''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Saturday, May 17, 2008

သောက်လက်စ အတွေ

ကျနော့ရဲ့ ခံစားချက်တွေ အသက်မဲ့

ကျနော့်ရဲ့လမ်းတွေ မှုန်ဝါး

ကျနော်ထင်ခဲ့တာတွေ အကုန်မှား

ကျနော့်ရဲ့ ကြိုးစားမှုတွေ ရိုက်ချိုးခံရ

တောက်ပတဲ့အလင်းရောင်တွေ မှေးမှိန်

ခေတ်ကြီးမှာ စာရိတ္တထက် ငွေရိတ္တ ကပို

ခေတ်ကြီးမှာ မှန်ဖို့ထက် ကိုယ့်လူကောင်းဖို့လို

ခေတ်ကြီးမှာ သူများကိုလက္ခံဖို့ထက် ကိုယ့်ကိုလက္ခံဖို့လို

ခေတ်ကြီးမှာ အားကြီးရင် အမှားက အမှန်ဖြစ်

ခေတ်ကြီးမှာ တိုးတက်လေလေ ရိုင်းဆိုင်းလာလေ

ခေတ်ကြီးမှာ အားနည်းလေ အသုံးမကျလေ

ရိုးသားမှုက ဟာသဖြစ်

ညှာတာမှုက နွံအောက်နှစ်

မြေခွေးဉာဏ်နက် ကျားလိုခက်မှ

ခေတ်မှာလူသား ထွန်းတောက်ကြွားမည်

ရှေ့ အယူဟောင်း နားလေရော့။

အေဒီ

ပေါက်တက်ကရလျှောက်ရေးသူ

No comments:

''Against the cruel and stupid Regime with 'IT' ''