လူကောင်းတွေဘာကြောင့် စောစောသေကြလဲ
များသောအားဖြင့် လူကောင်းလို့ယူဆရတဲ့သူတွေဟာ သူတို့ကိုယ်ကျိုးထက် အများကိုပိုကြည့်ကြတယ်။ အများအတွက်လို့ယုံကြည်ယူဆရတဲ့အလုပ်အတွက် ဘာကိုမှဂရုမပြုဘဲ သွားလာလုပ်ကိုင် ဆောင်ရွက်တတ်တယ် အနှစ်နာခံကြတယ်၊ ဒါကြောင့် သူတို့တတွေဟာ အခြားသူတွေထက် လူချစ်လူခင်ပေါများပေမဲ့ ရောဂါဘယ နဲ့ ဘေးအန္တရာယ် ပိုများကြပြီး စောစော ဆုံးပါးကြရတာပါဘဲ… ဥပမာတွေ အများကြီးရှိပါတယ်.
လူယုတ်တွေ ဘာကြောင့် အစောကြီး မသေတာလဲ
များသောအားဖြင့် သူတို့တတွေက အများအတွက်လုပ်ဆောင်တဲ့အခါ အချောင်ခိုမယ် အန္တရာယ်ရှိတဲ့နေရာ မသွားဘူး၊ မလုပ်ဘူး၊ ကိုယ်ကျိုးမရှိရင်ဘာမှ မလုပ်ဘူး သူများခူးခပ်လုပ်ကိုင်ထားတဲ့ အသီးအပွင့်ကို ကောင်းတာမှ ရွှေးပြီး လာရောက်စားသောက် ယူငင်တဲ့ အတွက် သူတို့တတွေခပ်များများဟာ လူမုန်းများကြပေမဲ့ အသက်ရှည်နေတတ်ကြတယ်… သူတို့တတွေက သေရင်လည်း အသေဆိုးနဲ့သေရတတ်သလို၊ မသာလိုက်ပို့တဲ့သူမရှိလောက်အောင်လည်း အထီးကျန်ရုပ်ဆိုးတတ်ပါတယ်… ဥပမာတွေအများကြီးရှိပါတယ်.


ရဲနိုင်
No comments:
Post a Comment