''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Wednesday, November 19, 2008

Constitution ကိုဆန့်ကျင်တာ
လာမဲ့ 2010 election ကို ဆန့်ကျင်တာ
Road map အဆင့်တိုင်းကို ဆန့်ကျင်တာ
ဒါတွေ တစ်ခုနဲ့ တစ်ခုဘာကွားခြားမှုများရှိလို့လဲ

နအဖ စစ်အာဏာရှင်ရဲ့ လမ်းပြမြေပုံ (road map) ကိုဆန့်ကျင်တာဟာ စစ်အာဏာရှင်ရဲ့ ဖွဲ့စည်းပုံ နဲ့ သူလုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်တာဘဲပေါ့

ဘာဖြစ်လို့ စစ်အာဏာရှင်ရဲ့ လမ်းပြမြေပုံ အဆင့်တိုင်း ကိုဆန့်ကျင်တယ်၊ သူရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး သူလုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲ ကိုဆန့်ကျင်ဖို့ ၀င်ရောက်မယှဉ်ပြိုင်ဖို့ အတွက်ကြတော့ စဉ်းစားဦးမယ်ဖြစ်လာရတာလည်း

နအဖ ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ပြည်သူတွေကိုကာကွယ်တဲ့ ပြည့်သူအခွင့်အရေးတွေ ထည့်သွင်းရေးသားထားတဲ့ ဖွဲ့စည်းပုံ မဟုတ်လို့ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ နဲ့ အတည်ပြုထားတာမဟုတ်လို လက်မခံနိုင်ဘူးကန့်ကွက်တယ်ဆိုပြီး ၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရေရှည်အတွက် ကိုယ့်နေရာလေးရအောင် စောင့်ကြည့်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ ခိုင်လုံ ဆီလျှော်လား၊ တကယ်ရောဟုတ်လား၊ အကျိုးဖြစ်ထွန်းနိုင်လားဆိုတာ သုံးသပ်ဖိုလိုပါလိမ့်မယ်

ကိုယ်ကိုယ်တိုင် မကြိုက်ပါဘူး လက်မခံပါဘူး ဆိုတဲ့ ဖွဲ့စည်း ပုံကို လူထုဆန္ဒကို အတင် လုယူပြီး အတည်ပြုထားတယ်ဆိုတဲ့ အဲ့ဒီ နအဖ စစ်အာဏာရှင်ရဲ့ ဖွဲ့စည်းပုံကို အသက်ဝင် အောင်လုပ်ပေးမဲ့ လွတ်တော် တစ်ရပ်ဖြစ်အောင်ပုံဖော်လုပ်ဆောင်ပေးမဲ့ ဟာက ဒီအာဏာရှင်တွေ လုပ်မဲ့ ရွှေးကောက်ပွဲ ကတဆင့် ထွက်ပေါ်လာမဲ့ လွတ်တော်ဘဲ ဆိုတာ ကျနော်တို့ အားလုံးသိထားဖို့ အများကြီး အရေးကြီးပါတယ်။

ဒါကြောင့် စစ်အာဏာရှင် ရဲ့ ဖွဲ့စည်ပုံကို မကြိုက်ရင် ဆန့်ကျင်မယ်ဆိုရင်၊ သူ့ရဲ့ လမ်းပြမြေပုံ အဆင့်တိုင်းကိုတကယ်ဘဲ ဆန့်ကျင်မယ်ဆိုရင်၊ ဒါတွေအားလုံးနဲ့ အတူ နအဖ စစ်အာဏာရှင် စနစ်ကြီး တစ်ခုလုံး ပြိုပျက်ပျောက်ဆုံးသွားမှ တိုင်းပြည်နဲ့ နိုင်ငံအတွက် အကျိုးရှိမယ်လိုယုံကြည်တယ်ဆိုရင် ခင်ဗျာ တို့ ကျနော်တို့ လုပ်ရမဲ့ လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဘဲရှိတယ် အဲဒါက အားလုံး ညီညီညာညာ နဲ့ စစ်အာဏာရှင် စိတ်ကြိုက်ရေးဆွဲပြီး သူတိုကိုဘဲကာကွယ်မဲ့ ဖွဲစည်းပုံကို အသက်ဝင်စေမဲ့၊ စစ်အာဏာရှင်တွေ လုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲ မဖြစ်အောင် ဆန့်ကျင်တိုက်ဖျက်ဖို့နဲ့ ကျနော်တို့ လိုလားတဲ့ အရပ်သားအစိုးရတစ်ရပ်ကို ညီညီ ညွတ်ညွတ်နဲ့ ဖော်ဆောင်ကြဖို့ပဲဖြစ်ပါတယ်။

အမျှော်အမြင်ကြီးမားသော တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဒီနည်းလမ်းအပြင်တခြားမရှိဘူး ဆိုတဲ့အကြောင်းကို အကြံပြုချင်ပါတယ်

ဘဘ ဦးဝင်တင်ပြောတဲ့ ငရဲလမ်း ကို ကျနော်တို့ မြင်ပြီး လမ်းရွှေး မမှားဖို့လိုအပ်တယ်လို့ တင်ပြချင်ပါတယ်

ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ မုချ တည်ထောင်နိုင် ရမည်
မိမိကြမ္မာ မိမိ ဖန်တီး နိုင်ခွင့် မုချ ရရမည်
လူ့အခွင့်အရေး အပြည့်အ၀ မုချ ရရမည်

ရဲနိုင်

Saturday, October 18, 2008

အချိန်တန်ပြီ

ဒီမှာ စိုးရိမ်ထိတ်လန့် နေရတဲ့ အကျယ်ချုပ်ပုံစံနဲ့ ဘဲ နိုင်ငံရေးဆက်လုပ်နေမှာလား
တောခိုပြီး လက်နက်ကိုင်ပုံစံနဲ့ဘဲ တော်လှန်ရေးကိုဆက်ဆင်နွဲမှာလား
ကိုယ်ကျိုးကြည့်ပြီး တတိယနိုင်ငံကိုဘဲ ပြေမလား
ကိုယ်ရဲ့ မိဘပြည်သူတွေနဲ့ဘဲ တသားတည်းပြန်နေပြီး နည်းပေါင်းစုံနဲ့ တော်လှန်ရေးကိုဆက်လုပ်မှာလား
ဒါမှ မဟုတ် မိဘပြည်သူတွေနဲ့ပေါင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘဲ တော်လှန်ရေးကိုအကောင်အထည်ဖော်ကြမလား
ဒါမှ မဟုတ်စစ်အာဏာရူးတွေရဲ့ ပြုသမျှခံမဲ့ နလဘိန်းတုန်းတွေအဖြစ်နဲ့ ဘဲနေကြမလား ဆိုတာတွေကို

အတွင်းကလူတွေရော အပြင်ကလူတွေရော၊ အထူးသဖြင့် အပြင်ကလူတွေကို ပြောချင်တယ် ခင်ဗျာတို့ ကျနော်တို့ တခုတခု ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ
၂၀၁၀ နောက်ပိုင်းဆိုတာမျိုးက နိုင်ငံကို ဘယ်သူနိုင်နိုင် ၀ိုင်းဝန်းတည်ဆောက်ကြတာဘဲ ကောင်းတယ်
ကျနော်တို့ နှစ်နာနေတာ အောက်ကျနောက်ကျဖြစ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး
ချမယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး အပြတ်ချ ဒါမှမဟုတ်ရင်လည်းပြေး ဒါမှမဟုတ်ရင်လည်းသူတို့နဲ့ပေါင်းပြီးလုပ်
ကျနော်တို့ တခုတခုဆုံးဖြတ်ဖို့ အချိန်တန်ပြီ
တောင်မတင် ရေမကျဆုံးဖြတ်လုပ်ဆောင်ချက်တွေကြောင့် ကိုယ်ကျိုး သမားတွေနဲ့ အာဏာရှင်တွေရဲ့ အကျိုက်တွေ့နေတာကြာပြီ
ကျနော်တို့ မျိုးဆက်သစ်တွေနှစ်နာနေတာကြာပြီ
ကျနော်တို့ လူငယ်တွေ အညွန့်ချိုးနှိမ်ခံနေရတာကြာပြီ
စိုရိမ်ထိတ်လန့် တကြီးနဲ့နေနေရတာကြာပြီ

ကျနော်တို့ အားလုံးလွတ်လပ်ဖို့
ကျနော်တို့ အားလုံးဖွံ့ဖြိုးဖို့
ကျနော်တို့ အားလုံးယုံကြည်မှုရှိရှိနဲ့ ဘ၀တွေတည်ဆောက်နိုင်ဖို့

သေချာတယ် တခုတခုကို ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ဖို့အချိန်ရောက်ပြီ
လုပ်ဆောင်ဖို့ အချိန်ရောက်ပြီ

ရဲနိုင်
၁၉-၁၀-၂၀၀၈ (နံနက် ၀၈း၁၅)

Tuesday, October 14, 2008

ကျနော်လေးစားစွာဖြင့်တင်ပြခြင်းပါ

GW ရဲ့လှုပ်ရှားမှုတွေကို အားကျထောက်ခံတယ်

စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လုပ်ဆောင်နေတဲ့ တခြားပြည်တွင်းမှာ လုပ်နေတဲ့ အကောင်းဆုံးစတေးခံ မြေသြဇာ လို လူငယ်အဖွဲ့ စည်းတွေအားလုံးကိုလည်း အားကျထောက်ခံတယ်

ဒါပေမဲ့ ညီကိုတို့ရေ ဒီအသိစိတ် မဲ့နေတဲ့ စစ်အာဏာရူးတွေကို ဒီလိုနည်းတခုတည်းနဲ့ ဖြေရှင်းရှင် မလွယ်ကူနိုင်ပါဘူး ကျနော်တို့ နည်းလမ်းပေါင်းစုံသုံးဖို့လိုအပ်နေပြီလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ

စု-လွတ်-တွေ၊ ရံသုံးရံ ဒါတွေဟာ အမှန်တကယ်လည်း အရေးပါတဲ့ တောင်ဆိုမှု ကြီးတွေဖြစ်ပါတယ်

ဒါတွေကိုဒီတိုင်း တောင်းရင်ရနိုင်မလား ကျနော်တို့ ဘယ်လိုလုပ်သင့်လည်း

ဘာသာတရားမရှိတဲ့ ဒီစစ်အာဏာရူး တစုလို တိရိစ္ဆာန် တွေကို မေတ္တာပို့ရုံနဲ့ ရမလား
ကျနော်တို့ နည်းလမ်းပေါင်းစုံသုံးပြီး ဒီခွေ တိရိစ္ဆာန်တွေကို ရိုက်မောင်း ကန်ထုတ်သင့်ပါပြီ

ခွေးရူးကိုသတ်သာ မှန်တဲ့ အတွက် အာဏာရူးတွေကိုသတ်တာလည်းမှန်တယ်
ဒါကြောင့် ခွေးရူးနဲ့တူတဲ့ ခွေးရူးထက်ဆိုးတဲ့ အာဏာရူးတွေကို ဘယ်လိုနည်းနဲ့ သတ်သတ် တရားတယ် လိုယူဆပါတယ်

ရဲနိုင်

Thursday, September 18, 2008

ဆန္ဒပြကြ

-တကိုယ်ကောင်းစားဖို့ စနစ်ဆိုးသုံးတဲ့

စစ်အစိုးရကို တို့တွေဆန္ဒပြ / သပိတ်မှောက်ကြ

-ပဒေသရာဇ်စနစ်နဲ့ ဘုရင်ရူးရူးတဲ့

အာဏာရှင်ကို တို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အာဏာတစ်ခုအတွက် ပြည်သူသတ်တဲ့

အာဏာရှင်ကို တိုတတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-လူမျိုးကြီး အတွက် လူမျိုးတုံးသတ်တဲ့

အာဏာရှင်ကိုတို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အလုပ်သမားတွေစက်ရုံမသွားနဲ့

ဝန်ထမ်းတွေ ရုံးကိုမတက်နဲ့

စစ်အစိုးရရဲ့ ယန္တရား ပျက်အောင်လုပ်ရမယ်

-ဆန္ဒပြရင် မရိုက်နဲ့ မသတ်နဲ့

ပြည်သူချစ်တဲ့ တပ်မတော်လုပ်ဟဲ့

စစ်အစိုးရပြုတ်မှ တိုင်းပြည်တိုးတက်မယ်

-ပြည်သူတွေနဲ့ လက်တွဲ

ဆန္ဒပြရင်ဝင်နွဲ

ဒါမှတို့ပြည် (ပြည်) သမိုင်းလှမယ်

-လမ်းမပေါ်ထွက်ပါ၊ ငြိမ်းချမ်းစွာစီတန်းပါ

ဒီမိုကရေစီ လူ့အခွင့်အရေး

တို့ပြည်သူတွေတိုးတက်ဖူလုံရေး

ဆန္ဒပြကာ တို့တတွေတောင်းရမှာ…



ရဲနိုင် (ပြန်လည် ခံစားတင်ပြသည်)

Sunday, September 14, 2008

တော်လှန်ရေးနှင့် ကျနော့် အမြင်

ကျနော်တို့ စုစည်းဖို့ အချိန်တန်ပြီ

အမေရိကန်ဟာ ကိုလိုနီလက်အောက်ကလွတ်မြောက်ဖို့ အတွက် တစ်ပြည်နယ်ချင်း ကိုယ့်နည်းကိုယ်ဟန်နဲ့ တိုက်ခဲ့တာ နှစ်အတော်ကြာအောင်ဘဲလေအချိန်ကုန်လူပန်းပြီး ထင်သလောက်မှ မပေါက်ခဲ့တာ ဆိုလိုတာက တကယ့်မှန်တဲ့ လွတ်လပ်ရေး မရခဲ့ဘူးလေ တစ်ပြည်နယ်ချင်းရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို လျှော့ချပြီး ဖက်ဒရယ်အစိုးရ တစ်ခုဖွဲ့ပြီးတိုက်မှဘဲ အောင်မြင်မှုရခဲ့တာဟာက ကျနော်တို့ အတွက် အများကြီး အတုယူစရာပါ

ကျနော်တို့ တွေကရော ၁၉၆၂ နေ၀င်း အာဏာသိမ်းပြီးကတည်းက အာဏာရှင်တော်လှန်ရေး လုပ်ဆောင်လာခဲ့တာ အခုဆိုရင် (၄၆) နှစ်ကျော် (ကျနော် အသက်ရဲ့ နှစ်ဆနည်းပါးရှိနေပြီ) ရှိနေပြီ မအောင်မြင်သေးဘူး။ အဖွဲ့အစည်းအမျိုးမျိုး၊ တပ်ပေါင်းစုအဖုံဖုံ၊ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်းအားစုမရှိဖူးတဲ့ လူမျိုးစုမရှိသလောက်ဖြစ်ပြီး၊ အဲဒါတွေအားလုံးဟာ ဖြစ်လာရင် ငါ့အရေး မဟုတ်ဘူး ဗမာကိစ္စ၊ ငါတို့နဲ့ မဆိုင်ဘူး တောင်ပေါ်နေတိုင်းရင်းသားတွေ အရေးဘဲ၊ ဟာဒါတော့ဖြင့် သူတို့ရဲ့ တပ်ပေါင်းစုကိစ္စ၊ ငါတို့နဲ့ မဆိုင်ဘူး စသည်ဖြင့် အဲ့ဒီလိုအမြင်တွေ၊ အယူအဆတွေ၊ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်၊ ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့်ရဲ့ အာဏာ အစွဲတွေနဲ့ဘဲ ကိုယ်လုပ်ချင်တာဘဲ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဘယ်တော့မှ အောင်နိုင်မှာ မဟုတ်ပါဘူး။

အသက်၊ သွေး၊ ချွေးတွေ အများကြီးပေးဆပ်ပြီးဆင်နွဲခဲ့တဲ့ တော်လှန်ရေး၊ လူထုအုံကြွလှုပ်ရှားမှုတွေလည်း အကြိမ်ကြိမ် အခါခါပါဘဲ။ နောက်ဆုံး ဘာသာသနာအတွက် လုပ်ဆောင်နေကြတဲ့ ထေကြီး၊ ၀ါကြီး ဆရာတော်ကြီးတွေနဲ့ ရဟန်း၊ သံဃာတော်ကြီးတွေတောင်မှ မနေတာတော့ဘဲ လူထုတွေအတွက် အသက်ပေးစတေးပြီးဦးဆောင်လုပ်ဆောင်လာခဲ့ကြပြီ၊ အောင်မြင်မှု (နောက်ဆုံး) မှမရခဲ့တာဘဲ။ ဒါတွေဟာဘာကြောင့်လည်း၊ ကျနော်တို့တွေဘာလုပ်သင့်လည်း၊ ဘယ်လိုဖြစ်မှနောက်ဆုံးပန်းတိုင်ကိုရောက်မှာလည်း၊ ကျနော်တို့တွေ သိဖို့ လိုပြီ၊ သိသင့်ပြီ။ ကျနော်တို့ အတ္တတွေ၊ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ အမြင်ကျဉ်းတာတွေ၊ အစွဲတွေ အတွက်ဘဲ လုပ်နေကြတော့မှာလား၊ ဘယ်အချိန်မှာ ကျနော်တို့ စုစည်းကြမလဲ၊ ဘယ်အချိန်မှာကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ကြမလည်း၊ ဒီရဲ့ အမွေဆိုးတွေကို ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေထိ ဆက်ပေးသွားဦးမလား၊ ကျနော်တို့ ဒါကြီးကိုအမြစ်ပြတ်အောင်လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ။

ရန်သူလုပ်ဆောင်ချက်ဆိုတာ သူခြေလှမ်းတွေကို သိထားဖို့နဲ့ ကိုယ့်ခြေလှမ်းမမှာအောင်လို့ ကြည့်ဖိုအတွက်ဘဲဖြစ်တယ်၊ ကျနော်တို့ဟာ သူတို့ရဲ့ နောက်လိုက်မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့  တာဝန်ဟာ သူတို့လုပ်ဆောင်ချက်တိုင်းကိုဆန့်ကျင်ရုံနဲ့ ပြီးပြတ်အောင်မြင်သွားတာမဟုတ်ပါဘူး၊ သူဘာလုပ်ရင်၊ ဘယ်လိုလုပ်လိုက်ရင် ကိုယ်ဒီလိုလုပ်လိုက်မယ်ဆိုတာတွေထက်၊ ကျနော်တို့ရဲ့  ကိုယ်ပိုင်မူ၊ လုပ်ဆောင်ချက်တွေနဲ့ တစ်စုတစ်စည်းတည်းမနားမနေလုပ်ဆောင်သွားမှဘဲ ပြီးပြတ်အောင်မြင်မှာ ဖြစ်ပါတယ်။ သူက စစ်အာဏာရှင်ချုပ်ကိုင်လို့ရတဲ့ ပြည်သူ့အရေခြုံ ရုပ်သေးအစိုးရပေါ်အောင်လို့ သူ့ရဲ့ မူဝါဒလမ်းစဉ်တွေနဲ့ လုပ်ဆောင်နေရင်၊ ကျနော်တို့ရော တကယ့်ညီညွတ်မျှတတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ဖြစ်ဖို့ ကိုယ့် ကိုယ်ပိုင်မူဟန်နဲ့ တစ်စုတည်း၊ တစ်လုံးတည်း လုပ်ဆောင်ရမှာပေါ့။

သူလုပ်ဆောင်ချက်နောက်ဘဲ လိုက်ပြီးဆန့်ကျင်နေတာမျိုးက အချိန်ကုန်ပါတယ်၊ ပုံစံမတူရင်ဆန့်ကျင်ပြီးတာဖြစ်လို့ သိပ်လုပ်စရာ မလိုပါဘူး လူထုသိအောင် နိုင်ငံတကာသိအောင် ပြောဆို တင်ပြစည်းရုံးတာမျိုးဘဲဖြစ်သင့်ပါတယ်၊ နိုင်ငံတကာနဲ့ ကျနော်တို့ရဲ့ အဓိကဖြစ်တဲ့ ပြည်သူလူထုကတော့ သူတို့အတွက် မျှတမှန်ကန်တယ်၊ လုံခြုံစိတ်ချရတယ်၊ အမှန်တကယ်ငြိမ်းချမ်းမှုရှိတယ်လို့ ယုံကြည်ရတဲ့ ဘက်ကိုလိုက်မှာဘဲ၊ ရန်သူကို အဓိကထားပြောစရာတောင်မလိုဘဲနဲ့ သူ့အလိုလိုကို (မဟန်မှန်းသိလာရင်) ကမ်းလှမ်းလာပြီး သူရဲ့  အသက်သာဆုံး နည်းလမ်းရှာပြီး လုပ်ဆောင်လာမှာဖြစ်တယ်။ အခုက ကျနော်တို့က သူ့နောက်ဘဲ လိုက်ပြီး ကန့်ကွက်နေ၊ ကမ်းလှမ်းနေ၊ ညှိုနိုင်းဖိုဘဲကြိုးစားနေတော့ သူပိုပြီး ဘ၀င်လေဟပ်ပြီး မှားမှားကြီးနဲ့ နိုင်ငံတကာနဲ့ လူထုကြီးကို သူတိုလုပ်နေတာတွေကဘဲ မှန်နေတရောင်ရောင်လုပ်တော့တာပေါ့၊ ဈေးကိုင်တော့တာပေါ့ ဗျာ။

ကျနော်တို့ အားလုံး နားလည်မှုရှိရှိနဲ့ တကယ့်စိတ်ရင်း စေတနာမှန်တွေနဲ့၊ ကိုယ့်ရဲ့ မာန်မာန၊ အတ္တတွေနဲ့ အယူစွဲအမြင်ကျဉ်းတာတွေကို လျှော့ချ၊ မေ့ဖျောက်ပြီး၊ အမေရိကန် ပြည်နယ်သားတွေလို တစုတစည်းတည်းဖြစ်တဲ့၊ တစ်ခုတည်းဖြစ်တဲ့၊ တစ်လုံးတအားတည်းဖြစ်တဲ့ အတိုက်အခံ အစိုးရတစ်ရပ်ဖွဲ့စည်း သင့်ပါပြီ၊ တအားတည်းဖြစ်မဲ့ ဖယ်ဒရယ် တပ်မတော်ကြီး တစ်ရပ်ဖွဲ့ပြီး ကိုယ့်မူ၊ ကိုယ့်ဟန်နဲ့ ရန်သူကို တိုက်သင့်ပြီ ပြည်သူတွေရဲ့ အရေးကိုထိထိရောက်ရောက် မညာတမ်း၊ မလိမ်တမ်း၊ ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်ဆောင်သင့်ပါပြီ၊ အရှိန်ပြင်းတဲ့ လက်သီးဆုပ်ဖြစ်အောင် ကျနော်တို့လုပ်ဆောင်သင့်ပါပြီ။ ဘယ်အချိန်ထိအောင်ကို အယူကွဲနေကြမလည်း၊ ဘယ်ထိအောင် ကျနော်တို့ပြည်ပြေး ၀ရမ်းပြေးဘ၀နဲ့ မလွတ်မလပ်နေနေကြမလည်း၊ ကျနော်တို့စုစည်းဖို့ အချိန်ရောက်ပါပြီ ပေါင်းစည်းဖို့ အချိန်တန်ပြီ၊ ဒါမှ ကျနော်တို့ နိုင်ငံလွတ်လပ်မယ်လို့ တင်ပြဆွေးနွေး အကြံပေးချင်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ထောင်နိုင်ရမည်
အနာဂတ်လှပဖို့ အနှစ်နာခံနိုင်ရမည်
ကျနော်တို့အားလုံးရဲ့ ကံကြမ္မာကျနော်တို့ လက်ထဲမှာဘဲရှိရမည်

ရန်နိုင်
၁၄-၉-၂၀၀၈ (မနက် ၉း၃၉)



မေးလ်မှ တဆင့် ၀င်လာသော ဆောင်းပါတစ်ပုဒ်အားပြန်လည်ဝေမျှခံစားခြင်းဖြစ်သည်။

Friday, September 12, 2008

အလိမ်ခံ နှလုံးသား

ရဲနိုင် အသည်းကွဲတာနဲ့
အလိမ်ခံ ရတာ ဘယ်ဟာ ပိုခံစားရလည်း

ဟကောင်ရ အသည်းကွဲ ပြီး အလိမ်ခံရတာက
ပိုခံစားရတာပေါ့ကွ

တော်လှန်ရေး နဲ့ ကျနော်

ရဲနိုင် မင်းဘာလိုဒီရောက်နေလည်း
ကျနော် လိမ်ပြီးခိုးစားနေရတဲ့ ဘ၀ကိုမုန်းလို့ပါ

တယ်လာတဲ့ စာပါလား

မြန်မာပြည်မှာရှိတဲ့ အစိုးရ၀န်ထမ်းတွေနဲ့ ပြည်သူတွေဟာ
လိမ်ညာစားမှ လူလုံးလှပြီး ဗိုက်သားကြွကြမှာမိုး လိမ်တာအကျင့်လိုဖြစ်နေကျတာပါ

ဒါနဲ့ ဒီဘက်ထွက်လာတာနဲ့ ဘာဆိုင်လဲကွာ

အရင်က ဒါကိုမကြိုက်တာဘဲ သိတယ် ဘယ်လိုလုပ်ရမှန်းမသိဘူး ဒါနဲ့ ကြံမိကြံရာကြံရင်း ဒီဘက်ရောက်လာတာပါဘဲ
ပြောကြတယ် တော်လှန်ရေးတဲ့

မှန်လားဗျာ

မှန်လိုက်လေ proposal တော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ၀ါဒပြိုင်တော်လှန်ရေး၊ ပါတီတွင်းတော်လှန်ပြီး အဖွဲ့စည်းများများဖွဲ့စည်း ပြီး ရေရှည်စီမံကိန်းတော်လှန်ရေး၊ ဆရာတင် တပည့်မွေးတော်လှန်ရေး အို များလိုက်လေဗျာ
ကျုပ် သူခိုဘ၀ကလွတ်ချင်တာလေးတောင် သူတို့နဲ့ရောပြီးပျောက်သွားမှာစိုးလို့ သတိထားနေရသဗျ

ဒါဆိုအထဲပြန်ဝင်တော့မလားဗျာ

တူရင်းကြီးကြီးနဲ့ စစ်ခွေးတွေကို အမြစ်ကတူထုတ်နိုင်တဲ့ နည်းလမ်းရရင်ပြန်မဗျို့ ဒီခွေတွေကို မမောင်းထုတ်နိုင်ရင် ပြန်သွားရင် သူခိုပြန်ဖြစ်မှာပေါ့ဗျ။

ဒီဘက်ကရောစိတ်ချရလို့လားဗျာ

ဒီဘက်က အချောင်သမားတွေရှိတယ်ဆိုပေမဲ့ အမှန်တွေလည်းရှိတော့၊ ပြိးတော့ နည်းနည်းလည်းပိုလွတ်လွတ်လပ်လပ် လုပ်ရတော့ ပိုအဆင်ပြေမယ်ဗျို့ အိုး... တုတ်ကြီးကြီး နဲ့ တူရင်းကြီးကြီးမရှိသေးရင်တော့ မဖြစ်သေးဘူးဗျို့......

Thursday, September 11, 2008

ဒီနေ့ ကျနော့်ရဲ့ (၂၉) နှစ်ပြည့်မွေးနေ့ပါ။ အခုလို လူလောကထည်းရောက်အောင် ပိုဆောင်ပေးပြီး အစစ အရာရာ တတ်သိနာလည်အောင် တွန်သင်ဆုံးမပြီး ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျေးဇူးရှင် ဖေဖေ နဲ့ မွေသမိခင် တို့ ကိုဦးစွာ လက်ဆယ်ဖျာ ထိပ်မှာမိုးပြီ ကန်တော့လိုက်ပါတယ်။ ဖေဖေ၊ မေမေ နဲ့ တကွညီကိုမောင်နှမအားလုံးကျန်မာကြပါစေ၊ သက်တော်ရာကျော်ရှည်လို့ ငြိမ်းချမ်းကြစေဗျာ... မွေးနေ့ ရှင်ကျနော်နဲ့ အတူ ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး ကျန်းခန်သာလို မာကြစေဗျာ...

နှစ်ဆယ့်ကိုးနှစ်ပြည့် မွေးနေ့ နဲ့ အတူ
ရဲနိုင်

ကျနော် နဲ့ လောက

တခါတလေ လောကကြီးက အရမ်းလှတယ်
တခါတလေ လောကကြီးက အရမ်းအကျည်းတန်တယ်
တခါတလေ လောကကြီးက အရမ်းကောက်ကျစ်တယ်
တခါတလေ ကျတော့လည်း သူက အရိုးသားဆုံး လောကကြီးဖြစ်သွားပြန်ရော
တခါတလေ လောကကြီးဟာ အရမ်းပျော်စရာကောင်းတဲ့ အချိန်တွေနဲ့ ပြည့်နေပြီး
တခါတလေ ကျပြန်တော့လည်း ပူဆွေးသောကတွေနဲ့ဘဲ ပြည့်နက်နေပြန်တယ်
တခါတလေ မှာ လောကကြီးဟာ ရယ်စရာကောင်းတဲ့ ဟာသတွေနဲ့ ဘဲပြည့်နက်နေတတ်ပြီး
တခါတလေ မှာတော့ လောကကြီးဟာ စိတ်တိုစရာတွေနဲ့ဘဲ ဖွဲ့စည်းထားသလိုကြီးဖြစ်နေတယ်
တခါတလေ ခပ်တည်တည်နဲ့ ငေါက်ငန်းပြောဆိုတတ်ပြီး
တခါတလေ ကျပြန်တော့လည်း ချော့ချော့မော့မော့နဲ့ သဘောကောင်းနေပြန်ရော
တခါတလေ မောက်မောက်မာမာနဲ့ ဘ၀င်မြင့်နေ တတ်ပေမဲ့
တခါတလေ ကျပြန်တော့လည်း သူဘဲ သူများထက်အောက်ကျို့ သီးခံတတ်နေပြန်ရော
တခါတလေ သနားညာသာမှုကင် မဲသလောက်
တခါတလေ ကျပြန်တော့လည်း သူဘဲစာနာတတ်သူကြီးဖြစ်သွားပြန်ရော
အင်း...... ဒါကြောင့် လူတွေက လောကကြီးမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်လို ပြောကြတာလား...။

ရဲနိုင်
(၁၂-၉-၂၀၀၉၊ မနက် ၉း၄၁)
(၂၉ နှစ်ပြည့် မွေးနေ့ အမှတ်တရ ကဗျာ အဖြစ်ခံစားရေးဖွဲ့သည်။)

''Against the cruel and stupid Regime with 'IT' ''