- အမေ
စိမ်းပြာရောင်တောင်တန်း
နဲ့ အမေ့ ပါးတွန့်တွန့်လေးကို နမ်းဖို့ကျနော်ပြန်လာမယ်
- အမေ
ကောက်ပင်ကြား မြက်ယားတွေကို ရှင်းဖို့
ကျနော်ပြန်လာမယ်
- အမေ
နေ့တိုင်းကြွေးမွေးနေတာတောင် မှ ပိုင်ရှင်ကို ပြန်ကိုက်တဲ့ ခွေးတွေကို
သုတ်သင်ဖို့ ကျနော်ပြန်လာမယ်
- အမေ
အမေ့ မျက်ရည်တွေ နောက်မထွက် ရအောင်လို့
ကျနော်ပြန်လာမယ်
- အမေ
အမေ့ ရည်မှန်းချက်တွေ သားကိုယ်တိုင်မရခဲ့ ရင်တောင်မှ
တခြားသူတွေ ရအောင်လို့ ကျနော်ပြန်လာမယ်
ကျနော်ပြန်လာခဲ့ မယ် မေမေ...
ရဲနိုင်
ပေါက်တက်ကရလေးတွေပါ
Monday, December 08, 2008
အမေ
Monday, December 01, 2008
ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆန့်ကျင်ရေး လူမျိုးပေါင်းစုံထံ ပန်ကြားချက်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆန့်ကျင်ရေး ဟာယနေ့ ကာလရဲ့ အဓိကလုပ်ငန်းတာဝန် တရပ်ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ပီပြင်ပြတ်သားစွာ မလုပ်ဆောင်နိုင်ဘူးဆိုရင် စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်သွားပြီး ကျနော်တို့ရဲ့စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ထူထောင်နိုင်ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ခရီးစဉ်ဟာ ရှည်လျားကွေ့ကောက်တဲ့ ခရီးစဉ်ကို ဖြတ်သန်းကြရလိမ့်မယ်။
ဒါကြောင့် စည်းလုံးနိုင်သမျှအင်အားစုမှန်သမျှနဲ့ စည်းလုံးပြီး (အနဖ) စစ်အုပ်စုကို ဆန့်ကျင် တိုက်ဖျက် သွားကြဖို့လိုပါတယ်။ မိမိတို့လုပ်ဆောင်နိုင်တဲ့ တိုက်ပွဲနည်းလမ်းမှန်သမျှနဲ့လည်း ထိထိ ရောက်ရောက် ဆန့်ကျင်သွားဖို့လိုအပ်ပါတယ်။ (အနဖ) စစ်အုပ်စု ကလည်း သူတို့ ခင်းထားတဲ့ လမ်းပြမြေပုံ အတိုင်းရူးရူးမိုက်မိုက် ဆက်သွားဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။ ကျနော်တို့ အင်အားစု ကလည်း စစ်အာဏာရှင် စနစ်ကို အကုန်အစင်တိုက်ဖျက်ပစ်ဖို့ ပိုင်းဖြတ်ထား ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုတ်ပေးလို့ မဖြစ်တော့ပါဘူး။
ဒါကြောင့် မဝေးလှတဲ့ အနာဂတ်မှာ စစ်အာဏာရှင်စနစ်ကတစ်ဖက်၊ စစ်အာဏာရှင်ဆန့်ကျင် ရေး အင်းအားစုများ ကတစ်ဖက် ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ကြမဲ့ နိုင်ငံရေး အချိုးအကွေ့ သစ်တစ်ခုကို ကျနော်တို့ ဖြတ်သန်းကြရပါ တော့မယ်။
ဒါကြောင့် ယခုကတည်းက (အနဖ) စစ်အစိုးရက အတည်ပြုထားတဲ့ " ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)" ဆန့်ကျင်ရေး လုပ်ငန်းတွေကို တပြည်လုံး အနှံ့အပြားမှာ လုပ်ဆောင်သွားကြဖို့လိုအပ် ပါတယ်။
တကယ်တော့ (န၀တ- နအဖ) စစ်အစိုးရဟာ ၁၉၉၀ ပြည့်ရွှေးကောက်ပွဲရလာဒ်ကို ဖျက်ဖို့ စဉ်ဆက်မ ပြတ်ကြံစည်ခဲ့တာပါ။ အခုဟာကတော့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲ ရလာဒ်ကိုလည်းဖျက်၊ အမျိုးသားဒီမို ကရစီအဖွဲ့ချုပ် ကိုလည်းဖျက်သိမ်း၊ အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်၊ စစ်အားဏာရှင်စနစ်ဟာ တရားဝင်အောင်ပွဲခံဆိုတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ် ဆိုတဲ့ခြေလှမ်းကို လှမ်းဖို့ ကြိုးပမ်းတာပဲ ဖြစ်ပါ တယ်။ ဒီခြေလှမ်းကိုရိုက်ချိုးပစ်ဖို့အတွက် ကျနော်တို့ အတွက်အကောင်းဆုံး တိုက်ကွက်က " ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈)" ဆန့်ကျင်ရေးပဲဖြစ်ပါတယ်။
ဒါကြောင့် လတ်တလောပေါ်ထွက်လာတဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ နှစ်နာမှုမှန်သမျှကို ဖော်ထုတ်ဖွင့်ချပြီး ပြည်သူလူထုကို စည်းရုံးပြီး " ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) " ဆန့်ကျင်ရေး ဦးတည်ချက်ပေးကြဖို့ပဲဖြစ်ပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) " ဆန့်ကျင်ရေး ကို ပီပြင်ပြတ်သားစွာ မလုပ်ဆောင်ဘူးဆိုရင် ၀ါရင့် နိုင်ငံရေးသမားကြီး တစ်ဦးပြောသလို နှစ် (၄၀) ကျော် ယာယီစစ်အာဏာရှင်စနစ်ကနေ ထာဝစဉ် အာဏာရှင်စနစ်ဖြစ်တည် သွားပါလိမ့်မယ်။ ဒါကြောင့် လူမျိုးပေါင်းစုံပြည်သူများကို စည်းလုံးပြီး စစ်အာ ဏာရှင်စနစ်ကို ပြတ်သားကုန်စင်အောင် တိုက်ဖျက်ကြပါစို့။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြ
စည်းလုံးနိုင်သမျှ အင်အားစုများနဲ့ စည်းလုံးညီညွတ်ကြ
စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး စတဲ့ နစ်နာမှုမှန်သမျှ ဖော်ထုတ်ကြ
မှတ်ချက်။ ။ မေလ်းထဲသို့ရောက်လာသော လှုံ့ဆော်စာ တစောင်အားပြန်လည်ဝေငှတင်ပြသည်။
ရဲနိုင်
Monday, November 24, 2008
ရှုံးလည်းရှုံး နိုင်လည်း ရှုံး မှ ရှုံးလည်းနိုင် နိုင်လည်းနိုင်သို့
ဒီအကြောင်းကို ရေးဖို့ စောများနေမလားလို့ ပထမစဉ်းစားမိသေးတယ် ရှမ်း အီးယူ စာတစ်စောင်မှာ စစ်အာဏာရှင်တွေက ၂၀၁၀ ဖေဖေါ်ဝါရီလ (၉) ရက်မှာ သူတို့ရဲ့ ရွှေးကောက်ပွဲ လုပ်မယ်ဆိုတာ (သေချာ မသေချာမသိသေးပါ)ကိုဖတ်လိုက်ရတော့ ဒါမစောတော့ဘူးဆိုတာ သေချာသွားတယ် ပြီးတော့ အခုတလော ကျနော့ ဘလော့မှာ ဒီ စစ်အာဏာရှင်တွေ ရဲ့ ရွှေးကောက်ပွဲ အကြောင်းကိုပဲ အများအားဖြင့်ရေးဖြစ်နေတာက အရေးတကြီးလိုအပ်နေပြီ ဆိုတာပိုထင်ရှားစေတယ်လို ယူဆပါတယ်။
ပထမဆုံးအနေနဲ့ ရှုံးလည်း ရှုံး နိုင်လည်းရှုံး ရွှေးကောက်ပွဲမှ ရှုံးလည်းနိုင် နိုင်လည်းနိုင် ရွှေးကောက်ပွဲသို့ ဆိုတဲ့ ခေါင်းစဉ် ရဲ့အဓိပ္ပာယ်ကို အရင်ပြောရမယ်လို့ထင်ပါတယ်။ ဆိုလိုသည်မှာ ယခု နအဖ စစ်အုပ်စု လုပ်မည့် ၂၀၁၀ ရွှေးကောက်ပွဲ မှာ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီရော မဲပေးကြမည့် ပြည်သူများအပါအ၀င် အားလုံး မိမိတို့ နိုင်လျှင်လည်း ရှုံး ၊ ရှုံးလျှင်လည်း ရှုံး မည့် တဖတ်တတ် ညစ်ကွင်းဆင်၍ ပြုလုပ်ထားသော ရွှေးကောက်ပွဲဖြစ်ပြီး မိမိတို့ လိုချင်သောရွှေးကောက်ပွဲမှာ အရွှေးခံသော ပါတီများနှင့် မဲပေးကြသောပြည်သူများ အပါအ၀င်အားလုံး ရှုံးလည်း နိုင် နိုင်လည်းနိုင် ရွှေးကောက်ပွဲမျိုးဖြစ်ရန်လိုအပ်သည်ဟုဆိုလိုရင်းဖြစ်ပါသည်။
အကျယ်ဆက်ဆွေးနွေးချင်ပါသည်။ ဦးစွာ ဘာကြောင့် နအဖ စစ်အုပ်စုလုပ်တဲ့ ၂၀၁၀ ရွှေးကောက်ပွဲကို ရှုံးလည်း ရှုံး၊ နိုင်လည်း ရှုံး ရွှေးကောက်ပွဲ လို့ပြောလည်း သူတို့ကိုအမြင်ကတ်လို့ ဆန့်ကျင်ဘက်ဖြစ်လို တမင်နားပိတ် ငြင်းနေတာမျိုးမဟုတ်ပါဘူး။ ဒီလိုရှိပါတယ် အဓိက က သူတို့လုပ်မဲ့ ရွှေးကောက်ပွဲ ဟာ ပြည်သူတွေကို ငရဲပြည်ပို့မဲ့ ပြည်သူ့ဆန္ဒ ကို ဓါပြတိုက် ယူထားတဲ့ ၂၀၀၈ မှာ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံကို အသက်သွင်းပေးမဲ့ စစ်သား တမတ်သားပါတဲ့ လွတ်တော်ကို မွှေးထုတ်ပေးမှာဖြစ်တဲ့ အတွက်ကြောင့်ဘဲဖြစ်ပါတယ်။
သူတို့ ဖွဲ့စည်းပုံကိုပြန်ကြည့်မယ် စစ်ဝတ်စုံဝတ်ထားတဲ့ စစ်သားက အနည်းဆုံး ဒုသမ္မတဖြစ်မယ်၊ လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို စစ်တပ်ကဘဲချုပ်ကိုင်ထားမယ်၊ နိုင်ငံတည်ငြိမ်မှုမရှိဘူးလို ယူဆတာနဲ့ စစ်တပ်က အာဏာတရားဝင် သိမ်းလို့ ရမယ်၊ အာဏာသိမ်း ကာလအတွင်းမှာ စစ်တပ်က လိုအပ်လို့ ပြည်သူတွေကိုဖမ်းမယ်၊ စစ်ဆေး ရိုက်နက်မယ် ခြေလွန်လက်လွန်ဖြစ်ရင် သူတို့ကို အရေးယူလို့မရဘူး၊ လိုအပ်ရင် ပြည်သူ့စစ်နည်းဗျူဟာကို စစ်တပ်ကဖော်ဆောင်မယ်၊ လိုအပ်ရင် အတင်းစစ်သားလုပ်ခိုင်းမယ်၊ ပေါ်တာထမ်းခိုင်းမယ်၊ ကိုယ့်နယ်ပယ် ဒေသကို ငြိမ်းချမ်းအောင်မအုပ်ချုပ်နိုင်ဘူး လိုယူဆရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နယ်မြေ၊ တိုင်းဒေသ၊ တွေဖျက်သိမ်းခံရမှာဖြစ်ပြီးတော့ စစ်တပ်ကတိုက်ရိုက်အုပ်ချုပ်မှာဖြစ်တယ်၊ ပြီးတော့ ပြည်ထောင်စု နိုင်ငံဆိုပြီးတော့ သူတို့က ခေါင်းကနေ ခြေထောက်ထိ နေရာအနှံ့ စစ်တပ်ကို ယူနီဖောင်ဝတ်နဲ့ ထည့်ထားတယ် သူတို့ပြောတဲ့ ပြည်နယ်၊ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နဲ့ ကိုယ်ပိုက်အုပ်ချုပ်ခွင့် ရပြည့်နယ်တွေရဲ့ လုပ်ပိုင်ခွင့် တွေအားလုံး မရှိသလောက်နည်းပါး ကန့်သတ် ထိန်းချုပ်ထားပြီး အင်မတန်မှ တင်းကြပ်ပြိး စစ်တပ်တရားဝင် အုပ်ချုပ်လို့ရတဲ့ တပြည်ထောင် စနစ်ကိုပုံဖော်ထားတဲ့ အချက်အလက်တွေအားလုံး သူတို့ရဲ့ဖွဲ့စည်းပုံထည်းမှာ ထည့်ရေးပြီးတော့ ပြည့်သူ့ဆန္ဒ တွေကို အတင်းဓါပြတိုက် ပြီးတော့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံဘဲ ဖြစ်ပါတယ်။
ဒီလို တိုင်းရင်းသားမိဘပြည်သူ တွေရဲ့ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေကို ဘာမှ ကာကွယ်ပြဌာန်းပေးထားတာမရှိတဲ့ ပြည်သူတွေ အတွက်ဘာမှ အာမခံချက်မရှိဘဲနဲ့ စစ်သားဆိုရင်တောင်မှ သူတို့ လက်တဆုပ်စာ အာဏာရှင် စစ်အုပ်စုတွေရဲ့ ရေရှည် အကျိုးစီးပွားနဲ့ သူတို့ရဲ့ အာဏာ ရေရှည်တည့်တံ့ခိုင် မြဲရေးအတွက်ဘဲ အာမခံချက်ရှိအောင်လုပ်ထားတဲ့ ဒီဖွဲ့စည်းပုံကို အသက်သွင်းပေးမဲ့ ရွှေးကောက်ပွဲ ဖြစ်လာမယ်ဆိုရင် အာဏာရှင်စစ်အုပ်စု နဲ့ သူနဲ့ ပနာသင့်တဲ့ ပါတီတွေကလွဲပြီး (ဒီပါတီတွေတောင်ရှိပါ့မလား) အကြောင်းအမျိုးမျိုးနဲ့ ၀င်ရောက်အရွှေးခံမဲ့ ပါတီတွေ ရော ဘယ်ပါတီကိုဘဲ ဖြစ်ဖြစ်ကိုယ်ကကြိုက်လို မဲပေးလိုက်တဲ့ ပြည်သူတွေအတွက်ပါ သူတို့ ကိုကာကွယ် အာမခံပေးမဲ့ ဖွဲ့စည်းပုံကို အသက်သွင်းပေးမဲ့ လွတ်တော်ကိုယ်စားလှယ်တွေကို ရွှေးပေးရတာ မဟုတ်တဲ့အတွက် အရွှေးခံပါတီရော မဲပေးတဲ့ ပြည်သူများပါ ကိုယ်ကမဲ နိုင်လို လွတ်တော်ကိုယ်စာလှယ်ဖြစ်ရင်ဘဲဖြစ်ဖြစ်၊ ကိုယ်ရွှေးလိုက်တဲ့သူက လွတ်တော်ကိုယ်စာလှယ် အဖြစ်နိုင်ရင်ဘဲဖြစ်ဖြစ် နိုင်လည်းရှုံး၊ ရှုံး လည်းရှုံး တဲ့ စစ်ဖားတွေနဲ့ စစ်သားတွေဘဲနိုင်မဲ့ ရွေးကောက်ပွဲဘဲ။ ဒါကြောင့် ရှုံးလည်းရှုံး၊ နိုင်လည်းရှုံး ဘယ်လိုဘဲဖြစ်ဖြစ်ကိုယ်ဘဲ ရှုံးနေတဲ့ ဒီရွှေးကောက်ပွဲမျိုး မဖြစ်အောင် ကျနော်တို့လုပ်ရမှာဖြစ်ပါတယ်။
ဒါဆိုကျနော်တို့ ဘယ်လို ရွှေးကောက်ပွဲမျိုးကို လိုချင်လည်း လုပ်မလဲ လို့မေးစရာရှိလာတယ်။ ဒါဆိုရင် ကျနော်တို့ရဲ့အဖြေက ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်တဲ့ ရွှေးကောက်ပွဲမျိုးကို လုပ်ချင်ပါတယ်လိုပြောရမှာဘဲ။ ပြောရမယ်ဆိုရင်တော့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့၊ ပြည်သူအခွင့်အရေးတွေကို ထည့်ရေးထားတဲ့၊ ပြည်သူတွေအတွက် အာမခံချက်ရှိပြီး အာဏာပိုင် အစိုးရတွေ ပြည်သူတွေ အပေါ် ချိုးဖောက်ချင်သလို ချိုးဖောက် နှိပ်စက်ချင်သလို နှိပ်စက်လို့မရအောင်၊ ပြည်သူတွေလိုချင်တဲ့ နိုင်ငံပုံစံကိုပုံဖော်ပေးနိုင်တဲ့ ပြည်သူ့ဆန္ဒ နဲ့အညီရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ မျိုးကို အသက်သွင်းပေးရမဲ့ လွတ်တော်မျိုးကို မွေးထုတ်ပေးမဲ့ ရွှေးကောက်ပွဲမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါမှ ၀င်ရောက်အရွှေးခံတဲ့ ပါတီရော၊ မဲပေးတဲ့ပါတီတွေပါ ကိုယ်မနိုင်လို့ လွတ်တော်ကိုယ်စာလှယ်မဖြစ်ပေမဲ့၊ ကိုယ်နိုင်စေချင်လို့မဲ့ထည့်လိုက်တဲ့ပါတီက မနိုင်ပေမဲ့ ကိုယ့်ရဲ့အကျိုးစီးပွားတွေ အခွင့်အရေးတွေကို ကာကွယ်ပေးတဲ့ ဖွဲ့စည်းပုံရှိနေတဲ့ အတွက် ဒီရွှေးကောက်ပွဲမျိုးဟာ အားလုံးအတွက် ရှုံးလည်းနိုင်၊ နိုင်လည်းနိုင် ရွှေးကောက်ပွဲမျိုးဖြစ်တယ်လိုပြောချင်ပါတယ်။
ဒါကြောင် ကျနော်က နအဖ ၂၀၁၀ မှာ လုပ်မဲ့ ကျနော်တို့အားလုံးအတွက် ရှုံးလည်းရှုံး၊ နိုင်လည်းရှုံး တဲ့ ရွှေးကောက်ပွဲ မဖြစ်အောင်ဆန့်ကျင်ကန့်ကွက် တိုက်ဖျက်ပြီး၊ ကျနော်တို့ အားလုံးအတွက် ကာကွယ်ပေးတဲ့ အားမခံချက်ရှိတဲ့ ရှုံးလည်းနိုင်၊ နိုင်လည်းနိုင် တဲ့ ရွှေးကောက်ပွဲ မျိုးဖြစ်အောင် ကျနော်တို့အားလုံး လက်တွဲ အကောင်အထည်ဖော်ရမယ်လို့ ကျနော်တင်ပြချင်တာဖြစ်ပါတယ်။
ဒါကြောင့် ကျနော်က ရှုံးလည်းရှုံး၊ နိုင်လည်းရှုံး တဲ့ နအဖ စစ်အုပ်စုရဲ့ ၂၀၁၀ ရွှေးကောက်ပွဲ မှ ကျနော်တို့လိုချင်တဲ့ ရှုံးလည်းနိုင်၊ နိုင်လည်းနိုင်တဲ့ ရွှေးကောက်ပွဲဆီတို့လို့ရေးထားတာဖြစ်ပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ မုချ တည်ထောင်နိုင် ရမည်
မိမိကြမ္မာ မိမိ ဖန်တီး နိုင်ခွင့် မုချ ရရမည်
လူ့အခွင့်အရေး အပြည့်အ၀ မုချ ရရမည်
ရဲနိုင်
Wednesday, November 19, 2008
Constitution ကိုဆန့်ကျင်တာ
လာမဲ့ 2010 election ကို ဆန့်ကျင်တာ
Road map အဆင့်တိုင်းကို ဆန့်ကျင်တာ
ဒါတွေ တစ်ခုနဲ့ တစ်ခုဘာကွားခြားမှုများရှိလို့လဲ
နအဖ စစ်အာဏာရှင်ရဲ့ လမ်းပြမြေပုံ (road map) ကိုဆန့်ကျင်တာဟာ စစ်အာဏာရှင်ရဲ့ ဖွဲ့စည်းပုံ နဲ့ သူလုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်တာဘဲပေါ့
ဘာဖြစ်လို့ စစ်အာဏာရှင်ရဲ့ လမ်းပြမြေပုံ အဆင့်တိုင်း ကိုဆန့်ကျင်တယ်၊ သူရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တယ်ဆိုပြီး သူလုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲ ကိုဆန့်ကျင်ဖို့ ၀င်ရောက်မယှဉ်ပြိုင်ဖို့ အတွက်ကြတော့ စဉ်းစားဦးမယ်ဖြစ်လာရတာလည်း
နအဖ ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ပြည်သူတွေကိုကာကွယ်တဲ့ ပြည့်သူအခွင့်အရေးတွေ ထည့်သွင်းရေးသားထားတဲ့ ဖွဲ့စည်းပုံ မဟုတ်လို့ ပြည်သူတွေရဲ့ တကယ့်ဆန္ဒ နဲ့ အတည်ပြုထားတာမဟုတ်လို လက်မခံနိုင်ဘူးကန့်ကွက်တယ်ဆိုပြီး ၂၀၁၀ ရွှေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရေရှည်အတွက် ကိုယ့်နေရာလေးရအောင် စောင့်ကြည့်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်တွေဟာ ခိုင်လုံ ဆီလျှော်လား၊ တကယ်ရောဟုတ်လား၊ အကျိုးဖြစ်ထွန်းနိုင်လားဆိုတာ သုံးသပ်ဖိုလိုပါလိမ့်မယ်
ကိုယ်ကိုယ်တိုင် မကြိုက်ပါဘူး လက်မခံပါဘူး ဆိုတဲ့ ဖွဲ့စည်း ပုံကို လူထုဆန္ဒကို အတင် လုယူပြီး အတည်ပြုထားတယ်ဆိုတဲ့ အဲ့ဒီ နအဖ စစ်အာဏာရှင်ရဲ့ ဖွဲ့စည်းပုံကို အသက်ဝင် အောင်လုပ်ပေးမဲ့ လွတ်တော် တစ်ရပ်ဖြစ်အောင်ပုံဖော်လုပ်ဆောင်ပေးမဲ့ ဟာက ဒီအာဏာရှင်တွေ လုပ်မဲ့ ရွှေးကောက်ပွဲ ကတဆင့် ထွက်ပေါ်လာမဲ့ လွတ်တော်ဘဲ ဆိုတာ ကျနော်တို့ အားလုံးသိထားဖို့ အများကြီး အရေးကြီးပါတယ်။
ဒါကြောင့် စစ်အာဏာရှင် ရဲ့ ဖွဲ့စည်ပုံကို မကြိုက်ရင် ဆန့်ကျင်မယ်ဆိုရင်၊ သူ့ရဲ့ လမ်းပြမြေပုံ အဆင့်တိုင်းကိုတကယ်ဘဲ ဆန့်ကျင်မယ်ဆိုရင်၊ ဒါတွေအားလုံးနဲ့ အတူ နအဖ စစ်အာဏာရှင် စနစ်ကြီး တစ်ခုလုံး ပြိုပျက်ပျောက်ဆုံးသွားမှ တိုင်းပြည်နဲ့ နိုင်ငံအတွက် အကျိုးရှိမယ်လိုယုံကြည်တယ်ဆိုရင် ခင်ဗျာ တို့ ကျနော်တို့ လုပ်ရမဲ့ လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုဘဲရှိတယ် အဲဒါက အားလုံး ညီညီညာညာ နဲ့ စစ်အာဏာရှင် စိတ်ကြိုက်ရေးဆွဲပြီး သူတိုကိုဘဲကာကွယ်မဲ့ ဖွဲစည်းပုံကို အသက်ဝင်စေမဲ့၊ စစ်အာဏာရှင်တွေ လုပ်မဲ့ ၂၀၁၀ ရွှေးကောက်ပွဲ မဖြစ်အောင် ဆန့်ကျင်တိုက်ဖျက်ဖို့နဲ့ ကျနော်တို့ လိုလားတဲ့ အရပ်သားအစိုးရတစ်ရပ်ကို ညီညီ ညွတ်ညွတ်နဲ့ ဖော်ဆောင်ကြဖို့ပဲဖြစ်ပါတယ်။
အမျှော်အမြင်ကြီးမားသော တိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဒီနည်းလမ်းအပြင်တခြားမရှိဘူး ဆိုတဲ့အကြောင်းကို အကြံပြုချင်ပါတယ်
ဘဘ ဦးဝင်တင်ပြောတဲ့ ငရဲလမ်း ကို ကျနော်တို့ မြင်ပြီး လမ်းရွှေး မမှားဖို့လိုအပ်တယ်လို့ တင်ပြချင်ပါတယ်
ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ မုချ တည်ထောင်နိုင် ရမည်
မိမိကြမ္မာ မိမိ ဖန်တီး နိုင်ခွင့် မုချ ရရမည်
လူ့အခွင့်အရေး အပြည့်အ၀ မုချ ရရမည်
ရဲနိုင်
Saturday, October 18, 2008
အချိန်တန်ပြီ
ဒီမှာ စိုးရိမ်ထိတ်လန့် နေရတဲ့ အကျယ်ချုပ်ပုံစံနဲ့ ဘဲ နိုင်ငံရေးဆက်လုပ်နေမှာလား
တောခိုပြီး လက်နက်ကိုင်ပုံစံနဲ့ဘဲ တော်လှန်ရေးကိုဆက်ဆင်နွဲမှာလား
ကိုယ်ကျိုးကြည့်ပြီး တတိယနိုင်ငံကိုဘဲ ပြေမလား
ကိုယ်ရဲ့ မိဘပြည်သူတွေနဲ့ဘဲ တသားတည်းပြန်နေပြီး နည်းပေါင်းစုံနဲ့ တော်လှန်ရေးကိုဆက်လုပ်မှာလား
ဒါမှ မဟုတ် မိဘပြည်သူတွေနဲ့ပေါင်းပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ဘဲ တော်လှန်ရေးကိုအကောင်အထည်ဖော်ကြမလား
ဒါမှ မဟုတ်စစ်အာဏာရူးတွေရဲ့ ပြုသမျှခံမဲ့ နလဘိန်းတုန်းတွေအဖြစ်နဲ့ ဘဲနေကြမလား ဆိုတာတွေကို
အတွင်းကလူတွေရော အပြင်ကလူတွေရော၊ အထူးသဖြင့် အပြင်ကလူတွေကို ပြောချင်တယ် ခင်ဗျာတို့ ကျနော်တို့ တခုတခု ဆုံးဖြတ်ဖို့ အချိန်ရောက်ပြီ
၂၀၁၀ နောက်ပိုင်းဆိုတာမျိုးက နိုင်ငံကို ဘယ်သူနိုင်နိုင် ၀ိုင်းဝန်းတည်ဆောက်ကြတာဘဲ ကောင်းတယ်
ကျနော်တို့ နှစ်နာနေတာ အောက်ကျနောက်ကျဖြစ်နေတာ နှစ်ပေါင်းမနည်းတော့ဘူး
ချမယ်ဆိုရင်လည်း ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ပြီး အပြတ်ချ ဒါမှမဟုတ်ရင်လည်းပြေး ဒါမှမဟုတ်ရင်လည်းသူတို့နဲ့ပေါင်းပြီးလုပ်
ကျနော်တို့ တခုတခုဆုံးဖြတ်ဖို့ အချိန်တန်ပြီ
တောင်မတင် ရေမကျဆုံးဖြတ်လုပ်ဆောင်ချက်တွေကြောင့် ကိုယ်ကျိုး သမားတွေနဲ့ အာဏာရှင်တွေရဲ့ အကျိုက်တွေ့နေတာကြာပြီ
ကျနော်တို့ မျိုးဆက်သစ်တွေနှစ်နာနေတာကြာပြီ
ကျနော်တို့ လူငယ်တွေ အညွန့်ချိုးနှိမ်ခံနေရတာကြာပြီ
စိုရိမ်ထိတ်လန့် တကြီးနဲ့နေနေရတာကြာပြီ
ကျနော်တို့ အားလုံးလွတ်လပ်ဖို့
ကျနော်တို့ အားလုံးဖွံ့ဖြိုးဖို့
ကျနော်တို့ အားလုံးယုံကြည်မှုရှိရှိနဲ့ ဘ၀တွေတည်ဆောက်နိုင်ဖို့
သေချာတယ် တခုတခုကို ကျနော်တို့ တိတိကျကျ ဆုံးဖြတ်ဖို့အချိန်ရောက်ပြီ
လုပ်ဆောင်ဖို့ အချိန်ရောက်ပြီ
ရဲနိုင်
၁၉-၁၀-၂၀၀၈ (နံနက် ၀၈း၁၅)
Tuesday, October 14, 2008
ကျနော်လေးစားစွာဖြင့်တင်ပြခြင်းပါ
GW ရဲ့လှုပ်ရှားမှုတွေကို အားကျထောက်ခံတယ်
စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လုပ်ဆောင်နေတဲ့ တခြားပြည်တွင်းမှာ လုပ်နေတဲ့ အကောင်းဆုံးစတေးခံ မြေသြဇာ လို လူငယ်အဖွဲ့ စည်းတွေအားလုံးကိုလည်း အားကျထောက်ခံတယ်
ဒါပေမဲ့ ညီကိုတို့ရေ ဒီအသိစိတ် မဲ့နေတဲ့ စစ်အာဏာရူးတွေကို ဒီလိုနည်းတခုတည်းနဲ့ ဖြေရှင်းရှင် မလွယ်ကူနိုင်ပါဘူး ကျနော်တို့ နည်းလမ်းပေါင်းစုံသုံးဖို့လိုအပ်နေပြီလားဆိုတာ စဉ်းစားစရာဖြစ်နေပါပြီ
စု-လွတ်-တွေ၊ ရံသုံးရံ ဒါတွေဟာ အမှန်တကယ်လည်း အရေးပါတဲ့ တောင်ဆိုမှု ကြီးတွေဖြစ်ပါတယ်
ဒါတွေကိုဒီတိုင်း တောင်းရင်ရနိုင်မလား ကျနော်တို့ ဘယ်လိုလုပ်သင့်လည်း
ဘာသာတရားမရှိတဲ့ ဒီစစ်အာဏာရူး တစုလို တိရိစ္ဆာန် တွေကို မေတ္တာပို့ရုံနဲ့ ရမလား
ကျနော်တို့ နည်းလမ်းပေါင်းစုံသုံးပြီး ဒီခွေ တိရိစ္ဆာန်တွေကို ရိုက်မောင်း ကန်ထုတ်သင့်ပါပြီ
ခွေးရူးကိုသတ်သာ မှန်တဲ့ အတွက် အာဏာရူးတွေကိုသတ်တာလည်းမှန်တယ်
ဒါကြောင့် ခွေးရူးနဲ့တူတဲ့ ခွေးရူးထက်ဆိုးတဲ့ အာဏာရူးတွေကို ဘယ်လိုနည်းနဲ့ သတ်သတ် တရားတယ် လိုယူဆပါတယ်
ရဲနိုင်
Thursday, September 18, 2008
ဆန္ဒပြကြ
-တကိုယ်ကောင်းစားဖို့ စနစ်ဆိုးသုံးတဲ့
စစ်အစိုးရကို တို့တွေဆန္ဒပြ / သပိတ်မှောက်ကြ
-ပဒေသရာဇ်စနစ်နဲ့ ဘုရင်ရူးရူးတဲ့
အာဏာရှင်ကို တို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ
-အာဏာတစ်ခုအတွက် ပြည်သူသတ်တဲ့
အာဏာရှင်ကို တိုတတွေ ဆန္ဒပြ / သပိတ်မှောက်ကြ
-လူမျိုးကြီး အတွက် လူမျိုးတုံးသတ်တဲ့
အာဏာရှင်ကိုတို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ
-အလုပ်သမားတွေစက်ရုံမသွားနဲ့
ဝန်ထမ်းတွေ ရုံးကိုမတက်နဲ့
စစ်အစိုးရရဲ့ ယန္တရား ပျက်အောင်လုပ်ရမယ်
-ဆန္ဒပြရင် မရိုက်နဲ့ မသတ်နဲ့
ပြည်သူချစ်တဲ့ တပ်မတော်လုပ်ဟဲ့
စစ်အစိုးရပြုတ်မှ တိုင်းပြည်တိုးတက်မယ်
-ပြည်သူတွေနဲ့ လက်တွဲ
ဆန္ဒပြရင်ဝင်နွဲ
ဒါမှတို့ပြည် (ပြည်) သမိုင်းလှမယ်
-လမ်းမပေါ်ထွက်ပါ၊ ငြိမ်းချမ်းစွာစီတန်းပါ
ဒီမိုကရေစီ လူ့အခွင့်အရေး
တို့ပြည်သူတွေတိုးတက်ဖူလုံရေး
ဆန္ဒပြကာ တို့တတွေတောင်းရမှာ…
ရဲနိုင် (ပြန်လည် ခံစားတင်ပြသည်)
Sunday, September 14, 2008
တော်လှန်ရေးနှင့် ကျနော့် အမြင်
ကျနော်တို့ စုစည်းဖို့ အချိန်တန်ပြီ
အမေရိကန်ဟာ ကိုလိုနီလက်အောက်ကလွတ်မြောက်ဖို့ အတွက် တစ်ပြည်နယ်ချင်း ကိုယ့်နည်းကိုယ်ဟန်နဲ့ တိုက်ခဲ့တာ နှစ်အတော်ကြာအောင်ဘဲလေအချိန်ကုန်လူပန်းပြီး ထင်သလောက်မှ မပေါက်ခဲ့တာ ဆိုလိုတာက တကယ့်မှန်တဲ့ လွတ်လပ်ရေး မရခဲ့ဘူးလေ တစ်ပြည်နယ်ချင်းရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို လျှော့ချပြီး ဖက်ဒရယ်အစိုးရ တစ်ခုဖွဲ့ပြီးတိုက်မှဘဲ အောင်မြင်မှုရခဲ့တာဟာက ကျနော်တို့ အတွက် အများကြီး အတုယူစရာပါ
ကျနော်တို့ တွေကရော ၁၉၆၂ နေ၀င်း အာဏာသိမ်းပြီးကတည်းက အာဏာရှင်တော်လှန်ရေး လုပ်ဆောင်လာခဲ့တာ အခုဆိုရင် (၄၆) နှစ်ကျော် (ကျနော် အသက်ရဲ့ နှစ်ဆနည်းပါးရှိနေပြီ) ရှိနေပြီ မအောင်မြင်သေးဘူး။ အဖွဲ့အစည်းအမျိုးမျိုး၊ တပ်ပေါင်းစုအဖုံဖုံ၊ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်းအားစုမရှိဖူးတဲ့ လူမျိုးစုမရှိသလောက်ဖြစ်ပြီး၊ အဲဒါတွေအားလုံးဟာ ဖြစ်လာရင် ငါ့အရေး မဟုတ်ဘူး ဗမာကိစ္စ၊ ငါတို့နဲ့ မဆိုင်ဘူး တောင်ပေါ်နေတိုင်းရင်းသားတွေ အရေးဘဲ၊ ဟာဒါတော့ဖြင့် သူတို့ရဲ့ တပ်ပေါင်းစုကိစ္စ၊ ငါတို့နဲ့ မဆိုင်ဘူး စသည်ဖြင့် အဲ့ဒီလိုအမြင်တွေ၊ အယူအဆတွေ၊ ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်၊ ရှင်းရှင်းပြောမယ်ဆိုရင် ကိုယ့်ရဲ့ အာဏာ အစွဲတွေနဲ့ဘဲ ကိုယ်လုပ်ချင်တာဘဲ ဆက်လုပ်နေဦးမယ်ဆိုရင်တော့ ဘယ်တော့မှ အောင်နိုင်မှာ မဟုတ်ပါဘူး။
အသက်၊ သွေး၊ ချွေးတွေ အများကြီးပေးဆပ်ပြီးဆင်နွဲခဲ့တဲ့ တော်လှန်ရေး၊ လူထုအုံကြွလှုပ်ရှားမှုတွေလည်း အကြိမ်ကြိမ် အခါခါပါဘဲ။ နောက်ဆုံး ဘာသာသနာအတွက် လုပ်ဆောင်နေကြတဲ့ ထေကြီး၊ ၀ါကြီး ဆရာတော်ကြီးတွေနဲ့ ရဟန်း၊ သံဃာတော်ကြီးတွေတောင်မှ မနေတာတော့ဘဲ လူထုတွေအတွက် အသက်ပေးစတေးပြီးဦးဆောင်လုပ်ဆောင်လာခဲ့ကြပြီ၊ အောင်မြင်မှု (နောက်ဆုံး) မှမရခဲ့တာဘဲ။ ဒါတွေဟာဘာကြောင့်လည်း၊ ကျနော်တို့တွေဘာလုပ်သင့်လည်း၊ ဘယ်လိုဖြစ်မှနောက်ဆုံးပန်းတိုင်ကိုရောက်မှာလည်း၊ ကျနော်တို့တွေ သိဖို့ လိုပြီ၊ သိသင့်ပြီ။ ကျနော်တို့ အတ္တတွေ၊ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ၊ အမြင်ကျဉ်းတာတွေ၊ အစွဲတွေ အတွက်ဘဲ လုပ်နေကြတော့မှာလား၊ ဘယ်အချိန်မှာ ကျနော်တို့ စုစည်းကြမလဲ၊ ဘယ်အချိန်မှာကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ကြမလည်း၊ ဒီရဲ့ အမွေဆိုးတွေကို ကျနော်တို့ရဲ့ မျိုးဆက်သစ်တွေထိ ဆက်ပေးသွားဦးမလား၊ ကျနော်တို့ ဒါကြီးကိုအမြစ်ပြတ်အောင်လုပ်ဆောင်ဖို့ အချိန်ရောက်ပါပြီ။
ရန်သူလုပ်ဆောင်ချက်ဆိုတာ သူခြေလှမ်းတွေကို သိထားဖို့နဲ့ ကိုယ့်ခြေလှမ်းမမှာအောင်လို့ ကြည့်ဖိုအတွက်ဘဲဖြစ်တယ်၊ ကျနော်တို့ဟာ သူတို့ရဲ့ နောက်လိုက်မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့  တာဝန်ဟာ သူတို့လုပ်ဆောင်ချက်တိုင်းကိုဆန့်ကျင်ရုံနဲ့ ပြီးပြတ်အောင်မြင်သွားတာမဟုတ်ပါဘူး၊ သူဘာလုပ်ရင်၊ ဘယ်လိုလုပ်လိုက်ရင် ကိုယ်ဒီလိုလုပ်လိုက်မယ်ဆိုတာတွေထက်၊ ကျနော်တို့ရဲ့  ကိုယ်ပိုင်မူ၊ လုပ်ဆောင်ချက်တွေနဲ့ တစ်စုတစ်စည်းတည်းမနားမနေလုပ်ဆောင်သွားမှဘဲ ပြီးပြတ်အောင်မြင်မှာ ဖြစ်ပါတယ်။ သူက စစ်အာဏာရှင်ချုပ်ကိုင်လို့ရတဲ့ ပြည်သူ့အရေခြုံ ရုပ်သေးအစိုးရပေါ်အောင်လို့ သူ့ရဲ့ မူဝါဒလမ်းစဉ်တွေနဲ့ လုပ်ဆောင်နေရင်၊ ကျနော်တို့ရော တကယ့်ညီညွတ်မျှတတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ဖြစ်ဖို့ ကိုယ့် ကိုယ်ပိုင်မူဟန်နဲ့ တစ်စုတည်း၊ တစ်လုံးတည်း လုပ်ဆောင်ရမှာပေါ့။
သူလုပ်ဆောင်ချက်နောက်ဘဲ လိုက်ပြီးဆန့်ကျင်နေတာမျိုးက အချိန်ကုန်ပါတယ်၊ ပုံစံမတူရင်ဆန့်ကျင်ပြီးတာဖြစ်လို့ သိပ်လုပ်စရာ မလိုပါဘူး လူထုသိအောင် နိုင်ငံတကာသိအောင် ပြောဆို တင်ပြစည်းရုံးတာမျိုးဘဲဖြစ်သင့်ပါတယ်၊ နိုင်ငံတကာနဲ့ ကျနော်တို့ရဲ့ အဓိကဖြစ်တဲ့ ပြည်သူလူထုကတော့ သူတို့အတွက် မျှတမှန်ကန်တယ်၊ လုံခြုံစိတ်ချရတယ်၊ အမှန်တကယ်ငြိမ်းချမ်းမှုရှိတယ်လို့ ယုံကြည်ရတဲ့ ဘက်ကိုလိုက်မှာဘဲ၊ ရန်သူကို အဓိကထားပြောစရာတောင်မလိုဘဲနဲ့ သူ့အလိုလိုကို (မဟန်မှန်းသိလာရင်) ကမ်းလှမ်းလာပြီး သူရဲ့  အသက်သာဆုံး နည်းလမ်းရှာပြီး လုပ်ဆောင်လာမှာဖြစ်တယ်။ အခုက ကျနော်တို့က သူ့နောက်ဘဲ လိုက်ပြီး ကန့်ကွက်နေ၊ ကမ်းလှမ်းနေ၊ ညှိုနိုင်းဖိုဘဲကြိုးစားနေတော့ သူပိုပြီး ဘ၀င်လေဟပ်ပြီး မှားမှားကြီးနဲ့ နိုင်ငံတကာနဲ့ လူထုကြီးကို သူတိုလုပ်နေတာတွေကဘဲ မှန်နေတရောင်ရောင်လုပ်တော့တာပေါ့၊ ဈေးကိုင်တော့တာပေါ့ ဗျာ။
ကျနော်တို့ အားလုံး နားလည်မှုရှိရှိနဲ့ တကယ့်စိတ်ရင်း စေတနာမှန်တွေနဲ့၊ ကိုယ့်ရဲ့ မာန်မာန၊ အတ္တတွေနဲ့ အယူစွဲအမြင်ကျဉ်းတာတွေကို လျှော့ချ၊ မေ့ဖျောက်ပြီး၊ အမေရိကန် ပြည်နယ်သားတွေလို တစုတစည်းတည်းဖြစ်တဲ့၊ တစ်ခုတည်းဖြစ်တဲ့၊ တစ်လုံးတအားတည်းဖြစ်တဲ့ အတိုက်အခံ အစိုးရတစ်ရပ်ဖွဲ့စည်း သင့်ပါပြီ၊ တအားတည်းဖြစ်မဲ့ ဖယ်ဒရယ် တပ်မတော်ကြီး တစ်ရပ်ဖွဲ့ပြီး ကိုယ့်မူ၊ ကိုယ့်ဟန်နဲ့ ရန်သူကို တိုက်သင့်ပြီ ပြည်သူတွေရဲ့ အရေးကိုထိထိရောက်ရောက် မညာတမ်း၊ မလိမ်တမ်း၊ ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်ဆောင်သင့်ပါပြီ၊ အရှိန်ပြင်းတဲ့ လက်သီးဆုပ်ဖြစ်အောင် ကျနော်တို့လုပ်ဆောင်သင့်ပါပြီ။ ဘယ်အချိန်ထိအောင်ကို အယူကွဲနေကြမလည်း၊ ဘယ်ထိအောင် ကျနော်တို့ပြည်ပြေး ၀ရမ်းပြေးဘ၀နဲ့ မလွတ်မလပ်နေနေကြမလည်း၊ ကျနော်တို့စုစည်းဖို့ အချိန်ရောက်ပါပြီ ပေါင်းစည်းဖို့ အချိန်တန်ပြီ၊ ဒါမှ ကျနော်တို့ နိုင်ငံလွတ်လပ်မယ်လို့ တင်ပြဆွေးနွေး အကြံပေးချင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတည်ထောင်နိုင်ရမည်
အနာဂတ်လှပဖို့ အနှစ်နာခံနိုင်ရမည်
ကျနော်တို့အားလုံးရဲ့ ကံကြမ္မာကျနော်တို့ လက်ထဲမှာဘဲရှိရမည်
ရန်နိုင်
၁၄-၉-၂၀၀၈ (မနက် ၉း၃၉)
မေးလ်မှ တဆင့် ၀င်လာသော ဆောင်းပါတစ်ပုဒ်အားပြန်လည်ဝေမျှခံစားခြင်းဖြစ်သည်။