''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Saturday, May 03, 2008

“မျှော်နေမယ့် မေမေ“


ဒီအချိန်ဆို မေမေမျှော်နေရှာရောပေါ့
တစ်နှစ်တစ်ခေါက်အလွမ်းဖျောက်တဲ့
မေမေ့ရဲ့ သား စစ်ဖားကြီးလေ
ခိုးလို့ မငှ လိမ်မ၀လို့ 
ငါးသောင်း တသိန်းတောင်းနေကျ၊

ဒီအချိန်ဆို မေမေမျှော်နေရှာရောပေါ့
လိမ်လည်လှည့်ဖြားခိုးဝှက်စားတဲ့ မေမေ့ရဲ့ သား စစ်ဖားကြီးလေ
ပင်ပန်းဒုက္ခ စိတ်သောကနဲ့ 
မေမေ့ရင်ခွင်လာနေကျ၊

ဒီအချိန်ဆိုရင် မေမေမျှော်နေရှာရောပေါ့
လူငယ်ဘ၀ဆုံးရှုံးရတဲ့
မေမေ့ရဲ့သား ပိပြား (၀န်ထမ်း)ကြီးလေ
ပေတေဆိုးမိုက် အရက်သမားဂိုက်နဲ့ 
မေမေ့ရင်ခွင် လာနေကျ၊

ဒီအချိန်ဆိုရင် မေမေမျှော်နေရှာရောပေါ့
မျှော်နေပေမယ့် ပေါ်မလာနိုင်တဲ့
မေမေ့ရဲ့ သား ပိပြားကြီးလေ
နိုင်ငံ့အတွက် တော်လှန်ရေးတဲ့
စစ်အာဏာကို တိုက်နေရ၊

ဒီအချိန်ဆိုရင် မေမေမျှော်ရကျိုးနပ်ရောပေါ့
သားအပြန်လမ်း ဒီမိုပန်းနဲ့ 
အောင်ပွဲရသား နိုင်ငံအား
စစ်ဖားမဟုတ် အငုတ်ဖြုတ်တဲ့
တန်းတူညီမျှ စုပေါင်းကြ၊

(အနာဂါတ် ဒီမိုကရေစီနိုင်ငံကိုမျှော်လင့်ရင်း၊ ခိုးနေဆဲသူငယ်ချင်းများအား ရုန်းထွက်ရန်နိုးဆော်ရင်း၊ မေမေ့ကို လွမ်းဆွတ်ရင်း)

မိုင်အိပ်ဒွပ်

(ဟစ်တိုင်တွင်ဖော်ပြပြီး)

No comments:

''Against the cruel and stupid Regime with 'IT' ''