ရှားနေရင်းနဲ့လဲ၊ လူမျိုးအ တွက်၊ နိုင်ငံအတွက် စသဖြင့် တစ်ခုခုကို သယ်ဆောင်သွားကြရမယ်။ ဒါမှ စီးဆင်းနေတဲ့ရေ၊ လူငယ်ပီ တတဲ့လူ ငယ်တစ်ယောက်ဖြစ်မှာလေ၊ လှော်တက် မပျောက်တဲ့လှေ၊ အတောင်စုံတဲ့ငှက်၊ ရည်ရွယ်ချက်ပြည့်တဲ့ ခြေလှမ်း၊ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေဖြစ်လာမယ်၊ ဖြစ်လာနိုင်မယ်လို ကျနော် ယုံကြည်ယူဆပါတယ်။

ကျေးဇူးတင်ပါတယ် ကျနော်တို့လူငယ်တွေ လှပတဲ့ အနာဂတ်အတွက်ကြိုးစားကြဆို့ …။

ရဲနိုင်

Saturday, June 07, 2008

စိတ္တဇ

သေချာတယ် ငါရူးပြီ

မင်းနဲ့ ဝေး ဖို့ ငါ့ဆုံးဖြတ်ချက်က

မင်းဆီရောက်အောင်ပဲ တွန်းပို့

ပြေးလေနီးလေ

ငါ့ရဲ့ဟန်ဆောင်မှုတွေက

မင်းကိုမချစ်ဘူးဆိုတဲ့ စကားအတွက်

မပီိပြင်ဘူး

ငါ့ရဲ့ နှလုံးသားက

မင်းကို မချစ်ဘူးဆိုတဲ့ အယူအတွက်

ဘ၀င်မကျဘူး

ငါ့ရဲ့ ဦးဏှောက်က

မင်းအကြောင်းမတွေးဘူး ဆိုတဲ့အဆိုအတွက်

အံဝင်ခွင်ကျဖြစ်မနေဘုး…

သေချာတယ်ငါ ရူးပြီ

ဘာကြောင့် ရှုံးမှန်းသိရက်နဲ့

ဒီပွဲကိုဆက်ကချင်တာလဲ

ဘာကြောင့် မချစ်မှန်းသိရက်နဲ့

ဒီအလွမ်းတွေယူချင်လည်း

ဘာကြောင့် မဖြစ်မှန်းသိရက်နဲ့

ဒီလမ်းကို ဆက်လျှောက်ချင်တာလဲ…

သေချာတယ်ငါရူးပြီ

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ ရှိုးတိုးရှန်းတန့် အကျင့်တွေ ပျောက်သွားလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ မရဲတရဲ သတ္တိတွေ ပိုထွက်လာလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ စိတ်တွေ ပိုနုလာလည်း

ဘာကြောင့် မင်းနဲ့မှ ငါ့ရဲ့ အတွေးတွေ ပိုလတ်ဆက်လာလည်း

ဘာကြောင့် မင်းနဲ့မှ သ၀န်တိုတတ်တဲ့ စိတ်တွေ ရှိလာခဲ့လည်း…

သေချာတယ် ငါရူးပြီ

တကယ်ဆိုရင် ချစ်တတ်တဲ့ နှလုံးသား မျိုးတာမရှိခဲ့ရင်

တကယ်ဆိုရင် စဉ်းစားတတ်တဲ့ ဦးဏှောက်မျိုးတွေတာမရှိခဲ့ရင်

တကယ်ဆိုရင် ခံစားတတ်တဲ့ ရင်ခွင်မျိုးတာမရှိခဲ့ရင်…

သေချာတယ်ငါရူးပြီ

မင်းရဲ့ နုညံ့မှုကို ငါမစွဲလမ်းမိရင်

မင်းရဲ့ ပွင့်လင်းမှုကိုတာ ငါမနှစ်သက်မိရင်

မင်းရဲ့ နွေးထွေးမှုတွေတာ ငါမလိုချင်ခဲ့မိရင်…

တကယ်ပါလမင်း မင်းရဲ့အလင်းဟာ

ကိုယ့်အတွက် မဟုတ်ဘူးလိုသိခဲ့တာတောင်မှ

ကိုယ်… မျှော်လင့်မိတယ်

စောင့်စားမိတယ်

ရင်ခုန်မိတယ်

ကြည်နူးမိတယ်

လိုချင်မိတယ်…

တကယ်ဘဲ ငါဟာ လမင်းတစ်စင်းရဲ့ အလင်းအတွက်

ရူးတတ်လာခဲ့သူပါ…

ရဲနိုင်

''Against the cruel and stupid Regime with 'IT' ''